Quantcast
Channel: Medical Writings for Over 18
Viewing all 323 articles
Browse latest View live

Progesterone and pregnancy (ပရိုဂျက်စတီရုန်း) နဲ့ ကိုယ်ဝန်

$
0
0
(၁) အမျိုးသမီးတချို့က 1 month ထိုးဆေးကို Menstruation ပုံမှန်လာလို့ဆိုပြီး ထိုးချင်ကြပါတယ်။ ထိုးရင်းနဲ့ ကိုယ်ဝန်ရသူများလည်း တွေ့ရပါတယ်။ ထိုးသင့် မသင့်ရှင်းပြပေးပါဆရာ။ Menstruation မလာရင်နေထိုင်မကောင်းလို့ 3-mnth ကိုလည်း မထိုးချင်ကြလို့ပါဆရာ။ ဒြီ့ပင်နည်းလည်းမသုံးချင်ရင်ပါဆရာ။
(၂) Dear doctor, I have pregnancy 20 weeks and last a few days some blood sports came a little bit. My doctor advised to take this medicine two weeks at night time. So I would like to know from you about this medicine. Doctor here never explained to me a lot and now I need to take progesterone. So this morning I saw your Facebook talking about this medicine. So I would like to know about this medicine.

မေးခွန်း (၁) မှာ တလထိုးဆေးလို့သာပါပြီး ဆေးနာမည်မပါပါ။ ဖြစ်နိုင်တဲ့ဆေးအကြောင်း ရေးပါမယ်။

Progesterone Injection (ပရိုဂျက်စတီရုန်း) ထိုးဆေး
(၁) (ပရိုဂျက်စတီရုန်း) ထိုးဆေးကို ရာသီမလာတဲ့၊ ရာသီမမှန်တဲ့အမျိုးသမီးတွေအတွက်သုံးတယ်။ ရာသီမမှန်ဖြစ်စေနိုင်တဲ့ သားအိမ်အတွင်းဆုံးအလွှာအောက်မှာရှိနေတဲ့ အကျိတ်ရောဂါနဲ့ သားအိမ်ကင်ဆာ အတွက်လဲ သုံးတယ်။

(၂) ရာသီမလာသူတွေကို 5-10 mg ကို ၆-၈ ရက်ဆက်ထိုးပေးတယ်။ မျိုးဥအိမ်ကဆေးကို တုန့်ပြန်မှုရှိသူတွေမှာ ဆေးထိုးပြီး ၂-၃ ရက်နေရင် သွေးဆင်းမယ်။ နောက်လတွေမှာ ပုံမှန်ပြန်ဖြစ်နိုင်တယ်။

(၃) ရာသီမမှန်သူတွေ (ရာသီကြားရက်ဆင်းသူတွေ) ကို 5-10 mg ကို ၆ ရက်ဆက် ထိုးပေးတယ်။ ၆ ရက်အတွင်း သွေးဆင်းမယ်။

(၄) ကိုယ်ဝန်ဆောင်
(ပရိုဂျင်စတီရုန်း) က အမျိုးသမီးဟော်မုန်းတမျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်ဟော်မုန်းလို့ခေါ်နိုင်တယ်။ (IVF) လို့ ကိုယ်ဝန် အောင်မြင်စေအောင် အထောက်အကူပေးနည်းတွေမှာလဲ သုံးတယ်။ တနေ့ ၁ ခါ တင်ပါးမှာထိုးတယ်။ အဆီနဲ့ လုပ်ထားတယ်။ အပ်ရှည်သုံးတာကောင်းတယ်။

(က) Before pregnancy ကိုယ်ဝန်မဆောင်မီသုံးခြင်း
လလယ်ရက်မှာ မျိုးဥထွက်ပြီးတာနဲ့ (ပရိုဂျင်စတီရုန်း) ထွက်လာရမယ်။ မျိုးဥအိမ်ကနေ သဘာဝအတိုင်း ထုတ်ပေးနေတဲ့ ဟော်မုန်း နည်းနေရင်။ ဒါမှမဟုတ် လုံးဝထုတ်မပေးရင်လဲ (ပရိုဂျင်စတီရုန်း) ကိုပေးရတယ်။ သူရှိမှသာ သားအိမ် အတွင်းဆုံးလွှာက ကောင်းမယ်။

(ခ) During pregnancy ကိုယ်ဝန်ဆောင်ချိန်သုံးခြင်း
(ပရိုဂျင်စတီရုန်း) ကနေ သန္ခေသားဖွံ့ထွားစေဘို့ကူညီတယ်။ သန္ခေသားက သားအိမ်အတွင်းလွှာမှာ လာကပ်ပြီးတာနဲ့ ဆက်ပြီးတည်မြဲနေစေဘို့ လိုအပ်တယ်။ ကိုယ်ဝန် ၈-၁ဝ ပါတ်နောက်မှာ အချင်းဖြစ်လာပြီး (ပရိုဂျင်စတီရုန်း) ထုတ်ပေးဘို့ တာဝန်ယူလာတယ်။

(ပရိုဂျင်စတီရုန်း) အမျိုးမျိုး
၁။ Vaginal gel ဗဂျိုင်းနားထည့်ရတဲ့ ဂျဲလ်ကို တနေ့ ၁ ခါထည့်ရတယ်။ မျိုးဥအလှူခံတဲ့နည်းကိုယ်ဝန်နဲ့ အေးခဲထားတဲ့ သန္ခေကိုပြောင်းပို့တာမျိုးအတွက် ကိုယ်ဝန် ၁၂ ပါတ်အထိ ထည့်စေတယ်။

၂။ Vaginal suppositories ဗဂျိုင်းနားထဲထည့်ဆေး
တနေ့မှာ ၂-၃ ခါထည့်နိုင်တယ်။

၃။ Vaginal inserts ဗဂျိုင်းနားထဲထည့်ဆေး
အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေကိုသုံးတာများတယ်။ တနေ့မှာ ၂-၃ ခါထည့်နိုင်တယ်။

၎။ Progesterone oral capsules သောက်ဆေး
တနေ့မှာ ၃ ခါထည့်နိုင်တယ်။ မွေးလမ်းထဲထည့်ဘို့ မညွှန်းပါ။

ဘေးထွက်-ဆိုးကျိုးများ
သွေးဆင်းတာ အမျိုးမျိုး (ကြားရက်ဆင်းတာ၊ အစက်ကလေးသာဆင်းတာ၊ အရင်ကနဲ့မတူတာ)၊ ကိုယ်အလေးချိန် ပြောင်း (ပိန်-ဝ) တာ၊ ကိုယ်ရောင်တာ၊ သားအိမ်ဝကအဖြူဆင်းတာ၊ အသားဝါ၊ ရင်သားတင်းနာတာ၊ ဆေးထိုးတဲ့နေရာ နာတာ-ယားတာ၊ ဝက်ခြံထွက်တာ၊ အမွှေးထူတာ၊ စိတ်ကျတာ၊ ကိုယ်ပူတာ၊ အိပ်မပျော်တာ၊ ပျို့တာတွေဖြစ်နိုင်တယ်။

ဘယ်လိုအမျိုးသမီးတွေကို ဒီဆေးမထိုးသင့်သလဲ
သွေးပြန်ကြောရောင်သူ၊ အသဲမကောင်းသူ၊ ရင်သားနဲ့ မျိုးပွါးလမ်း ကင်ဆာရှိသူ၊ မွေးလမ်းကြောင်းကနေ အကြောင်းမှန် မသိရဘဲ သွေးဆင်းနေသူ၊ Missed abortion ကိုယ်ဝန်ပျက်သူ။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၄
၁၂-၃-၂ဝ၁၄

Endometrial hyperplasia သားအိမ်ထူခြင်း

$
0
0
သမီးကို OG က အမ်ထွာဆောင်း ရိုက်ဖို့တယ် အဖြေမှာ Endometrial wall thickness = 7.6mm ဖြစ်လို့ သားအိမ်ထူတယ်တဲ့။ သားအိမ်ခြစ်မှကလေးရနိင်မယ်တဲ့။ မခြစ်ဘဲနဲ့ဆေးတွေဘာတွေသောက်လို့ရလားဆိုတော့မရဘူးတဲ့။ သားအိမ်ခြစ်ခြင်းရဲကောင်းကျိုးဆိုးကျိုးကိုလည်းရှင်းပြပါပေးပါဆရာ။ ခြစ်သင့် မခြစ်သင့် အကြံပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။

Endometrial hyperplasia သားအိမ်အတွင်းဆုံးလွှာထူနေခြင်းဟာ ပုံမှန်မဟုတ်ပါ။ သူ့မှာရှိတဲ့ (ဂလင်း) ခေါ်အိတ်တွေက ရှိသင့်တာထက် များနေမယ်။ အရွယ်ရောက်စမိန်းကလေးတွေမှာနဲ့ သွေးဆုံးကာနီး အမျိုးသမီးကြီးတွေမှာ ဖြစ်ကြတယ်။ များသောအားဖြင့် အန္တရာယ်မဖြစ်စေပါ။ အနုကြည့်မှန်ဘီလူးနဲ့စစ်ဆေးရင် ပုံမှန်မဟုတ်တဲ့ဆဲလ်တွေရဲ့ နူကလီယပ်စ်တွေက မူမှန်မဟုတ်တာတွေ့နိုင်တယ်။ atypical adenomatous hyperplasia ဖြစ်နေရင်တော့ ကင်ဆာမဖြစ်ခင်အဆင့်လို့သတ်မှတ်တယ်။ endometrial cancer သားအိမ်ကင်ဆာကိုပြောင်းလာတတ်တယ်။ ဒါပေမဲ့ ဟော်မုန်းဆေးနဲ့ ခွဲစိတ်ကုသမှုတွေကနေ ကင်ဆာကိုတားနိုင်တာများတယ်။

ဘာလို့ဖြစ်ပါသလဲ
• estrogen (အီစထိုဂျင်) ဟော်မုန်းများနေခြင်း၊ အသက်မကြီးသေးသူတွေမှာဖြစ်တယ်။
• estrogen replacement therapy သွေးဆုံးသူတွေကို ကုသပေးတဲ့ (အီစထိုဂျင်) ဟော်မုန်းကို progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းနဲ့ ထိန်ညှိတာလိုခြင်း၊
• Young women ရာသီပေါ်စမိန်းကလေး၊ irregular menstrual cycles ရာသီမမှန်တဲ့အမျိုးသမီး။

ဘာတွေခံစားရမလဲ
• Vaginal bleeding ကြားရက်သွေးဆင်းခြင်း၊ သွေးဆုံးပြီးနောက်သွေးပြန်ဆင်းခြင်း၊
• Heavy menstrual bleeding ရာသီဆင်းသွေးများခြင်း၊
• Periods that last longer than usual ရာသီဆင်းနေတဲ့ရက်ရှည်ခြင်း၊
• Pain during sexual intercourse အတူနေရင် မနာစင့်ဘဲနာခြင်း၊
• Amenorrhea (ကိုယ်ဝန်မရှိဘဲ) ရာသီမလာခြင်း၊
• Anovulatory periods ရာသီလာပေမဲ့ မျိုးဥမထွက်ခြင်း။

ဘယ်လိုကာကွယ်မလဲ
• ဖြစ်ချင်တာကိုတော့ ကာကွယလို့မရပါ။ ဒါပေမဲ့ ထူးခြားမှုလို့သံသယရှိအမျိုးသမီးတိုင်း စစ်ဆေးမှုခံယူသင့်တယ်။
• သွေးဆုံးသူကို လိုအပ်လို့ ဟော်မုန်းအစားထိုးပေးရင် progestational agent ကိုပါရောပေးသင့်တယ်။
• Overweight ကိုယ်အလေးချိန်များနေသူတွေက လျှော့ချသင့်တယ်။
• Daily exercise ကိုယ်လက်လေ့ကျင့်ခန်းလုပ်သင့်တယ်။
• healthy diet ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ကိုသာ စားသောက်ပါ။

ဘယ်လိုလုပ်ရင် ရောဂါရှိတာသိမလဲ
• Pap smear သားအိမ်အဝကို ကင်ဆာအတွက်စစ်ဆေးတာလုပ်သင့်တယ်။ (စာတပုဒ်ရေးထားပါတယ်။)
• biopsy of endometrial tissue သားအိမ်အတွင်းဆုံးလွှာကို ဖြစ်ယူစစ်ဆေးခြင်း၊
• dilatation and curettage (D&C) သားအိမ်အဝကို ချဲ့ပြီး ခြစ်ခြင်း၊
• ultrasound အာလ်ထွာဆောင်းရိုက်သင့်တယ်၊
• Hysteroscopy ကိရိယာနဲ့စစ်ဆေးခြင်း၊

ဘယ်လိုကုသမလဲ
• D&C သားအိမ်အဝကို ချဲ့ပြီး ခြစ်ခြင်း၊
• သွေးဆုံးအမျိုးသမီးတွေကို ဟော်မုန်းပေးတာမှာ progestational agent ရောပေးပါ။
• သွေးမဆုံးသေတဲ့အမျိုးသမီးကို oral contraceptives ကိုယ်ဝန်တားဆေးဖြစ်ဖြစ် Depo-Provera (progestational agent) ကိုယ်ဝန်တားထိုးဆေး ထိုးပေးခြင်း၊ ဘယ်နှစ်ကြိမ်ထိုးမလဲဆိုတာ တဦးချင်းကို ကြည့်ရတယ်။
• Hysterectomy သားအိမ်ထုတ်ခြင်း၊

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၄

Chocolate cyst ချောကလက် ဆစ်

$
0
0
ဆရာဦးတင့်ဆွေရှင့် သမီအိမ်ထောင်ကျတာ တစ်နှစ်နှင့်လေးလရှိပါပြီ။ သမီးက ၃၇ နှစ်၊ အမျိုးသားက ၃၅ နှစ်ပါ။ သားသမီး မရသေးပါ။့ မှာနေပါတယ်။ မြန်မာပြည်ပြန်စဉ်က အူအတက်ရောင်လို့ ခွဲစိတ်ရပါတယ်။ အဲဒီမှာ သားဥပြွန်ညာဘက်ဘေးမှာ ချောကလက်ရောင်သွေးတွေတွေ့ရတဲ့အတွက် ဆရာဝန်က သွေးတွေကို စုပ်ထုတ်ပေးပြီး မီးရှို့ပေးခဲ့ပါတယ်။ ယခင်ကလဲ ရာသီလာရင် ကိုက်ခဲတာ ၂ နှစ်လောက်ရှိပါတယ်။ OG နဲ့ပြတော့ သုံးလခံတားဆေး ၆ လဆက်ထိုးရမယ်ဆိုလို့ တစ်ကြိမ်ထိုးပါတယ်။ ကလေးယူဘို့ကြိုးစားနေတာပါ။ ဒီဇင်္ဘာလထဲမှာ သွေးနဲနဲဆင်းလို့ ရန်ကုန်က OG ကိုပြတော့ တားဆေး ဆက်မထိုးဘို့ပြောပါတယ်။ ဒီကိုပြန်ရောက်ပြီး သွေနည်းနည်းလာနေတာ တစ်လကျော်ကြာနေပြီ။ ရိုးရိုးဆရာဝန်က Meliane ဆေးပေးပါတယ်။ ၂၁ ရက်သောက်ရတယ်။ ဆေးကုန်လို့ ရာသီပြန်လာတော့ အရမ်းကိုက်ခဲ့ပါတယ်။ သမီးကို အကြံပေးပါရှင့်။

Chocolate cyst of ovary ချောကလက်ဆစ် မျိုးဥအိမ်ရောဂါကို Endometrioid cyst နဲ့ Endometriosis of ovary လို့လဲ ခေါ်တယ်။ ဒီရောဂါဟာ Endometriosis သားအိမ်ရောဂါတမျိုးကနေဖြစ်တယ်။ (စာ ၂ ပုဒ်ရေးထားပါတယ်။)

Endometrial tissue ခေါ်တဲ့ သားအိမ်အတွင်းဆုံးလွှာ (တစ်ရှူး) တွေက ပုံမှန် မဟုတ်တဲ့နေရာတွေမှာ ရောက်နေတာကို ခေါ်တယ်။ သားအိမ်အတွင်းဆုံးလွှာဆိုတာ ရာသီစက်ဝိုင်းအတွင်းမှာ အမြဲမပြတ်ပြောင်းလဲနေတာမျိုးဖြစ်တယ်။ ပါးရာကနေ ထူတယ်၊ ကြီးရင့်မယ်၊ ပျက်စီးပြီး သွေး (ရာသီ) ဆင်းတယ်။ အဲဒီ (တစ်ရှူး) တွေက မျိုးဥအိမ်မှာရောက်နေလို့ ဒီဖြစ်စဉ်ကလဲ အဲဒီနေရာမှာ ဖြစ်နေတော့မယ်။ ခက်တာက သားအိမ်လို ထွက်တဲ့သွေးက ဆင်းထွက်စရာ မွေးလမ်း (ဗဂျိုင်းနား) မရှိဘူး။ ဒါကြောင့် သွေးတွေက အောင်းနေ၊ စုဝေးနေပြီး အိတ်ဖြစ်လာတော့တယ်။ အရောင်ကသွေးဖြစ်လို့ ရက်ကြာလေ အရောင်ပြောင်းလေ။ နီညိုညိုအရောင်ကို ချောကလက်လို့ခေါ်ကြတာမို့ မျိုးဥအိမ်မှာ ချောကလက်အိတ်လို့ ခေါ်တယ်။ သွေးဟောင်းတွေက ပေါက်ထွက်လာနိုင်ပြန်တယ်။ ဘေးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်ကြတဲ့ သားအိမ်၊ ဆီးအိမ်နဲ့ အစာလမ်းတွေပေါ်ရောက်နိုင်တယ်။

Treatment ဘယ်လိုကုသမလဲ
(၁) Medication ဆေးပေးနည်း
• NSAID အနာ-အကိုက်သက်သာဆေးတွေသောက်ရမယ်။ (စာတပုဒ်သပ်သပ်ရေးထားပါတယ်။)
• Hormonal contraception ဟော်မုန်းပါ ကိုယ်ဝန်တားဆေးပေးမယ်။ မျိုဥမထွက်တဲ့ ရာသီစက်ဝန်း ဖြစ်နေအောင် လုပ်ပေးမယ်။ ဒါကြောင့် ကလေးမရစေနိုင်ပါ။
• Progestational agents (Medroxyprogesterone), Danazol, Gestrinone, or Gonadotropin-releasing hormone agonists (GnRH) ဆေးတွေကိုသုံးတာ များတယ်။
• GnRH ဆေးကို estrogen နဲ့ progestogen ရောပေးတာလဲ လုပ်နိုင်တယ်။
• ဒီဆေးပေးနည်းတွေက အားလုံးကို ပျောက်စေတာတော့ မဟုတ်ပါ။ (ဆောရီး) ဘေးထွက်-ဆိုးကျိုးတွေလဲ ရှိပါမယ်။ ဥပမာ မျက်နှာနီမြန်းတာ၊ အရိုးထုထည်နည်းတာ၊ အသံနက်နဲတာ၊ ကိုယ်အလေးချိန်တိုးတာ၊ မျက်နှာမွှေးများတာ။

(၂) Surgery ခွဲစိတ်ကုသနည်း
• Laparoscopic surgical approaches ခွဲစိတ်ကိရိယာသုံးပြီး Ovarian adhesions မျိုးအိမ်မှာ တွယ်ကပ်နေတာတွေကို ရှင်းမယ်။ တချို့မှာ Surgical removal and excision ခွဲစိတ်ထုတ်ပစ်ဘို့လိုမယ်။
• Laser surgery လေတာနည်းနဲ့ Cauterization လျှပ်စစ်နည်းလဲသုံးပါတယ်။ ဒါပေမဲ့ သိပ်မထိရောက်တာ တွေ့ရတယ်။
• Endometrioma drainage နည်းနဲ့ Sclerotherapy နည်းတွေလဲရှိပေမဲ့ သိပ်မကောင်းလှပါ။
• Conservative surgery ကလေးရနိုင်အောင် ထိန်းပြီးခွဲစိတ်နည်းကိုလဲ လုပ်ဘို့လိုတတ်တယ်။ သတိထားဘို့ရှိပြန်တာက
• FSH values ဟော်မုန်းတက်လာနိုင်ပြီး၊ မျိုးဥအိမ်အလုပ်ကိုနည်းစေနိုင်တယ်။
• Operative laparoscopic surgery ကိရိယာသုံးခွဲစိတ်နည်းကနေ မျိုးပွါးနိုင်ချေကောင်းစေနိုင်ပြီး၊ နာတာကိုလဲ သက်သာစေနိုင်တယ်။
• Radical surgical options မရတဲ့အဆုံး အားလုံးထုတ်ပေးရတဲ့ခွဲစိတ်နည်းမှာ Singular or bilateral oophorectomy မျိုးဥအိမ်ကို တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ထုတ်ရတယ်။

1. Endometriosis (1) သားအိမ်ရောဂါ (၁) http://dts-medicaleducation.blogspot.com/2010/09/endometriosis.html
2. Endometriosis (2) သားအိမ်ရောဂါ (၂) http://dts-medicaleducation-adult.blogspot.in/2012/08/endometriosis-2.html

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၄

FSH ဖေါ်လီကူလာ ဟော်မုန်း

$
0
0
ကျွန်မ အသက် ၃၈ နှစ်ရှိပါပြီ။ ၂၉ နှစ်မှာအိမ်ထောင်ကျပါတယ်။ ကိုယ်ဝန်တားဆေးလုံးဝ မသုံးစွဲခဲ့ဘူးပါရှင့်။ ၂ဝဝ၈ မှာ့ မှာကျောင်းလာတက်ပါတယ်။ ယောက်ျားကတော့ အလုပ်လုပ်ပေါ့။ ၂ဝဝ၈ နောက်ပိုင်းကစပြီး ရာသီက မမှန်တော့ပါဘူး။ ရာသီလာပြီး ခင်ပွန်းနဲ အတူပြန်နေရင် သွေးပြန်နဲနဲဆင်းခြင်ပါတယ်။ ပြီးရင်ရာသီက ၃ လလောက် ပျောက်ပါတယ်။ ဒါနဲ့ ရန်ကုန်ပြန်ပြီး specialist နဲ့ ပြတော့မွေးလမ်းကြောင်းမှာ အဖုလေးလို ရှိလို့ သွေးဆင်းတယ် ပြောပြီးတော့ D+ C လုပ်ပေးပါတယ်။ ဒါပြီး ၆ လလောက် ရာသီမှန်ပါတယ်။ ဆရာရေ ပျောက် ၆ လ လာ ၂ လပေါ့ဆရာ။ ဟော်မုန်းစစ်ကြည့် တော့ FSH ကမြင့်နေပါတယ်။ ဆရာဝန်က ဘာမှမပြောတော့ ကြောက်ရကောင်းမှန်း မသိခဲ့ပါဘူး။ 72 ကီလိုလောက် ရှိတော့ ဝိတ်လျော့ရမယ်ဆိုပြီး ဒီလိုနဲ့ပဲပြီးပြီးပြောက်ပြောက် နေပြန်ပါရော။ ရာသီက ဆေးမသောက်ရင် မလာသလောက်ပါပဲ။ ၂ဝ၁၁ (၁၁)ပိုင်း မြန်မာပြည်မှာ ဟော်မုန်းစစ်ပြန်ရော FSH ကတော့ အရင်လောက်ပဲ မြင့်နေပါတယ်။ ၂ဝ၁၂ ဇွန်လမှာတော့ ကို သွားပြတော့ ဆရာဝန်က သွေးဆုံးတာဖြစ်နိုင်တယ် ဆိုတာနဲ့ တော်တော်လန့်ပြီး စိတ်မကောင်းဖြစ်နေပါတယ်။ အဲဒီတုန်းက ကျွန်မအသက်က (၃၅) ပါ။ မျိုးရိုးလည်းမရှိပါပဲ သွေးဆုံးသွားပါတယ်။ အချိန်ရှိတုန်း မျိုးဥအလှူရှင်နဲ့ ကလေးတစ်ယောက်လောက် ကြိုးစားကြည့် ရမလား ဆုံးဖြတ်ထားပါတယ်။ သားအိမ် အခြေအနေ ကောင်းတယ်လို့ ပြောပါတယ်။ ကျွန်မမေးခြင်တာက ကျွန်မအနေအထားနဲ့ ကြိုးစားခွင့် ရှိနိုင်အုံးမလား ဆိုတာပါ။ ငွေအလွန်သုံးရမဲ့ အခြေအနေဆိုတော့ ဖြစ်နိုင်ခြေကို သိချင်လို့ပါဆရာ။ ကျွန်မတို့လို ပြည်ပနေ အလုပ်သမားများ အတွက်တော့ ဆရာ့ရဲ့ ဆေးစာများက အဖိုးမဖြတ်နိုင်ပါရှင့်။ ဆရာကျန်းမာပြီး မိသားစုနဲ့ ဆက်လက် ပျော်ရွှင်အောင်မြင်စေရန် ဆုတောင်းလျှက်။

Follicle-stimulating hormone (FSH) ဆိုတာ အမျိုးသမီးတွေ မျိုးဥအိမ်ထဲက (ဖေါ်လီကယ်) ကို နှိုးဆွပေးတဲ့ ဟော်မုန်း ဖြစ်တယ်။ သူထွက်အောင် ဦးနှောက်ထဲမှာရှိတဲ့ (ပစ်ကျူထရီ) အိတ်ကနေထုတ်တဲ့ (ဂိုနာဒိုထရော်ဖင်) ကလုပ်ပေးတယ်။ FSH ကနေ ဖွံ့ထွားမှု၊ ကြီးထွားမှုနဲ့ အပျိုဖြစ်စရာသီလာစေအောင်လုပ်ပေးတယ်။ FSH နဲ့ luteinizing hormone (LH) ဟော်မုန်း ၂ မျိုးဟာ မျိုးပွါးခြင်းအလုပ်မှာ အလွန်အရေးပါကြတယ်။

မိန်းမတွေမှာသာမက ယောက်ျားတွေမှာလဲ germ cells ခေါ်တဲ့ မျိုးပွါးဆဲလ်တွေကို ကြီးထွားစေဘို့လုပ်ပါတယ်။

မိန်းမတွေမှာ မျိုးဥအိမ်ထဲက ဖေါ်လီကယ်ကို ကြီးထွားမှုကို အစပျိုးပေးတယ်။ ရာသီဖြစ်စဉ်ထဲက (ဖေါ်လီကယ်) အဆင့်မှာ သူက နည်းသွားပြီး၊ (လူတီရယ်) အဆင့်အဆုံးမှာ နဲနဲတက်လာတယ်။ နောက်တကြိမ် မျိုးဥထွက်ဘို့ စတင်တော့မယ်။ သွေးဆုံးကာနီးလာရင် FSH level များလာပြီ။ သူ့ကြောင့် မျိုးဥအိမ်ထဲက (ဖေါ်လီကယ်) တွေ ရင့်လာပြီး ၈-၁ဝ မီလီမီတာ ရှိလာချိန်မှာ Estradiol (အီစထွာဒီရော) မ ဟော်မုန်းကို ထုတ်ပေးတယ်။ ဖေါ်လီကယ်တွေထဲက တခုထဲသာ ၁၈-၃ဝ မီလီမီတာအထိကြီးတယ်။ သူကနေ မျိုးဥထုတ်ပေးမယ်။

ယောက်ျားတွေမှာ ပဌမအဆင့် spermatocytes သုက်ပိုးတွေကို ဒုတိယအဆင့်ဖြစ်လာအောင်လုပ်ပေးတယ်။ Sertoli cells (ဆာတိုရီ ဆဲလ်) တွေကနေ Androgen-binding proteins (အင်ဒရိုဂျင်) ပေါင်းစပ်ပေးတဲ့ (ပရိုတင်း) ကို ထုတ်စေတယ်။

High FSH levels အနည်း-အများ
နည်းနေတာဟာ ငယ်သေးလို့၊ များနေတာဟာ အသက်ရလာလို့ဖြစ်တယ်။ မိန်းမဆိုရင် သွေးဆုံးချင်လို့ဖြစ်မယ်။ ယောက်ျားတွေမှာ များနေရင် အသက်ကြီးလို့၊ ကျားအစေ့မကောင်းလို့ (ထိခိုက်မိ၊ ဆေးပေး၊ အရက်စွဲ)၊ Klinefelter syndrome (ကလိုင်ဖယ်လ်တာ ဆင်ဒရုမ်း)၊ ဟော်မုန်းဆေးကုသမှုခံနေလို့၊ ဦးနှောက်အကျိတ်ရှိလို့ဖြစ်နိုင်တယ်။ ယောက်ျားလေးငယ်နဲ့ မိန်းကလေးငယ်တွေမျာ များလာရင် အရွယ်ရောက်တော့မှာမို့ဖြစ်မယ်။

Premature menopause သွေးဆုံးချိန်မရောက်ခင်မှာ နည်းနေရင်
Premature Ovarian Failure မျိုးဥအိမ်စောပြီး အလုပ်မလုပ်ခြင်း၊
Premature Ovarian Aging မျိုးဥအိမ် စောပြီး ကြီးရင့်ခြင်း၊
Gonadal dysgenesis, Turner syndrome (တားနား ဆင်ဒရုမ်း)၊
Castration မျိုးဥအိမ်တွေထုတ်ထားခြင်း၊
Swyer syndrome (ဆွေယား ဆင်ဒရုမ်း)၊
Klinefelter syndrome (ကလိုင်ဖယ်လ်တာ ဆင်ဒရုမ်း)၊

Low FSH levels နည်းနေရင် Hypogonadism ဦးနှောက်ထဲက နည်းနေတဲ့ရောဂါတခုဖြစ်နိုင်တယ်။ subfertility and/or infertility မျိုးပွါးဘို့မဖြစ်နိုင်တာနဲ့ အားနည်းတာဖြစ်နေကြမယ်။ ယောက်ျားတွေဆိုရင် သုက်ပိုးတွေ အရေအတွက် နည်းနေမယ်။ ယောက်ျားတွေမှာ နည်းနေရင် ဦးနှောက်ထဲက ဂပစ်ကျူထရီ) နဲ့ (ဟိုက်ပိုသဲလ်မတ်တ်) နေရာတွေမှာ ရောဂါရှိနေလို့။

မိန်းမတွေဆိုရင်
လူကပိန်လို့၊ ကိုယ်အလေးချိန်ကျသွားလို့၊ မျိုးဥမထွက်လို့၊ ကိုယ်ဝန်ဆောင်နေလို့ ဖြစ်မယ်။
Polycystic Ovarian Syndrome မျိုးဥအိမ်အကျိတ်လေးတွေအများကြီးရှိနေခြင်း၊
Kallmann syndrome (ကယ်လ်မန်း ဆင်ဒရုမ်း)၊
Hypothalamic suppression (ဟိုက်ပိုသဲလမစ်) အားနည်းခြင်း၊
Hypopituitarism (ပစ်ကျူထရီ) အားနည်းခြင်း၊
Hyperprolactinemia (ပရိုလက်တင်) များနေခြင်း၊
Gonadotropin deficiency (ဂိုနာဒိုထရောဖင်) နည်းခြင်း၊
Gonadal suppression therapy ဆေးတွေပေးခြင်း။

Use as therapy ဆေးကုရာမှာသုံးခြင်း
Infertility therapy ကလေးမရနိုင်သေးသူတွေကိုပေးနိုင်တယ်။ အထူးသဖြင့် IVF နည်းနဲ့ကလေးရအောင်လုပ်တဲ့အခါ သုံးတယ်။

FSH blood test သွေးစစ်ရင် -
(၁) Male ယောက်ျား
လူပျိုမတိုင်ခင် 0 - 5.0 mIU/ml
လူပျိုပေါက် 0.3 - 10.0 mIU/ml
အရွယ်ရောက် 1.5 - 12.4 mIU/ml
(၂) Female မိန်းမ
အပျိုမဖြစ်ခင် 0 - 4.0 mIU/ml
အပျိုပေါက် 0.3 - 10.0 mIU/ml
အရွယ်ရောက်ပြီး သွေးမဆုံးခင် 4.7 - 21.5 mIU/ml
သွေးဆုံးပြီး 25.8 - 134.8 mIU/ml

ဒေါက်တာတင့်ဆွေ
၁၆-၃-၂ဝ၁၄

Pregnancy writings links ကိုယ်ဝန်ဆောင်စာများ

$
0
0
• Pregnancy - (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း http://dts-medicaleducation-adult.blogspot.in/2012/03/hcg.html
• Pregnancy - Child birth ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ http://dts-medicaleducation-adult.blogspot.in/2012/05/child-birth.html
• Pregnancy - Chromosome Analysis and Amniocentesis (ခရိုမိုဇုမ်း) ခွဲခြမ်းစိတ်ဖြာခြင်း နဲ့ ရေမြွှာရည်စစ်ဆေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/08/pregnancy-chromosome-analysis-and.html
• Pregnancy - Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း http://dts-medicaleducation-adult.blogspot.in/2012/03/facts-to-get-pregnant.html
• Pregnancy - How long were you in labor? ကလေးမွေးတုံးက အချိန်ဘယ်လောက် ကြာခဲ့ပါသလဲ http://dts-medicaleducation-adult.blogspot.in/2012/04/how-long-were-you-in-labor.html
• Pregnancy - How she gets pregnant ကိုယ်ဝန်ရနိုင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/become-pregnant.html
• Pregnancy - Longer labors ကလေးမီးဖွါးရတာ အချိန်ပိုကြာလာ http://dts-medicaleducation-adult.blogspot.in/2012/04/longer-labors.html
• Pregnancy - Looking and Feeling Your Best ကိုယ်ဝန်ဆောင်မှာ ကျန်းမာပြီး ကျက်သရေပါရှိစေဘို့ အကြံကောင်း (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/looking-and-feeling-your-best-in.html
• Pregnancy - LSCS ဗိုက်ခွဲမွေးရခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/lscs.html
• Pregnancy - Normal Labor ကလေး မီးဖွါးခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/labor-pain-cervix-cx-contraction-false.html
• Pregnancy - Placenta Previa အချင်း ရှေ့ရောက်ဖြစ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/placenta-previa.html
• Pregnancy - When does it start? ကိုယ်ဝန်ရှိတယ်ဆိုတာ http://dts-medicaleducation-adult.blogspot.in/2012/03/when-does-pregnancy-start.html
• Pregnancy Advice (အွန်လိုင်း) သားဖွါး အကြံပေးခြင်း http://dts-medicaleducation-adult.blogspot.in/2013/08/blog-post_14.html
• Pregnancy after surgery ဗိုက်ခွဲပြီးနောက် ကိုယ်ဝန်ဆောင်ရခြင်း http://dts-medicaleducation-adult.blogspot.in/2014/03/pregnancy-after-surgery.html
• Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-after-tubal-ligation.html
• Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး http://dts-medicaleducation-adult.blogspot.in/2014/01/pregnancy-and-air-travel.html
• Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-bleeding-during-early.html
• Pregnancy and Ejaculation ကိုယ်ဝန် နဲ့ သုက်လွှတ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-and-ejaculation.htm
• Pregnancy and Essential Diet ကိုယ်ဝန်ဆောင်ချိန် အထူးလိုအပ်သည့် အာဟာရများ http://dts-medicaleducation-adult.blogspot.in/2012/10/pregnancy-and-essential-diet.html
• Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-exercise.htm
• Pregnancy and Expected due date (EDD) ကလေး ဘယ်တော့မွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-expected-due-date-edd.html
• Pregnancy and Fetal development သန္ဓေသားကြီးထွားခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/conception.html
• Pregnancy and First Para သားဦးမွေးမယ် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-first-para.html
• Pregnancy and Good diet အစားအစာနဲ့ ကိုယ်ဝန်ရခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-good-diet.html
• Pregnancy and Hepatitis B ကိုယ်ဝန် နှင့် ဘီပိုး http://dts-medicaleducation-adult.blogspot.in/2013/01/pregnancy-and-hepatitis-b.html
• Pregnancy and Hepatitis C အသဲရောင် (စီ) နဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-hepatitis-c.htm
• Pregnancy and HIV ကိုယ်ဝန်နှင့် HIV http://dts-medicaleducation-adult.blogspot.in/2012/10/hiv-and-pregnancy-hiv.html
• Pregnancy and Home birth အိမ်မှာတင် မွေးချင်သလား http://dts-medicaleducation-adult.blogspot.in/2013/04/home-birth_29.html
• Pregnancy and HPV Vaccination သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-hpv-vaccination.html
• Pregnancy and Intrauterine Death (IUD) ကလေးအထဲမှာ သေဆုံးသွားခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-intrauterine-death-iud.html
• Pregnancy and Linea negra ကိုယ်ဝန်ရှိ-မရှိ ဗိုက်ကိုကြည့် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-linea-negra.html
• Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ http://dts-medicaleducation-adult.blogspot.in/2013/10/pregnancy-and-morning-sickness_9.html
• Pregnancy and Oscar Test & Triple Test ကိုယ်ဝန်ဆောင်စဉ် စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-oscar-test-triple-test.html
• Pregnancy and Pain relief during labor ကလေးမွေးရင် မနာချင် http://dts-medicaleducation-adult.blogspot.in/2012/04/pain-relief-during-labor.html
• Pregnancy and Painless childbirth ဗိုက်မနာဘဲ ကလေးမွေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-painless-childbirth.html
• Pregnancy and Placenta praevia အချင်းနေရာ အရေးကြီးပါတယ် http://dts-medicaleducation-adult.blogspot.in/2013/10/pregnancy-and-placenta-praevia.html
• Pregnancy and Prednisolone ကိုယ်ဝန်နှင့် (ပရက်နဆိုလုံး) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-prednisolone.html
• Pregnancy and Preeclampsia (PET) ကိုယ်ဝန် သွေးဆိပ်တက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-preeclampsia-pet.html
• Pregnancy and Rheumatism ကိုယ်ဝန်ဆောင်နှင့် လေးဘက်နာ http://dts-medicaleducation-adult.blogspot.in/2012/05/wed-mar-28-2012-at-1009-am-ra-alaxan.html
• Pregnancy and RPOC အတွင်းမှာ အချင်းကျန်နေခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-rpoc.html
• Pregnancy and Rubella ကိုယ်ဝန် နှင့် ဂျာမန်-ဝက်သက် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-rubella.html
• Pregnancy and Sex (1) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၁) http://dts-medicaleducation-adult.blogspot.in/2012/04/pregnancy-and-sex.html
• Pregnancy and Sex (2) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၂) http://dts-medicaleducation-adult.blogspot.in/2012/03/sex-during-pregnancy.html
• Pregnancy and Sex (3) ကလေးဖွါးပြီး အတူနေခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sex-after-delivery.html
• Pregnancy and Sex (4) ကိုယ်ဝန်ဆောင်စဉ် သုံးနိုင်တဲ့ အနေအထားများ http://dts-medicaleducation-adult.blogspot.in/2012/04/positions-during-pregnancy.html
• Pregnancy and Sleeping pills ကိုယ်ဝန် နဲ့ အိပ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-sleeping-pills.html
• Pregnancy and Ultrasound (1) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-ultrasound-1.html
• Pregnancy and Ultrasound (2) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-ultrasound-2.html
• Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-vomiting.html
• Pregnancy and weight gain ကိုယ်ဝန်နဲ့ ကိုယ်အလေးချိန် http://dts-medicaleducation-adult.blogspot.in/2014/02/pregnancy-and-weight-gain_9.html
• Pregnancy and weight ကိုယ်ဝန်နဲ့ ကိုယ်အလေးချိန်တိုးခြင်း http://dts-medicaleducation-adult.blogspot.in/2013/07/pregnancy-and-weight.html
• Pregnancy and X-ray ကိုယ်ဝန်ဆောင်နဲ့ ဓါတ်မှန် http://dts-medicaleducation-adult.blogspot.in/2014/02/pregnancy-and-x-ray.html
• Pregnancy at Teenage အသက်ငယ်ငယ် ကိုယ်ဝန်လွယ်အသက်ငယ်ငယ် ကိုယ်ဝန်လွယ် http://dts-medicaleducation-adult.blogspot.in/2012/03/teenage-pregnancy.html
• Pregnancy expectation ကိုယ်ဝန်ရချင်လို http://dts-medicaleducation-adult.blogspot.in/2014/02/pregnancy-expectation.html
• Pregnancy H mole စပျစ်သီး-ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2013/08/pregnancy-h-mole.html
• Pregnancy Home birth အိမ်မှာတင် မွေးချင်သလား http://dts-medicaleducation-adult.blogspot.in/2013/04/home-birth_29.html
• Pregnancy how early can be detected ကိုယ်ဝန်ကို ဘယ်လောက်စောစော သိနိုင်သလဲ http://dts-medicaleducation-adult.blogspot.in/2013/08/pregnancy-how-early-can-be-detected.html
• Pregnancy Hydramnios ရေမြွှာရည်များခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/hydramnios.html
• Pregnancy Oligohydramnios ရေမြွှာရည်နည်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/oligohydramnios.html
• Pregnancy outside the Uterus ထူးဆန်းသည့် ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/05/ectopic-pregnancy.html
• Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-pains.html
• Pregnancy Prenatal Tests ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/03/prenatal-tests.html
• Pregnancy prevention by Tubal ligation အမျိုးသမီး သား-သမီး မရတော့အောင် လုပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/tubal-ligation.html
• Pregnancy Question ကိုယ်ဝန်အတွက် မေးခွန်း http://dts-medicaleducation-adult.blogspot.in/2012/09/pregnancy-question.html
• Pregnancy questions ကိုယ်ဝန်ဆောင် အမေး-အဖြေ http://dts-medicaleducation-adult.blogspot.in/2013/08/pregnancy-questions.html
• Pregnancy right after your period ရက်ရှောင်နည်းမှာ သတိထားစရာ http://dts-medicaleducation-adult.blogspot.in/2012/09/pregnancy-right-after-your-period.html
• Pregnancy Signs (20) ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-signs.html
• Pregnancy Stages ကိုယ်ဝန်ဆောင် အဆင့်များ http://dts-medicaleducation-adult.blogspot.in/2012/03/stages-of-pregnancy.html
• Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html
• Pregnancy Third trimester ကိုယ်ဝန်ဆောင် နောက်ဆုံး (၃) လ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-third-trimester.html
• Pregnancy Twins (1) အမွှာကလေး လိုချင်ပါတယ် http://dts-medicaleducation-adult.blogspot.in/2012/05/twins.html
• Pregnancy Twins (2) အမွှာကိုယ်ဝန် ဘာဆင်ခြင်ရမလဲ http://dts-medicaleducation-adult.blogspot.in/2012/08/twin-pregnancy.html
• Pregnancy Urine Test ကိုယ်ဝန်စစ်ခြင်း http://dts-medicaleducation-adult.blogspot.in/2013/08/pregnancy-urine-test.html
• Pregnancy, LSCS and Anesthesia ဗိုက်ခွဲမွေးတာ ဘယ်မေ့ဆေး သုံးမှာလဲ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-cs-and-anesthesia.html
• Pregnancy, LSCS and Normal labor ဗိုက်ခွဲမွေးတာ နဲ့ ရိုးရိုးမွေးတာ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-lscs-and-normal-labor.html
• Premature labor ကလေးစောမွေးခြင်း http://dts-medicaleducation-adult.blogspot.in/2013/11/premature-labor.html
• Prenatal Tests ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-2.html

Azoospermia သုက်ပိုးမရှိခြင်း

$
0
0
ကျွန်တော့့် မြို့မှာနေပါတယ်။ ယခု အသက် ၄ဝ ရှိပါပြီ။ အမျိုးသမီးက အသက် ၃၇ နှစ်ပါ။ ကျွန်တော်ငယ်စဉ်က အဆုတ်တီဘီဖြစ်လို့ ဆေးတစ်နှစ်လောက်သောက်လိုက်ရပါတယ်။ အိမ်ထောင်ကျတော့ ကလေးမရပါ။ ဆရာ ရေးထာတာတွေ ရှာဖတ်ကြည့်တော့ ယောက်ျားတွေမှာ TB epididymo-orchitis ကျား-အစိမှာ တီဘီ ဖြစ်ရင် သူ့သုက်ရည်ထဲမှာ Azoospermic သုက်ပိုး မပါလို့ ကလေးမရတာ ဖြစ်နိုင်တယ်လို့ ရေးထားတွေ့ရပါတယ်။ ကျွန်တော် မေးချင်တာက IVF နည်းနဲ့မဟုတ်ပဲ တခြားနည်းနဲ့ ဆေးသောက် ဆေးထိုးပြီး သုတ်ပိုး ထွက်အောင် လုပ်လို့ရပါသလား။ ကျွန်တော် သုတ်ကိုစစ်ကြည့်တော့ သုက်ပိုးလုံးဝမပါဟု ဓါက်ခွဲခန်းမှပြောပါတယ်။ သားသမီး ရရန်အတွက် လမ်းညွှန်ပေးပါဆရာ။


• ကလေးမရနိုင်တဲ့ အကြောင်းတရားတွေထဲက ယောက်ျားရဲ့ချို့ယွင်းချက်တခုဖြစ်တယ်။ ကလေးမရတဲ့ အမျိုးသားတွေထဲမှာ ၅% ရှိတယ်။
• သုက်ပိုးထုတ်လုပ်မှု ချို့ယွင်းချက် နဲ့ လမ်းပိတ်ဆို့နေတာ တခုခုဖြစ်မယ်။
• စစ်ဆေးတဲ့အခါ ထုတ်လွှတ်လိုက်တာထဲမှာ သုက်ပိုးမတွေ့ပေမဲ့ ကျားစိထဲမှာတော့ သုက်ပိုးရှိနေတာလဲ ဖြစ်နိုင်တယ်။ ဘယ်နေရာမှာမှ သုက်ပိုးမတွေ့တာလဲဖြစ်နိုင်တယ်။
• မိသားစုလိုက်တာ၊ တချို့ဆေးဝါးပေးထားတာ၊ ဓါတ်ကင်တာ စတဲ့အကြောင်းခံတွေကို မေးမယ်။ လူကို စစ်ဆေးမယ်။
• သွေးစစ်မယ်။ Testosterone (တက်စတိုစတီရုန်း) ဟော်မုန်းနဲ့ FSH (ဖေါ်လီကူလာ) ဟော်မုန်းတွေစစိမယ်။
• Semen samples သုက်ရည် ၂ ခါယူမယ်။ Standard semen analysis စစ်ဆေးမှုလုပ်မယ်။ ပဌမအကြိမ်မှာ သုက်ပိုးမတွေ့သေရင် Centrifuge ဗဟိုခွါအားစက်နဲ့အနယ်ထိုင်အောင်လုပ်ပြီး ထပ်စစ်မယ်။
• နည်းနည်းလေးတွေ့ရင် လမ်းလုံးဝပိတ်ဆို့နေတာဖြစ်နိုင်တယ်။ သုက်ပိုးကိုအဲလိုရယူပြီး ကလေးရစေအောင် နည်းလမ်းကို သုံးနိုင်မယ်။
• နောက်ထပ်စစ်ဆေးမှု ကျားအစိကိုစစ်ဆေးမယ်။ Testis Biopsy ခေါ်တယ်။ FNA mapping လဲလုပ်နိုင်တယ်။

ဘာလို့ သုက်ပိုးမပါသလဲ
• Primary testicular failure, Klinefelter syndrome မူလကျားအစိအလုပ်မလုပ်ခြင်း၊
• Y chromosome microdeletions ဝိုင်ခရိုမဇုန်း၊
• Genetic infertility due to abnormal chromosomes (karyotype) မျိုးဗီဇချု့ယွင်းခြင်း၊
• Secondary testicular failure, Kallman syndrome ထပ်ဆင့် ကျားအစိအလုပ်မလုပ်ခြင်း၊
• Hypothalamic/pituitary tumor ဦးနှောက်အကျိတ်၊
• Hyperprolactinemia ပရိုလက်တင် ဟော်မုန်း များနေခြင်း၊
• Cancer treatment ကင်ဆာကုသမှုခံယူနေခြင်း၊
• Varicocele effect အကြောထုံးရောဂါ၊
• Pituitary suppression, drug induced (anabolic steroids, alcohol, glucocorticoids)
• Testosterone supplements တက်စတိုစတီရုန်းဆေးရယူနေခြင်း၊
• Congenital adrenal hyperplasia မွေးရာပါ အဒရီနယ်ဂလင်းရောဂါ၊
• Cancer, kidney or liver failure ကင်ဆာ၊ ကျောက်ကပ်၊ အသဲ နာတာရှည်ရောဂါရှိခြင်း၊
• Diabetes mellitus ဆီးချို၊
• Sickle cell anemia သွေးအားနည်းရောဂါတမျိုး၊
• Sperm autoimmunity သုက်ပိုး အော်တိုအင်မြူနတီဖြစ်ခြင်း၊
• Pesticide/toxin exposure ရေနွေးချိုးခြင်းအပါအဝင် အဆိပ်အတောက်နဲ့ထိတွေ့မိထားခြင်း၊
• Undescended testicles at birth မွေးရာပါ ကျားအစိအောက်မကျခြင်း၊
• Congenital absence of the vas deferens မွေးရာပါ အကြောမပါခြင်း၊
• Ejaculatory duct obstruction သူက်ထုတ်ပြွန်ပိတ်နေခြင်း၊
• Epididymitis အကြောရောင်ခြင်း၊
• Scrotal trauma or surgery ထိခိုက်မှုနဲ့ ခွဲစိတ်မှု၊
• Young syndrome ယန်း ဆင်ဒရုမ်း၊
• Vasectomy သားကြောဖြတ်ထားခြင်း။

Azoospermia due to Blockage လမ်းပိတ်နေလို့ သုက်ပိုးမပါခြင်း
• Epididymis (အပီဒီဒါးဒမစ်စ်) အစိအထက်နေရာမှာ ပိတ်နေသူ ၆၅% ရှိတယ်။
• Vas deferens (ဗတ်စ်ဒက်ဖရင်) အကြောမှာ ပိတ်နေသူ ၃ဝ% ရှိတယ်။
• Ejaculatory duct သုက်ထုတ်ပြွန်မှာပိတ်နေသူ ၄% ရှိတယ်။

ပိတ်ဆို့ခြင်းမရှိသူ
Kallman syndrome နဲ့ Hyperprolactinemia တွေဆိုရင် ကုသပေးလို့ရတယ်။ သုက်ပိုးကို ကျားအစိကနေထုတ်ယူမယ်။ IVF နဲ့ ICSI နည်းတွေနဲ့ ကလေးရအောင်ကြိုးစားနိုင်တယ်။ ခက်ခဲတာက ၅ဝ% သာသုက်ပိုးထုတ်ယူလို့ရတယ်။ ကျားအစိ အရွယ်အစား၊ FSH level နဲ့ Biopsy reading တွေကြည့်ပြီး အောင်မြင်နိုင်မှုကို မှန်းဘို့ခက်တာဖြစ်တယ်။

Microsurgery အနုစိတ်ခွဲစိတ်မှုနဲ့ ပိတ်နေတဲ့နေရာကို တိတိကျကျသိနိုင်ပြီး Microsurgery repair အနုစိတ်ခွဲစိတ်မှုနဲ့ ပြုပြင်ပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၃-၂ဝ၁၄

Menstruation writings links ရာသီအကြောင်းဆေးပညာစာများ

$
0
0
• Menstrogen and Flibanserin အမျိုးသမီးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/menstrogen.html
• Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု http://dts-medicaleducation-adult.blogspot.in/2012/08/menstrual-mood-swings.html
• Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/08/menstrual-suppression.html
• Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) http://dts-medicaleducation.blogspot.com/2011/04/menstruation.html
• Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) http://dts-medicaleducation.blogspot.in/2011/04/menstruation_25.html
• Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၃) http://dts-medicaleducation-adult.blogspot.in/2013/10/menstruation-3.html
• Menstruation (4) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၄) http://dts-medicaleducation-adult.blogspot.in/2013/10/menstruation-4.html
• Menstruation Period Signals ရာသီ မမှန်ရင် သတိထားစရာတွေ http://dts-medicaleducation-adult.blogspot.in/2012/03/period-signals.html
• Menstruation Questions ရာသီအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/menstruation-questions.html

Female Viagra အမျိုးသမီး ဗိုင်ယာဂရာ

$
0
0
(၁) တစ်နေ့မှာ အစ်မရဲ့ယောက်ျားဟာ ကျွန်တော့်ကို တိုင်ပင်ပါတယ်။ အစ်မနဲ့ အတူမနေတာ တစ်နှစ် ကျော်သွားပြီတဲ့။ အစ်မ ကိုယ်ဝန်ရကတည်းက အတူမနေက အခုထက်ထိပါပဲ။ အစ်မဟာ လိင်စိတ် နည်းပါးလာပါတယ်။ အစ်မက အသက် သုံးဆယ့်ရှစ်နှစ် ကျော်သွားပါပြီ။ အဲဒါ့ အတူနေရာအောင် မိန်းမ-ဟော်မုန်းဆေး တိုက်ရင် ကောင်းမလားလို့ တိုင်ပင်ကြည့်တာပါ။
(၂) Viagra ကို မိန်းကလေးကို တိုက်လို့ ရပါသလား။ ပမာဏ ဘယ်မျှ တိုက်ရပါသလဲ။ မကောင်းသောအကျိုးဆက် ဘာများရှိပါသလဲ။

Viagra (ဗိုင်ယာဂရာ) ဆေးဟာ ယောက်ျားသုံးဆေးအနေနဲ့လာတယ်။ ပန်းသေ၊ ပန်းညှိုးအတွက်ဖြစ်တယ်။ ထိရောက်တယ်။ ဘေးထွက်-ဆိုးကျိုး နည်းတယ်။ ရောင်းကောင်းတယ်။ သုံးနေသူတွေ အလွန်များတယ်။ ကျားလိင်တံကို သွေးတွေ ပိုစီးလျှောက်လာစေရာကနေ အင်္ဂါသန်မှု ဖြစ်စေတယ်။ လိင်စိတ် ထကြွစေအောင် လုပ်မပေးပါ။ ကျားအင်္ဂါပိုကြီးစေအောင် လုပ်မပေးပါ။ လိင်ဆက်ဆံမှု ပိုကောင်းစေအောင် လုပ်မပေးပါ။

Sildenafil citrate ပါတာကို အမေရိကားမှာ ပဌမဆုံး မှတ်ပုံတင်တဲ့ Pfizer ဆေးကုမ္ပဏီကသာ Viagra လို့ သုံးစွဲခွင့်ရှိပါတယ်။ ဒီထဲက ဆေးမျိုး ပါတာတွေ တခြားနာမည်တွေ အမျိုးစုံနဲ့ နေရာတကာမှာ ရောင်းနေပါပြီ။ ဘာဘဲဖြစ်ဖြစ် ဒီဆေးထဲမှာ Sildenafil citrate ပါတယ်။

ပုံမှန်ကျန်းမာနေသူတွေသုံးဘို့ မလိုအပ်ပါ။ တခုတော့ပိုတာက တကြိမ်ဆက်ဆံပြီး နောက်တကြိမ် စိတ်ပြန်ဖြစ်မဲ့အချိန် တိုစေနိုင်တယ် လို့ လေ့လာမှုအသစ်တွေအရ သိရတယ်။ အလားတူ သတ္ကိရှိတဲ့ တခြားနာမည်တွေ ရှိတယ်။ ဆေးထုတ်တဲ့ ကုမ္ပဏီ၊ တကယ်သုံးဘူးသူကနေ အာမခံချက်တွေတော့ လိုမယ် ထင်ပါတယ်။ တိုင်းပြည် အတော်များများမှာ အာမခံချက် ဆိုတာ သိပ်မရေရာတာက များတယ်။ ဖွံ့ဖြိုးမှု နည်းလေလေ အဲလို အားနည်းချက်တွေ များလေးလေ။

ဆေးနာမည်တွေ အမျိုးမျိုးနဲ့လာတယ်။
Vigora 100
Viagra 50, 100
Levitra 20 mg
Generic Viagra
Silagra
Kamagra Oral Jelly
Caverta 100
Edegra
Forzest 20
Generic Levitra
Generic Viagra Soft Tabs
Kamagra 100
Penegra
Tadalis Sx
Zenegra

လူငယ်တွေ၊ အတွေ့အကြုံ စရှိသူတွေ သုတ်လွှတ်ချိန်မြန်တဲ့အတွက် ဒီဆေးမျိုး မသုံးသင့်ပါ။ အဲလို လူတွေထဲက အဖေါ် မိန်းကလေးကို ပေးရင် မကောင်းပါ။ သူက စိတ်ဖြစ်နေ ကိုယ်က မြန်နေရင် ပြောင်းပြန်အကျိုးရစေမယ်။ သုတ်လွှတ်စောတာအတွက် နည်းနဲ့ဆေးက သပ်သပ်ရှိတယ်။ ရေးထားတာ ရှာဖတ်ပါ။

အမျိုးသမီးတွေ
Viagra အစစ်ဟာ အပြာရောင်ဆေးပြားဖြစ်လို့ Blue pills လို့ တင်စားကြတယ်။ အခုလို အမျိုးသမီးတွေအတွက်ကို ပန်းရောင်နဲ့ထုတ်တော့ Pink pills ခေါ်တယ်။ ဘာရောင်ဖြစ်ဖြစ် ဘာနာမည်ပေးပေး ဆေးကတော့ Sildenafil citrate ပါဘဲ။

ဆရာဝန်တချို့ပြောတာက "၄၃% သောအမျိုးသမီးတွေမှာ Female sexual arousal disorder (FSAD) အမျိုးသမီး လိင်စိတ်ဖြစ်ပေါ်မှု အားနည်းခြင်း နဲ့ Female sexual dysfunction (FSD) အမျိုးသမီး လိင်ကိစ္စ ချို့ယွင်းခြင်း ဆိုတဲ့ ၂ မျိုး ခံစားနေကြရတယ်။"အမျိုးသမီးတွေမှာ လိင်စိတ်က ပုံမှန်ရှိသင့်တာထက် နည်းလာတာက အကြောင်းတရား တပါးမကရှိတယ်။
• Hormone abnormalities ဟော်မုန်းနည်းခြင်း၊
• Tranquillizers စိတ်ငြိမ်ဆေးစတာ သုံးစွဲထားခြင်း၊
• Alcoholism အရက်၊
• Some illnesses ကျောက်ကပ်၊ရောဂါ၊ ဆီးချိုရောဂါ ရှိနေခြင်း၊
• Obesity and anorexia အဝလွန်ခြင်း၊ အလွန်ပိန်နေခြင်း၊
• Anemia သွေးအားနည်းခြင်း၊
• Pregnancy and recent childbirth ကိုယ်ဝန်ဆောင်နေခြင်း၊ ကလေးမီးဖွါးထားရခြင်း၊
• Menopause သွေးဆုံးသွားခြင်း၊
• Depression စိတ်ကျရောဂါ၊
• Fatigue အားယုတ်နေခြင်း၊
• Stress and overwork စိတ်ဖိအားများခြင်း၊ အလုပ်လုပ်ရတာများခြင်း၊
• Anxiety စိုးရိမ်စိတ်ကဲနေခြင်း၊
• Financial, job or family worries လူမှုရေး၊ စီးပွါးရေး အခက်အခဲဖြစ်နေခြင်း၊
• Past sexual abuse အရင်က လိင်စော်ကားမှုခံခဲ့ရဘူးခြင်း၊

ကြော်ညာပြီးရောင်းတဲ့ဆေးတွေလဲ ရှိသေးတယ်။
Alura-Intimacy Creme (Mycreme, Viacreme) လိမ်းဆေး၊ သဘာဝပစည်းတွေကနေထုတ်လုပ်တာလို့ ဖတ်ရတယ်။ ထိရောက်တယ်လို့ ဆေးရောင်းသူတွေသာမက သတင်းစာတွေကလဲရေးကြတယ်။ (ဗဂျိုင်းနား) မှာ လိမ်းရတယ်။ ဆေးလိမ်းလိုက်ရင် ချက်ချင်း ဆိုသလို ပူရှိန်းနွေးလာမယ်။ စကားလုံးရွေးတတ်သူတွေက အအေးပူလောင်တာတဲ့။ ၁ဝ-၃ဝ မိနစ်နေရင် အဆင်သင့်ဖြစ်သွားမယ်တဲ့။ HerSolution ဆေးကလဲ လိင်အင်္ဂါနေရာတွေဆီ သွေးပိုလျှောက်စေတယ်လို့ ဖတ်ရပါတယ်။ ဆေးလုံးဖြစ်တယ်။ သဘာဝ လိင်စိတ်အားပေးဖြစ်တယ်။ ၆ လ အာမခံဆိုပြီး ကြော်ညာထားတယ်။

ဆရာဝန်တွေညွှန်တာက အမျိုးသမီးတွေကိုလဲ ယောက်ျားတွေသုံးတဲ့ Viagra ဒါမှမဟုတ် အလားတူဆေးကို ပေးနိုင်ပါတယ်။ Female Viagra ကို တရားဝင် မရောင်းသေးပါ။ ဒါပေမဲ့ ဆေး အရောင်က အပြာကနေ ပန်းရောင်သာ ဖြစ်မယ်၊အထဲမှာ Sildenafil citrate ဆေး အတူတူသာ ပါမယ်။ ဆေးနာမည် အမျိုးမျိုးရှိတယ်။ 1-2-3 tab, Aglowmed, 11PM tab, Khandelwal, Adams delite tab, Ind-swift, AIRBUS tab, ALLPINK-50 tab, ALSIGRA tab, ANDROZ tab, ASSURANS tab, CAVERTA tab, CIDAFIL tab, ECTILE tab, EDEGRA tab, EDEGRA tab, ERIX tab, ERIX tab, EUNICE tab, Intigra tab, Juan tab, Kamagra gold tab, Lifty tab, MANFORCE tab, MERIDAY tab, NYTE tab, PEFOMAX-50 tab, PENEGRA tab, PENEGRA tab, PROGRA tab, RATIGRA tab, RATIGRA tab, REZUM tab, ROCKY-50 tab, SEX-GRA jelly oral, SILAGRA tab, SILAGRA tab, STALLION tab, TARGET tab, TYGRA-50 tab, UPLIFT tab, VIGREKS tab, VIGREKS tab, WINGORA tab, ZERECT tab

Female Viagra ဆေးကိုသုံးရင် -
• သွေးထဲမှာ (တက်စတိုစတီရုမ်း) ဟော်မုန်း များလာစေမယ်၊
• လိင်စိတ်ပိုလာစေမယ်၊
• လိင်စိတ်နောက်တခါ ပြန်ဖြစ်တာ မြန်စေမယ်၊
• နိုးဆွမှု လုပ်ပေးတဲ့အခါ ပိုသိသာမယ်၊
• ပြီးဆုံးခြင်း အရည်အသွေးပိုကောင်းစေမယ်၊
• အသက်ရနေသူ၊ သားအိမ်ထုတ်ထားသူ၊ သွေးဆုံးသွားသူတွေအတွက်လဲ အရင်လိုစိတ်မျိုးပြန်ရစေမယ်။

Female Viagra ဆိုတာ သောက်ဆေးဖြစ်တယ်။ 50mg ထက်မလိုပါ။ ဆေးသောက်သူဟာ နှလုံး-သွေးကြောကျဉ်းရောဂါ မရှိရပါ။ ဆေးအစွမ်းကတော့ ယောက်ျားတွေမှာ ဖြစ်စေသလိုပါဘဲ။ လိင်အင်္ဂါ နေရာဆီမှာ သွေးတွေပိုပြီး စီးလျှောက်လာစေမယ်။ စိုစွပ်မှုလဲ ရလာမယ်။ ငါဆေးသောက်ထားတယ် ဆိုပြီး စိတ်ကလဲ ဆောင်ပါလိမ့်မယ်။

ဆေးသောက်ပြီးနောက် ၃ဝ မိနစ်ကနေ ၁ နာရီအတွင်းမှာ လိင်စိတ် ဖြစ်ပေါ်လာလိမ့်မယ်။ ဆေးသောက်ပြီး ၄-၆ နာရီအထိ ဆေးအရှိန်ရှိနေမယ်။ တယောက်နဲ့ တယောက်၊ အခြေအနေတခါနဲ့တခါ မတူတတ်ပါ။ တလောက လူနာ အမျိုးသမီး တယောက်ကို ဒီဆေးမျိုး Vigora-50 ညွှန်းခဲ့တယ်။ Follow-up နောက်တကြိမ် ပြန်ပြတဲ့အခါ အခြေအနေကို မေးတယ်။ သူက မြန်မာစကား နည်းနည်းသာတတ်လို့ လက် ၅ ချောင်းထောင်ပြပြီး မိနစ် ၅ဝ တဲ့။ အဆင်ပြေကြောင်း (ဘော်ဒီ-လင်းဂွေ့ခ်ျ) နဲ့ ဖြေပါတယ်။

၁၂-၈-၂ဝဝ၈ နေ့ အိန္ဒိယကလာတဲ့ သတင်းတပုဒ်မှာ Desi Viagra is turn-on for women too "ဒေစီ-ဗိုင်ယာဂရာဟာ အမျိုးသမီးတွေအတွက်ပါ အသုံးကျတယ်"လို့ဆိုပါတယ်။ (ဒေစီ) ဆိုတာ အန္ဒိယမှာ ဣထိယလိင်ကို ညွှန်းတာ ဖြစ်တယ်။

"ယောက်ျားတွေက အင်္ဂါဂြိုလ်ကလာတာဖြစ်ဖြစ် မိန်းမတွေက သောကြာဂြိုဟ်ကလာလာ နှစ်ယောက်သား တွေ့ကြရင် ပေါင်းကူး ဆက်ပေးမဲ့ဟာ ရှိပါတယ်။ အနည်းဆုံးတော့ အိပ်ခန်းထဲမှာပေါ့"လို့ ဖတ်တဲ့သူတွေစိတ်ကို ဆွဲဆောင်တဲ့ အရေးအသားနဲ့ သတင်းကို ဖွင့်ထားပါတယ်။

ပုဂ္ဂလိက ဆေးကုမ္ပဏီကနေ အိန္ဒိယမြို့ကြီး ၈ မြို့မှာ လေ့လာမှု လုပ်ပါသတဲ့။ လေ့လာမှုရလဒ်ကတော့ အမျိုးသားတွေမှာသာမက အမျိုးသမီးများလဲ (ဟော့တ်) တာပါဘဲတဲ့။ အိန္ဒိယသူပေါင်း ၁ဝဝ ကျော်ကို လေ့လာတယ်လို့ ဆိုပါတယ်။ သူတို့ဟာ လိင်ကိစ္စမှာ ပြဿနာရှိသူတွေ ဖြစ်ကြတယ်။ ပြဿနာဆိုတာ လိင်စိတ်နည်းတာ၊ လိင်စိတ်မလာတာ၊ လိင်စိတ်ပြည့်ဝမှုနှေးတာ၊ ဒါမှမဟုတ် မပြည့်ဝတာမျိုးတွေကို ခေါ်ပါတယ်။ အခုဆေးပေးတော့ အားလုံး ကောင်းပါတယ်ရှင့် ဖြစ်ပါသတဲ့။

(အမက်ဒါဘတ်) မြို့က စိတ်ဆရာဝန်ကနေ ပြောတာဖြစ်ပါတယ်။ သူ့ဆေးရုံက အမျိုးသမီးလူနာ ၂ဝ ယောက်ထဲက ၁၄ ယောက်ကို စမ်းသပ်ကြည့်တာ ၈ဝ% သော အမျိုးသမီးလူနာတွေမှာ ကောင်းမွန်-တိုးတက်ကြတာ တွေ့ရတယ်။

ဒီလေ့လာမှုဟာ (မီဒီယာ) စားသုံးတဲ့အဆင့်တော့ ရှိပါတယ်။ တကယ့် ဆေးသုတေသနအဆင့် မဟုတ်သေးပါ။ ဆန်းစစ်မှုတွေ အကျအန လုပ်နေပါတယ်။ ကောင်းမှာတွေရော ဘေးထွက်ဆိုးကျိုးပါ ကံသေကမ္မ ပြောမရသေးပါခင်ဗျား။ ဆေးဘယ်လောက် တိုက်ရသလဲ အကြမ်းဖျဉ်း ပြောရရင် ယောက်ျားတွေနဲ့ သိပ်မကွာနိုင်ပါ။

Female Viagra အမျိုးသမီး (ဗိုင်ယာဂရာ) ပန်းရောင်ဆေးရောင်းသူတွေအပြောအရ ဆေးကို FSAD အမျိုးသမီး လိင်စိတ်မလာတာနဲ့ FSD အမျိုးသမီး လိင်ဆက်ဆံမှုမှာ အခက်အခဲရှိတာတွေ အတွက်လို့ ဆေးညွှန်းထားတယ်။ ဆေးသောက်နည်းကတော့ အစာနဲ့ နီးနီးဝေးဝေးသောက်နိုင်တယ်။ ၄၅ မိနစ်နေရင် အစွမ်းပြမယ်။ ၄-၆ နာရီအထိ ကြာနေနိုင်တယ်။ မျက်နှာနီမြန်းတာ၊ အလင်းရောင်ကို သူများလောက် အထိမခံနိုင်တာ၊ နေမကောင်း ဖြစ်ချင်သလို နေတာတွေက ဘေးထွက်-ဆိုးကျိုးတွေ ဖြစ်တယ်။

• Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း http://health-adult-reading.blogspot.com/2011/04/female-libido.html
• Female Viagra အမျိုးသမီး (ဗိုင်ယာဂရာ) http://health-adult-reading.blogspot.com/2011/11/female-viagra.html
• Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ http://health-adult-reading.blogspot.com/2011/04/aphrodisiac.html
• Viagra သန်မာစေတဲ့ဆေး http://health-adult-reading.blogspot.com/2011/04/jan-8-2011-at-1154-am-viagra-viagra.htmlတွေကိုလဲ ဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ
၉-၂-၂ဝ၁၂

Cervicitis သားအိမ်ဝ ရောင်ခြင်း

$
0
0
Apr 3, 2011 at 5:40 PM
Cervicitis ဆိုတာ ရောဂါလား၊ ဘာပါလဲ။ ဘာကြောင့် ဖြစ်ရတယ် ဆိုတာရယ် ဖြစ်နေတာက ရောဂါဆို ဘယ်လို ကုသရတယ်၊ ဘာတွေ ရှောင်လို့ ဘယ်လိုနေရတယ်၊ ကျန်းမာရေး-ပညာပေး ပြောပြရှင်းပြပေးပါ။

Cervicitis ဆိုတာ သားအိမ်အဝရောင်တဲ့ ရောဂါဖြစ်တယ်။ အဖြစ်များတယ်။ အမျိုးသမီး တဝက်လောက် တသက်မှာ တခါဖြစ်တတ်ကြတယ်။ ဖြစ်နေမှန်း မသိကြတာလဲ မနည်းဘူး။ Bacterial vaginosis (ဗဂျိုင်းနား) ရောင်ရာကနေလဲ ဆက်ဖြစ်လာနိုင်တယ်။

အသက် ငယ်ငယ်နဲ့ ဖို-မဆက်ဆံတာ၊ လိင်ဆက်ဆံနည်း ဆန်းပြားတာ၊ (ကွန်ဒွမ်) မပါဘဲ ဆက်ဆံတာ၊ အရင်က STDs လိင်ကတဆင့် ကူးစက်ရောဂါ ဖြစ်ဘူးတာ၊ လိင်ဆက်ဆံဘက် အဖေါ်များတာတွေက ဒီရောဂါ ပိုဖြစ်စေပါတယ်။

လိင်ကတဆင့် ကူးစက်ရောဂါတွေထဲက Gonorrhea ဂနိုရီးယား၊ Chlamydia (ကလာမိုင်ဒီယား)၊ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)၊ HIV (အိတ်ခ်ျအိုင်ဗွီ)၊ Genital herpes လိင်လမ်းရေယုံ တွေကနေ ဖြစ်လာစေနိုင်တယ်။ HPV လိင်လမ်း-ကြွက်နို့ ကနေ အဲလို ဖြစ်လာနိုင်တယ်လို့ ဆိုပေမဲ့ Mayo Clinic ကတော့ သက်သေ မရှိဘူးလို့ ဆိုပါတယ်။

ရောဂါပိုး မဟုတ်ပေမဲ့လဲ -
• Vaginal douches မွေးလမ်းဆေးကြောင်းသုံး ဆေးရည်တွေ၊
• Pessary, Tampon ရာသီလာတုံး သုံးတဲ့ပစ္စည်းတွေ၊
• Cervical cap, Diaphragm, Latex, Contraceptive creams ကိုယ်ဝန်တား ပစ္စည်း-ဆေးတွေ၊
• သုတ်ပိုးသတ်ဆေး၊ (ကွန်ဒွမ်) တွေနဲ့ မတည့်သူတွေမှာလဲ ပိုးဝင်တာ ပိုလွယ်စေတယ်။
• စစ်ဆေးရာမှာ သုံးတဲ့ Surgical instrument ခွဲစိတ်ကရိယာတွေကနေလဲ ပိုးမသန့်ရင် ဖြစ်နိုင်တယ်။
• တချို့မှာ ဘာလို့ဖြစ်သလဲ ရှာမတွေ့တတ်ပါ။

သားအိမ်ဝ ရောင်တယ် ဆိုတာနဲ့ အရင်ဆုံးသိလာမဲ့ လက္ခဏာကတော့ မွေးလမ်းကြောင်းကနေ တခုခုဆင်းတာ ဖြစ်တယ်။ အဖြူရောင်၊ အဝါရောင်၊ မီးခိုးရောင် စတဲ့ အရောင်တွေလဲ ဆင်းနိုင်တယ်။ ရာသီဆင်းအပြီး ပိုသိသာတယ်။ ယားမယ်၊ အနေရခက်မယ်၊ ဆက်ဆံရင် နာမယ်၊ ကြားရက်ဖြစ်ဖြစ်၊ ဆက်ဆံနေတုံး ဖြစ်ဖြစ် သွေးဆင်းမယ်၊ ဆီးပူ-ဆီးအောင့်မယ်၊ ခါးဖြစ်ဖြစ် ဆီးစပ်ဖြစ်ဖြစ် နာမယ်။ ဆိုးတဲ့ အဆင့် ဖြစ်လာရင် အနံ့ဆိုးဝါးတာတွေ ဆင်းမယ်။ ဒိနောက် ကိုယ်ပူလာမယ်၊ ပျို့ခြင်လာမယ်။

ရောဂါလို့ သံသယနဲ့ လာသူကို ရောဂါ ရာဇဝင် မေးတယ်။ ခံစားနေရာတာအပြင် လိင်ဆက်ဆံရေး၊ အိမ်ထောင်ရေး မေးမယ်။ Pelvic exam မွေးလမ်း စစ်ဆေးမယ်။ Specimen collection မွေးလမ်းက ဆင်းနေတာကို ရယူစစ်ဆေးမယ်။ သားအိမ်အဝ ကင်ဆာ ဟုတ်-မဟုတ်ကို Pap smear test နည်းနဲ့ သိနိုင်တယ်။

1. Chlamydia trachomatis ပိုးက Neisseria gonorrhoeae ပိုးထက်ပိုပြီး အဖြစ်များတယ်။
2. နဲနဲပါးပါး ဖြစ်တတ်တဲ့ Herpes simplex virus (HSV) နဲ့ T. vaginalis ပိုးတွေကနေ သားအိမ်အဝရဲ့ Ectocervix အပေါ်ယံလွှာ Squamous epithelium ကို ထိခိုက်စေတယ်။
3. Mycoplasma genitalium, Streptococci (A and B) (ဗက်တီးရီးယား) တွေကလဲ ဖြစ်စေတယ်။
4. Cytomegalovirus (ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရင် လက္ခဏာ မပြတာ များတယ်။

Antibiotic therapy ဆေးတွေက အတော်နိုင်ပါတယ်။
• STDs လိင်ကတဆင့် ကူးစက်ရောဂါတွေဆိုရင် ဆိုင်ရာ-နိုင်ရာ ဆေးတွေ ပေးရမယ်။
• Chlamydial cervicitis ဖြစ်တာကို Doxycycline ဆေးပေးတာ များတယ်။
• Genital herpes မွေးလမ်း-ရေယုံဆိုရင် Acyclovir (Zovirax) ဆေးပေးမယ်။
• ၇ ရက် လိင်မဆက်ဆံပါနဲ့။
• Safe-sex practices စိတ်ချရတဲ့ လိင်ဆံမှုပြုပါ။ ကိုယ့်အဖေါ်ကိုယ် သိပါ။ အဖေါ်များတာ မကောင်းပါ။
• ရောဂါပိုးက မွေးလမ်းမှာ ရောဂါစကတည်းက သားအိမ်အထိ မရောက်ခင် ဆေးကုပါ။
• Electrocoagulation လျှပ်စစ်နည်း၊ Cryotherapy အေးခဲစေနည်း နဲ့ Laser (လေဆာ) နည်းတွေနဲ့လဲ လုပ်နိုင်တယ်။ ဆေးနဲ့မရမှ လုပ်ပါတယ်။ ဒါတွေလုပ်ရင် မွေးလမ်းကျဉ်းတာ ထိခိုက်တာတွေ ဖြစ်နိုင်တယ်။

ဘာမှ မခံစားရလို့ မကုဘဲနေရင် ကြာတော့ -
1. Pelvic Inflammatory Disease (PID) တင်ပဆုံးတွင်း အင်္ဂါတွေ ရောင်တာ ဆက်ဖြစ်လာနိုင်တယ်။
2. Infertility ကလေးမရ ဖြစ်နိုင်တယ်။
3. Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်နိုင်တယ်။
4. Chronic pelvic pain ဆီးစပ်နေရာ တာရှည် နာနေတတ်တယ်။
5. Spontaneous abortion သူ့အလိုလို ကိုယ်ဝန် ပျက်တတ်တယ်။
6. Cervical cancer သားအိမ်အဝ ကင်ဆာ ဖြစ်နိုင်တယ်။
7. ကလေး စောမွေးနိုင်တယ်။
8. မွေးလာတဲ့ကလေး ပိုးဝင်နိုင်တယ်။ နူမိုးနီးယား၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။

Chlamydia ကို ကုသရတာ မခက်ပါ။
• Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Azithromycin 500mg ပဌမနေ့၊ 250mg တနေ့တကြိမ်နဲ့ နောက်ထပ် ၃ ရက်၊ ဒါမှမဟုတ်
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။
• HIV-positive ဖြစ်နေသူတွေလဲ အတူတူပေးနိုင်တယ်။
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်၊ Rosaramicin ဆေးတွေကို 95% ပျောက်မယ်။
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ ဆေးပေးတာ ၇၇-၁ဝဝ% ပျောက်တယ်။
• Ofloxacin, Trovafloxacin, Minocycline, Lymecycline, Clarithromycin, Ampicillin, Rifampicin ဆေးတွေ ပေးတာကို တိကျတဲ့ အထောက်အထား မရှိသေးဘူး။
• Ciprofloxacin ပေးတာ ၆၃-၉၂% ပျောက်တယ်လို့ သုတေသနတခုက တွေ့ပြီး နောက်တခုက မတွေ့ရဘူး။
• ကိုယ်ဝန်ဆောင်ကို Azithromycin တခါထဲ ပေးတာက Erythromycin x 7 days ပေးတာထက် ပိုကောင်းတယ်။
• ဆေးသောက်နေတုံးမှာ လိင်ဆက်ဆံတာကို တပါတ်ရှောင်နေသင့်ကြတယ်။

Chlamydia (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD http://dts-medicaleducation-adult.blogspot.in/2012/03/chlamydia-std.html
Chlamydia Vs Gonorrhea (ကလာမိုင်ဒီးယား) နဲ့ (ဂနိုးရီးယား) ခြားနာချက် http://dts-medicaleducation-adult.blogspot.in/2013/01/blog-post.html
Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/06/vaginitis.html
Vaginitis မွေးလမ်း-ရောဂါ http://dts-medicaleducation-adult.blogspot.in/2012/04/vaginitis.html
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html
Vaginal itching မိန်းမကိုယ် ယားခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-itching.html

Dr. တင့်ဆွေ
၃-၄-၂ဝ၁၁

Stress and infertility စိတ်ဖိအားများတာနဲ့ သားသမီးမရနိုင်တာ ဆက်စပ်မှုရှိ

$
0
0
• ၂၅-၃-၂ဝ၁၄ နေ့ လန်ဒန်ကလာတဲ့ ကျန်းမာရေးနဲ့ဆေးပညာသတင်းမှာပါတာပါ။ စိတ်ဖိအားများတာကို တိုင်းတာစရာကတော့ (အာလ်ဖါအမိုင်းလေ့စ်) ခေါ်တဲ့ (အင်ဇိုင်းမ်) တမျိုးဖြစ်ပါတယ်။
• ကလေးမရနိုင်သေးတဲ့ အမျိုးသမီးတွေရဲ့ သွားရည်ထဲမှာ အဲဒီ (အင်ဇိုင်းမ်) ဘယ်လောက်များသလဲကို တိုင်းတာပြီး၊ တခြားအမျိုးသမီးတွေမှာရှိတာနဲ့ နှိုင်းယှဉ်ပြီးမှ ကောက်ချက်ဆွဲလိုက်တာပါ။
• စိတ်ဖိအားများနေတဲ့ တနည်းအားဖြင့် (အင်ဇိုင်းမ်) များနေတဲ့ အမျိုးသမီးတွေဟာ ၃ဝ% ကလေးရနိုင်စွမ်း နည်းကြတယ်။ (အင်ဖါတလတီ) အဓိပ္ပါယ်ဖွင့်ဆိုချက်အရပြောရရင် ထက်ဝက်လောက်သာရှိတယ်။
• (အင်ဖါတလတီ) ကလေးမရနိုင်ခြင်းလို့ ဆေးပညာက သတ်မှတ်ချက်ထဲ အကျုံးဝင်ဘို့ဆိုတာ ၁၂ လကြာ လင်နဲ့မယား အကာအကွယ်၊ တားနည်းတစုံတရာမသုံးကြဘဲ အတူနေကြပေမဲ့ ကိုယ်ဝန်မရသေးသူကို ခေါ်တာ ဖြစ်ပါတယ်။
• ဒီလိုမျိုးလေ့လာမှုကို အရင်ကလဲတခါပြုခဲ့ပါတယ်။ အခုတခါမှာတော့ ပိုပြီးခိုင်မာတဲ့ကောက်ချက်ကို ဆွဲနိုင်လာပါတယ်။
• ဒေါက်တာ (လင့်ခ်ျ) နဲ့အဖွဲ့ကနေ အသက် (၁၈) နှစ်ကနေ (၄ဝ) ရှိကြပြီး၊ ကလေးရဘို့ ကြိုးစားနေကြတဲ့ အမေရိကန် အမျိုးသမီးပေါင်း (၅ဝ၁) ယောက်ကို ၁၂ လတာ လေ့လာဆန်းစစ်မှုလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့မှာ ကလေးမရနိုင်အောင် သိသာတဲ့အားနည်းချက်ဆိုတာလဲ မရှိကြသူတွေဖြစ်တယ်။ စာရင်းသွင်းတဲ့နေ့ နောက် မနက်မှာနဲ့ ရာသီပဌမနေ့ မနက်တွေမှာ ရယူထားတဲ့ သွားရည်ထဲက (အင်ဇိုင်းမ်) တွေကို တိုင်းတာပါတယ်။ အမျိုးသမီးပေါင်း (၃၇၃) ယောက်ဆီက ရလဒ်တွေဟာ သုတေသနမှာတန်းဝင်ခဲ့ပါတယ်။
• ဒီသုတေသနရဲ့ အကျိုးတရားကတော့ “ကလေးမရသေးသူတွေဟာ စိတ်ဖိအားကို လျှော့နည်းစေပြီး၊ ကလေးအမေတွေ ဖြစ်လာနိုင်စရာရှိတာပါဘဲ။ ရောဂနည်း၊ တရားထိုင်နည်း၊ စိတ်ကိုပြုပြင်နည်းတွေကို သုံးနိုင်ကြပါတယ်”။
• ဒီလိုအတွဲတွေအတွက် နောက်ထပ်အကြံပေးချက်တခုကတော့ သားသမီးမရသေးတဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်မြင်မနေကြဘို့ပါဘဲ။

မြန်မာအိမ်ထောင်ရှင်အမျိုးသမီးတွေ စိတ်ဖိအားနည်းနိုင်ကြပါစေ။ တရားဘာဝနာပွါးပြီး၊ သားသမီးရတနာတွေ များများရနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၄

Contraceptives and breastfeeding နို့တိုက်မိခင်များအတွက် ကိုယ်ဝန်တားဆေးများ

$
0
0
ကိုယ်ဝန်တားဆေးတွေက နာမည်အမျိုးမျိုးနဲ့ လာတယ်။ အမျိုးသမီး အမျိုးမျိုးကို သက်ရောက်စေတာကလဲ အမျိုးမျိုး ရှိနိုင်တယ်။ ကိုယ်ဝန်တား စားဆေးတွေထဲမှာ အများဆုံး သုံးနေကြတာက ဟော်မုန်း ၂ မျိုးတွဲ၊ တနေ့တလုံး စားရတဲ့ ဆေးမျိုး ဖြစ်တယ်။ ဟော်မုန်းတွေဆိုတာ Estrogen (အီစထိုဂျင်) နဲ့ Progestin (ပရိုဂျက်စတင်) တွေ ဖြစ်တယ်။ ကလေး နို့တိုက်သူတွေနဲ့ သိပ်မကိုက်ဘူး။ ဒီဆေးမျိုးထဲမှာပါတဲ့ Estrogen က နို့ထွက်နည်းစေမယ်။

ကလေးတလခွဲရှိတဲ့အထိ တားဆေးမသုံးဘဲလဲ နေနိုင်တယ်။ ကလေး နို့ဖြတ်ပြီးရင် ကြိုက်တဲ့ နည်းကို ပြောင်းသုံးနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲကို ကလေး ၆ လရပြီးမှာ သုံးရင် နို့ထွက်နည်းတာကို ရှောင်နိုင်မယ်။ ကလေးကို နို့တိုက်ပေးနေရင် နောက်ကလေး ရဘို့ ဝေးတတ်တယ်။ ဒါမျိုးကို ဆေးစာမှာ Lactational amenorrhea ခေါ်တယ်။ ရာသီမဆင်း၊ ကလေးမရတာမျိုး ဖြစ်တယ်။

ကလေးမွေပြီးတဲ့နောက် အမျိုးသမီးများဟာ ခင်ပွန်းနဲ့ အတူပြန်နေတာမှာ မြန်ကြတာများတယ်။ ၄ ပတ်ဆိုရင် ၃ ပုံ ၁ ပုံနဲ့ ၈ ပတ်ဆိုရင် ၈၈% လို့ ပြောနိုင်တယ်။

ကလေး နို့တိုက်တုံးသုံးနိုင်တဲ့ ကိုယ်ဝန်တားဆေးများ
- Depo-Provera ၃ လခံထိုးဆေးလဲ သုံးနိုင်တယ်။
- Progestin-only pill (POP) တမျိုးထဲပါတဲ့ တားဆေးမျိုးက ပိုအဆင်ပြေတယ်။ ဒီဆေးမျိုးကို Mini pill လို့လဲ ခေါ်တယ်။ တားဆေးထဲက ဟော်မုန်းဟာ မိခင်နို့ရည်ထဲ မရောက်နိုင်လို့ ကလေးကို ဒုက္ခမပေးပါ။ Progestin-only pill အမျိုးအစားဟာ ဟော်မုန်း ၂ မျိုးတွဲထက် ကိုယ်ဝန်တားရာမှာ ထိရောက်မှု ရာနှုန်းနည်းတယ်။ ဆေးကို နေ့တိုင်းမှန်မှန် နဲ့ အချိန်လဲ မှန်မှန်သောက်ဘို့ အထူးသတိကြီးရမယ်။
- Progestin-only implants အရေပြားအောက်မှာ ထည့်ထားရတဲ့ အချောင်းမျိုးသုံးနိုင်တယ်။ ဥပမာ Norplant ဖြစ်တယ်။
- Contraceptive implant အရေပြားအောက်မှာ ထည့်ထားရတဲ့ ဟော်မုန်းပါ ဆေးချောင်းထည့်နည်း Norplant and Jadelle (Norplant II), Implanon, Sino-implant (II) marketed as (Zarin, Femplant and Trust), Nexplanon တွေကို သုံးနိုင်တယ်။
- Barrier methods အဖုံး-အကာ-အစွပ်နည်းတွေထဲက Condom (ကွန်ဒွမ်) က ပိုအဆင်ပြေနိုင်တယ်။
- Intrauterine devices (IUD) သားအိမ်ထဲ (ကောပါး-တီ) ထည့်နည်းမှာ ဘာဟော်မုန်းမှ မပါလို့ နို့ထွက်တာကို သက်ရောက်မှု မရှိပါ။
- Intrauterine system (IUS), IUD with progestogen, IntraUterine Contraceptive (IUC) လို့ ခေါ်တာက သားအိမ်အဝမှာ (ပရိုဂျက်စတင်) တမျိုးထဲသာ ပါလို့ နို့ထွက်တာကို မသက်ရောက်စေဘူး။
- Diaphragm (ဒိုင်ယာဖရမ်) နည်းကတော့ ကလေးမွေးပြီးစမှာ အရွယ်အစား ရင်စားပြန်မရသေးလို့ အနေမတော် ဖြစ်နိုင်တယ်။
- NuvaRing ထဲမှာလဲ ဟော်မုန်း ၂ မျိုးတွဲပါလို့ နို့ထွက်နည်းမယ်။
- Contraceptive patch = Transdermal patch (Evra, Ortho Evra) ထဲမှာ Estrogen နဲ့ Progestin hormones တွေပါလို့ နို့ထွက်နည်းစေမယ်။



ကလေး တလခွဲရှိတဲ့အထိ တားဆေး မသုံးဘဲလဲ နေနိုင်တယ်။ ကလေး နို့ဖြတ်ပြီးရင် ကြိုက်တဲ့ နည်းကို ပြောင်းသုံးနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲကို ကလေး ၆ လရပြီးမှာ သုံးရင် နို့ထွက်နည်းတာကို ရှောင်နိုင်မယ်။ ကလေးကို နို့တိုက်ပေးနေရင် နောက်ကလေး ရဘို့ ဝေးတတ်တယ်။ ဒါမျိုးကို ဆေးစာမှာ Lactational amenorrhea ခေါ်တယ်။ ရာသီမဆင်း၊ ကလေးမရတာမျိုး ဖြစ်တယ်။

ကလေးမွေပြီးတဲ့နောက် အမျိုးသမီးများဟာ Sexual activity ခင်ပွန်းနဲ့ အတူပြန်နေတာမှာ မြန်ကြတာ များတယ်။ ၄ ပတ်ဆိုရင် ၃ ပုံ ၁ ပုံနဲ့ ၈ ပတ်ဆိုရင် ၈၈% လို့ ပြောနိုင်တယ်။

ကိုယ်ဝန်တားဆေးတွေက နာမည်အမျိုးမျိုးနဲ့ လာတယ်။ အမျိုးသမီး အမျိုးမျိုးကို သက်ရောက်စေတာကလဲ အမျိုးမျိုး ရှိနိုင်တယ်။ ကိုယ်ဝန်တား စားဆေးတွေထဲမှာ အများဆုံး သုံးနေကြတာက ဟော်မုန်း ၂ မျိုးတွဲ၊ တနေ့တလုံး စားရတဲ့ ဆေးမျိုး ဖြစ်တယ်။ ဟော်မုန်းတွေဆိုတာ Estrogen (အီစထိုဂျင်) နဲ့ Progestin (ပရိုဂျက်စတင်) တွေ ဖြစ်တယ်။ ကလေး နို့တိုက်သူတွေနဲ့ သိပ်မကိုက်ဘူး။ ဒီဆေးမျိုးထဲမှာပါတဲ့ Estrogen က နို့ထွက်နည်းစေမယ်။

ကလေးတလခွဲရှိတဲ့အထိ တားဆေးမသုံးဘဲလဲ နေနိုင်တယ်။ ကလေး နို့ဖြတ်ပြီးရင် ကြိုက်တဲ့ နည်းကို ပြောင်းသုံးနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲကို ကလေး ၆ လရပြီးမှာ သုံးရင် နို့ထွက်နည်းတာကို ရှောင်နိုင်မယ်။ ကလေးကို နို့တိုက်ပေးနေရင် နောက်ကလေး ရဘို့ ဝေးတတ်တယ်။ ဒါမျိုးကို ဆေးစာမှာ Lactational amenorrhea ခေါ်တယ်။ ရာသီမဆင်း၊ ကလေးမရတာမျိုး ဖြစ်တယ်။

ကလေးမွေပြီးတဲ့နောက် အမျိုးသမီးများဟာ ခင်ပွန်းနဲ့ အတူပြန်နေတာမှာ မြန်ကြတာများတယ်။ ၄ ပတ်ဆိုရင် ၃ ပုံ ၁ ပုံနဲ့ ၈ ပတ်ဆိုရင် ၈၈% လို့ ပြောနိုင်တယ်။

ကလေး နို့တိုက်တုံးသုံးနိုင်တဲ့ ကိုယ်ဝန်တားဆေးများ
- Depo-Provera ၃ လခံထိုးဆေးလဲ သုံးနိုင်တယ်။
- Progestin-only pill (POP) တမျိုးထဲပါတဲ့ တားဆေးမျိုးက ပိုအဆင်ပြေတယ်။ ဒီဆေးမျိုးကို Mini pill လို့လဲ ခေါ်တယ်။ တားဆေးထဲက ဟော်မုန်းဟာ မိခင်နို့ရည်ထဲ မရောက်နိုင်လို့ ကလေးကို ဒုက္ခမပေးပါ။ Progestin-only pill အမျိုးအစားဟာ ဟော်မုန်း ၂ မျိုးတွဲထက် ကိုယ်ဝန်တားရာမှာ ထိရောက်မှု ရာနှုန်းနည်းတယ်။ ဆေးကို နေ့တိုင်းမှန်မှန် နဲ့ အချိန်လဲ မှန်မှန်သောက်ဘို့ အထူးသတိကြီးရမယ်။
- Progestin-only implants အရေပြားအောက်မှာ ထည့်ထားရတဲ့ အချောင်းမျိုးသုံးနိုင်တယ်။ ဥပမာ Norplant ဖြစ်တယ်။
- Contraceptive implant အရေပြားအောက်မှာ ထည့်ထားရတဲ့ ဟော်မုန်းပါ ဆေးချောင်းထည့်နည်း Norplant and Jadelle (Norplant II), Implanon, Sino-implant (II) marketed as (Zarin, Femplant and Trust), Nexplanon တွေကို သုံးနိုင်တယ်။
- Barrier methods အဖုံး-အကာ-အစွပ်နည်းတွေထဲက Condom (ကွန်ဒွမ်) က ပိုအဆင်ပြေနိုင်တယ်။
- Intrauterine devices (IUD) သားအိမ်ထဲ (ကောပါး-တီ) ထည့်နည်းမှာ ဘာဟော်မုန်းမှ မပါလို့ နို့ထွက်တာကို သက်ရောက်မှု မရှိပါ။
- Intrauterine system (IUS), IUD with progestogen, IntraUterine Contraceptive (IUC) လို့ ခေါ်တာက သားအိမ်အဝမှာ (ပရိုဂျက်စတင်) တမျိုးထဲသာ ပါလို့ နို့ထွက်တာကို မသက်ရောက်စေဘူး။
- Diaphragm (ဒိုင်ယာဖရမ်) နည်းကတော့ ကလေးမွေးပြီးစမှာ အရွယ်အစား ရင်စားပြန်မရသေးလို့ အနေမတော် ဖြစ်နိုင်တယ်။
- NuvaRing ထဲမှာလဲ ဟော်မုန်း ၂ မျိုးတွဲပါလို့ နို့ထွက်နည်းမယ်။
- Contraceptive patch = Transdermal patch (Evra, Ortho Evra) ထဲမှာ Estrogen နဲ့ Progestin hormones တွေပါလို့ နို့ထွက်နည်းစေမယ်။

Dr. တင့်ဆွေ
၂၆-၈-၂ဝ၁၁

Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ

$
0
0
၁။ Depo Provera Injection (ဒီပို) ထိုးဆေး
၂။ Depo-subQ Provera 104 Injection (ဒီပို-ဆပ်ကျူ) ထိုးဆေး
၃။ Combined Contraceptive Injection ဟော်မုန်း ၂ မျိုးတွဲပါ ထိုးဆေး
၎။ Noristerat injection (နော်ရစ်တားရက်) ထိုးဆေး

၁။ Depo Provera Injection (ဒီပို) ထိုးဆေး
• DMPA လို့လဲခေါ်တယ်။
• Progestin medroxyprogesterone acetate 150 mg ဟော်မုန်းပါတယ်။
• IM အသားဆေးဖြစ်တယ်။ တင်ပါး၊ ပေါင်နဲ့ လက်မောင်းမှာ ထိုးနိုင်တယ်။
• တနှစ် ၄ ခါ၊ ၃ လ (၁၁-၁၄ ပါတ်) တခါထိုးရတယ်။
• 50 mg ပါတာက တလခံဖြစ်တယ်။
• ဆေးမထိုးခင်က ကိုယ်ဝန်မရှိတာ သေခြာရင် ဆေးထိုးပြီးတာနဲ့ ကာကွယ်ပြီးသားဖြစ်မယ်။

၂။ Depo-subQ Provera 104 Injection (ဒီပို-ဆပ်ကျူ)
• နောက်ထပ်ပေါ်တဲ့ အလားတူ ၃ လခံ ထိုးဆေးဖြစ်တယ်။
• သူ့ထဲမှာ Medroxyprogesterone acetate 104 mg သာပါလို့ ဟော်မုန်းက ၃၁% ဘဲပါတယ်။
• ဒါကြောင့် Progestin နဲ့ပတ်သက်တဲ့ဘေးထွက်-ဆိုးကျိုးတွေကို နည်းစေတယ်။
• subQ လို့ အသေအခြာရေးတာက Subcutaneous S/C အရေပြားအောက်မှာဆေးထိုးရလို့ ဖြစ်တယ်။ ဆေးထိုးအပ်သေးသေးသာသုံးဘို့လိုတာမို့ နာတာသက်သာမယ်။
• ဗိုက်နဲ့ ပေါင်က အရေပြားမှာထိုးသင့်တယ်။
• တနှစ် ၄ ခါ၊ ၁၂-၁၄ ပါတ် တခါ ထိုးပါ။

၃။ Combined Contraceptive Injection ဟော်မုန်း ၂ မျိုးတွဲပါ ထိုးဆေးနည်း
• Mesigyna နာမည်နဲ့ ထိုးဆေးထဲမှာ Estradiol valerate နဲ့ Norethisterone enantate ပါတယ်။
• (ပရိုဂျက်စတီရုံး) နဲ့ (အီစထိုဂျင်) ရောထားတဲ့ထိုးဆေးဖြစ်တယ်၊
• တလတခါထိုးရတယ်။ Lunelle ခေါ်တယ်။
• တလတခါ ထိုးရတယ်။
• အမေရိကားမှာ ၂ဝဝဝ မှာစသုံးနေတယ်။ ဆေးတခါတည်းထည့်ပြီးသား ဆေးထိုးအပ်တွေကို စိတ်မချရလို့ ၂ဝဝ၂ မှာ ပြန်သိမ်းခဲ့သေးတယ်။ ၂ဝဝ၃ ကထုတ်တာတွေကို စိတ်ချလက်ချသုံးနေတယ်။
• Lunelle နဲ့တူတဲ့ တခြားထိုးဆေးနာမည်တွေက Cyclofem, Cyclofemina, Feminena, Novafem, Lunella, and Cyclo-Provera ဖြစ်တယ်။
• Mesigyna နဲ့တူတဲ့ တခြားထိုးဆေးနာမည်တွေက Norigynon, Mesigyna Instayect, Mesygest, and No 3 injectable Norigynon တွေဖြစ်တယ်။ ဆေးမထိုးတဲ့လမှာ ကလေးပြန်ရနိုင်တယ်။ တချို့က ချက်ချင်းဆိုသလို ကိုယ်ဝန်ရစေပြီး တချို့မှာ ၂-၃ လ စောင့်ရတယ်။
• ၉၉့၈% ထိရောက်တယ်။ အမေရိကားမှာ ဒီဆေး တနှစ်ထိုးတဲ့ အမျိုးသမီး ၇၈၂ ယောက်မှာ ကိုယ်ဝန် မရတာတွေ့ရတယ်။
• တခါထိုးပြီး နောက်တခါကို ၂၈-၃ဝ ရက်အကြာမှာ ထပ်ထိုးရမယ်။ ၃၃ ရက်ထက်တော့ နောက်မကျရဘူး။ ရာသီလာတဲ့ရက်ကို ကြည့်ရတာ မဟုတ်ဘူး။
• Lunelle ဆေးစထိုးရင် ရာသီသွေး စဆင်းတဲ့ရက်နောက် ၅ ရက်အတွင်း၊ ကိုယ်ဝန်ပျက်ပြီး၊ ဖျက်ပြီးတဲ့နောက် ၅ ရက်အတွင်း၊ ကလေးမွေးပြီးတဲ့နောက် ၄ ပါတ်အတွင်း၊ ကလေးနို့တိုက်ရင် မွေးပြီးတဲ့နောက် ၆ ပါတ်အတွင်း။

၎။ Noristerat injection (နော်ရစ်တားရက်) ထိုးဆေးက တမျိုးဖြစ်တယ်။ အမေရိကားမှာ မရဘူး။ Synthetic progestin နဲ့ Norethisterone enantate တွေပါတယ်။ ၂ လ ခံတယ်။ ထပ်ထိုးလို့လဲ ရပါတယ်။ ရေတို ကိုယ်ဝန်တားဘို့သာ သုံးကြတယ်။ ဥပမာ ယောက်ျားကို သားကြောဖြတ်ထားတုံး စိတ်မချရသေးခင်မှာ မိန်းမကို ထိုးပေးတယ်။ Rubella ဂျာမန်-ဝက်သက်ရောဂါတွေဖြစ်နေချိန်မှာ ကိုယ်ဝန်မယူသင့်သေးလို့ မိန်းမကိုထိုးပေးတယ်။ မျိုးဥထွက်မှာကို တားပေးတယ်။ ဆေးထိုးပြီး ၈ ပါတ်နေရင် သားအိမ်အဝက အချွဲတွေကို စေးပျစ်လာစေတယ်။ Doryxas, Norethisterone injectable, Norigest, Nur-Isterate, Syngestal နဲ့ Unidepo နာမည်တွေနဲ့လဲ လာတယ်။

Dr. တင့်ဆွေ
၂၆-၂-၂ဝ၁၂

Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁)

$
0
0
(၁) ကျွန်မ အသက် ၃၁ နှစ်ပါ။ အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ Implant ခေါ် လက်မောင်းအရေပြားအောက်တွင် ထည့်မည့် ကိုယ်ဝန်တားဆေးချောင်း ထည့်ချင်လို့ပါ။ သူ၏ ဆိုးကျိုး ကောင်းကျိုးများကိုသိချင်ပါသည်။ ထိုတားဆေးသည် ၅ နှစ်ခံလို့ ပြောပါသည်။ သောက်ဆေးများကဲ့သို့ ဆိုးကျိုးမရှိဘူးလို့ ပြောပါသည်။ ဟုတ်ပါသလား။ ကိုယ်မလိုချင်လို့ ပြန်ထုတ်လျှင် ချက်ချင်း ကလေးပြန်ရသည် လို့လည်း ပြောပါသည်။ ဟုတ်ပါသလား ဆရာ။
(၂) ဒေါက်တာရှင့် ကလေးက ၁၆ လရှိပါပြီ။ သားဦးပါ။ ကလေးမွေးပြီး ၂ လမှာ လက်မောင်းထဲကိုထည့်တဲ့ သားဆက်ခြား အချောင်းလေး ထည့်ထားပါတယ်။ ထည့်ပြီး ၁ နှစ်ကျော်လောက် ရာသီသွေးလုံးဝ မပေါ်ပါဘူးဆရာ။ ပြီးခဲ့တဲ့ တလကျော်က တခါလာလိုက်ပါတယ်။ သိပ်မများပါဘူး။ အခုလကတော့ ၆ ရက်နေ့ကစပြီး နည်းနည်းလာပါတယ်။ ကိုယ်တွေ လက်တွေ အရမ်းလည်း ကိုက်ပါတယ်။ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အတော်များပါတယ်။ ပြီးတော့ ၂ ရက်လောက် ခြားပြီး ဆက်လာနေတာ အခု ၂၂ ရက် နေ့အထိ လာနေလို့ပါ။ ရာသီသွေးလည်း များပါတယ်။ ရာသီသွေးပေါ်တဲ့ရက်က ကြာနေတော့ စိတ်ပူလိ့ပါ။ အရင်တုန်းကလည်း တခါမှ မဖြစ်ဘူးတော့ အခုလို အကြာကြီးလာနေတာ တခုခုများ မှားလို့လားလို့ စိုးရိမ်လို့ပါ။ လူကလည်း အားနည်းသလို ဖြစ်ပြီး မူးမူးနေပါတယ်။ အခုလို သားဆက်ခြားတဲ့နည်းသုံးရင် အဲ့လို ဖြစ်တတ်လား သိချင်လို့ပါ။ ရာသီသွေးက ပုံမှန်မပေါ်ဘူးဆိုတာ ဟုတ်ပါသလား။ အခုလို အားနည်းပြီး မူးနေတာကို ဆေးသောက်လို့ရလား သိချင်လို့ပါ။

ကိုယ်ဝန် တားနည်းတွေ အများကြီး ရှိတယ်။ အရေပြားအောက်မှာ ထည့်ထားရတဲ့နည်းကို အမျိုးသမီး အတော်များများ စိတ်ဝင်စားကြတယ်။ သားအိမ်ထဲလိုမျိုး အတွင်းကျကျမှာ လုပ်ရတာ မဟုတ်တော့ ရှက်စိတ် နည်းစေတယ်။ သူများလဲ မြင်တာ မဟုတ်ဘူး။ တနေ့တလုံး ဆေးသောက်ရတာမျိုးလဲ မဟုတ်။ သုံးလတခါ ဆေးထိုးနေဘို့လဲမလို အကြာကြီး ခံတယ်။ အခါတိုင်း အခါတိုင်း သုံးဘို့ (ကွန်ဒွမ်) တွေလဲ ဝယ်နေစရာ မလိုဘူး။ (ကွန်ဒွမ်) သုံးပါ ပြောလို့ အဖေါ်-ခင်ပွန်းက ငြင်းနေမှာလဲ မပူရဘူး။

Implants ဆိုတာ အရေပြားအောက်မှာ ထည့်ထားရတဲ့ အချောင်းလေးပါ။ ဆံညှပ်အရွယ်၊ ကွေးနိုင်ဆန့်နိုင်တဲ့ ပြွန်ချောင်းကလေးတခု ဖြစ်တယ်။ လက်မောင်းအတွင်းဖက် အရေပြားအောက်မှာ ထုံဆေး-ပိုးသန့်ဆေးသုံးပြီး ထည့်ထားရတယ်။ သူကနေ Progestogen ဟော်မုန်းကို ၃ နှစ်ကြာအောင် ထုတ်ပေးနေမယ်။ လစဉ် မ-မျိုးဥအိမ်ကနေ မ-မျိုးဥမထွက်စေအောင် တားဆီးပေးတယ်။ သားအိမ်အဝရှိတဲ့ ချွဲကျိတဲ့ အရည်ကိုလဲ ပြစ်စေးလာစေလို့ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် ထားမယ်။ သားအိမ် အတွင်းသား နံရံကိုလဲ ပါးလွှာစေလို့ သန္ခေတွယ်ကပ်မှာကိုလည်း တားဆီးပေးမယ်။

၉၉% မက ထိရောက်တယ်။ လစဉ်ရာသီလာအပြီး ၅ ရက်မြောက်နေ့က စထည့်ထားရင် ချက်ချင်းထိရောက်တယ်။ အဲဒီအချိန်မှာ ကိုယ်ဝန်ရှိမနေစရေဘူး။ ကလေးဖွါးပြီးစမှာလဲ ထည့်နိုင်တယ်။ သားပျက်ပြီးစလဲထည့်နိုင်တယ်။ ကလေးနို့တိုက်တာကိုလဲ သက်ရောက်မှုမပြု။ လစဉ် ရာသီမလာမီ လက္ခဏာတွေကိုလဲ သက်သာစေတယ်။

ဘာဘဲလုပ်လုပ် သတိကြီးစရာတွေတော့ ရှိပါတယ်။ မတော်တာ၊ မထင်တာ ဖြစ်လာတတ်တယ်။ ရာသီ မမှန်တာ၊ ထည့်ထားတဲ့နေရာ ပိုးဝင်တာ၊ နာကျင်တာ၊ ထည့်ပေးတာက နေရာမကျတာ၊ ထည့်ထားတဲ့ ပစ္စည်းက ဟိုရောက် ဒီရောက်သွားတာ စသဖြင့်။ ၁၉၉ဝ ကျော်မှာ စပေါ်တုံးက အလွန်ဆွဲဆောင်မှုရှိတဲ့ ကိုယ်ဝန်တားနည်းဖြစ်လာရာကနေ ၂ဝ၁၁ အစပိုင်းရောက်တော့ ကိုယ်ဝန် ရသွားသူပေါင်း ၆ဝဝ ရှိတယ်လို့ ဗြိတိန် တီဗွီတွေမှာ ပြောလာတယ်။ မကြာခင်မှာဘဲ အဲလိုပြောတာ မဟုတ်တဲ့အကြောင်း မီဒီယာက နားလည်မှုလွဲတာပါလို့ (ဂါးဒီးယန်း) သတင်းစာကနေ ပြန်ရေးတယ်။ ၁ဝ နှစ်အတွင် ကိုယ်ဝန်ရသူပေါင်း ၅၄၈ ယောက်ရှိတယ် ဆိုတာဟာ မအောင်မြင်မှုနှုန်း တနှစ်မှာ ဝ့ဝ၁၄% သာဖြစ်တယ်။ အောင်မြင်မှုနှုန်းက ၉၉့၉၈% ဖြစ်တယ်။

1. Nexplanon ဆိုတာ Organon ကုမ္ပဏီကထုတ်ပြီး Etonogestrel ပါတယ်။ ၃ နှစ်ခံတယ်။
2. Norplant ကနောက်မှပေါ်လာတာ။ ၁၉၈၃ ကတည်းက ဖင်လန်နိုင်ငံမှာ စသုံးခဲ့တယ်။ Levonorgestrel (Progestin) 36 mg ပါပြီး (2.4 mm × 34 mm) အရွယ်ရှိတဲ့ Silicone capsules (၆) ခု ဖြစ်တယ်။ ၅ နှစ် ခံတယ်။ ယပ်တောင် ပုံလေးလို လှလှပပလေး ထည့်ပေးတယ်။ အပေါ်ကနေ မြင်နေရတတ်တယ်။ သေခြာစမ်းရင် သိနိုင်တယ်။ အိန္ဒိယကထုတ်တဲ့ Norplant capsules ၆ တောင့်ထဲမှာ Aprogestin ပါတယ်။ ဝတဲ့သူတွေလဲ ရတယ်လို့ ပြောတယ်။ ၅ နှစ်ထားနိုင်တယ်။
3. Jadelle (Norplant II) နာမည်နဲ့ တခြားနိုင်ငံတွေမှာ ရှိတယ်။ (2.5 mm × 43 mm) အရွယ် (စီလီကွန်) (၂) ချောင်းထဲမှာ 75 mg Levonorgestrel ပါတယ်။ ၁၉၉၆ က စသုံးတယ်။ အစက ၃ နှစ် နောက်တော့ ၅ နှစ် အာမခံတယ်။ အစနှစ်မှာ တနေ့ကို 100 µg/day နောက်၊ 40 µg/day နဲ့ 30 µg/day နှုန်းနဲ့ ၅ နှစ်ကြာ ထုတ်ပေးနေမယ်။ လက်မောင်း အတွင်းဖက်၊ အရေပြားအောက်မှာ (ဗွီ) ပုံသဏ္ဌာန် ထည့်ပေးမယ်။ ထည့်နည်းကို http://www.rxlist.com/jadelle-drug.htm မှာ အတိအကျ ပြပေးထားတယ်။
4. Implanon (Etonogestrel) ကို ဗြိတိန်မှာ ၁၉၉၉၊ ကတည်းက စသုံးတယ်။ 4 cm x 2 mm အရွယ်ရှိတယ်။ တတောင်ဆစ် အောက်နား အရေပြားအောက်မှာ ထည့်လေ့ရှိတယ်။ အခု အဲဒါ Nexplanon နဲ့ အစားထိုးလိုက်ပြီ။ ခပ်ဆင်ဆင်ပါဘဲ။ ဒါပေမဲ့ ဓါတ်မှန်မှာ ပေါ်နိုင်တာ လုပ်ထားတယ်။ Applicator ပါလို့ ထည့်ရတာလဲ လွယ်တယ်။ အရင်ဟာကို ၃ နှစ် ကျော်ရင်တော့ အသစ်နဲ့ အစားထိုးတာ ကောင်းတယ်။ Implanon ကိုသာ USA မှာ ၂ဝဝ၆ ဇူလိုင်ကစပြီး လိုင်စင်ပေးထားတယ်။ Etonogestrel 68 mg ပါပြီး၊ ၃ နှစ်ခံ၊ (၁) ချောင်းထဲ ဖြစ်တယ်။ ထုံဆေးသုံးပြီး လူနာက ညာသန်ဆိုရင် ဘယ်လက်ဖျံမှာ တဒေါင်ဆဆစ် အထက် လက်မောင်း အတွင်းဘက် ၈-၁ဝ စင်တီမီတာ နေရာမယ် ထည့်ပေးတယ်။ ၅-၁၅ မိနစ်အလုပ်သာ ဖြစ်တယ်။ ၄% လောက်မှာ သွေးခြည်ဥတာ၊ ဖေါင်းတာ၊ နီရဲတာ၊ နာနေတာ ဖြစ်တတ်တယ်။

မထည့်ခင် ကိုယ်ဝန်ရှိမနေတာ သေခြာစေသင့်တယ်။ ဆီးစစ်ပါ။ ရာသီစလာတဲ့ရက်ကနေ ၅ ရက်အတွင်း လုပ်သင့်တယ်။ ကလေး ဖွါးပြီးစ၊ ကလေး ၃ ပါတ်အရမှာ လုပ်နိုင်တယ်။ ကလေးနို့တိုက်တာမှာ ပြဿနာမရှိစေဘူး။ နို့ထဲမှာ ဟော်မုန်း နဲနဲလေးတော့ ပါနေနိုင်တယ်။ ကိုယ်ဝန်ပျက်ပြီးသူက ချက်ချင်းထည့်နိုင်တယ်။ ထည့်ပြီး ၂၄ နာရီကစပြီး သက်ရောက်မှု ရှိမယ်။ ပြန်ထုတ်ပြီးရင် မကြာခင် ကိုယ်ဝန် ရနိုင်လာတယ်။

ရေရှည်မှာ ဘာဖြစ်သလဲ။ ကင်ဆာ မဖြစ်တာတော့ သိထားတယ်။ တခြားဆိုတာတွေ သိပ်မသိလှသေးပါ။ ဘေးထွက်-ဆိုးကျိုး မရှိတော့ မဟုတ်ပါ။ ဟော်မုန်း တန်ခိုးက ကြီးတယ်။ တခုကောင်းတာက တခုခုဖြစ်ရင် ထုတ်ပြစ်လိုက်ယုံဘဲ။ ဆေးထိုးတာသူတွေနဲ့ မတူဘူး။ ဆေးသတ္တိက ချက်ချင်း ရပ်သွားတာ။ မွေးလမ်းကြောင်းကနေ သွေးဆင်းနေချိန်၊ အသဲရောဂါရှိနေရင်၊ သွေးခဲပိတ်ရောဂါရှိနေရင် မသုံးရဘူး။ မျိုးဥအိမ် အကျိတ်ရှိသူတွေလဲ မသုံးသင့်ဘူး။ လူကောင် ဝလွန်းသူတွေအတွက်လဲ ကိုယ်ဝန်တားဘို့ မသေခြာလှဘူး။ ဥပမာ Body mass index ဆိုတာက 35kg/sq metre ကျော်နေရင်။ ကိုယ်ဝန် ရှိနေရင်၊ အသဲရောဂါ ရှိနေရင်၊ အခု ဒါမှမဟုတ် လွန်ခဲ့တဲ့ ၅ နှစ်က ရင်သား-ကင်ဆာရှိရင်၊ (မိုင်ဂရင်း) အမူးရောဂါ ရှိရင် မသုံးသင့်ဘူး။

ဘေးထွက်ဆိုးကျိုးတွေ = ခေါင်းကိုက်၊ ခေါင်းမူး၊ သွေးနဲနဲစွန်းမယ်၊ ရာသီများမယ်၊ မဆင်းဘဲနေမယ်၊ ကိုယ်အလေးချိန်တိုး၊ ရင်သားနာ၊ စိတ်ကျ၊ စိတ်မူပြောင်း၊ ပျို့ချင်မယ်၊ ရာသီမလာတာ လူတိုင်းတော့ မဟုတ်ပါ။ ကိုယ်ရောင်သလိုဖြစ်မယ်၊ ဝက်ခြံပိုထွက်မယ်၊ လူကပိုဝလာ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)၊ စိတ်မူပြောင်းလဲ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)၊ လိင်စိတ် ပြောင်းလဲ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)။

မသုံးသင့်သူတွေ = မွေးလမ်းကနေ ဘာမှန်းမသိဘဲ သွေးဆင်းနေသူ၊ အသဲရောဂါဆိုးရှိနေသူ၊ သွေးခဲပိတ်ရောဂါရှိနေသူ၊ မျိုးဥအိမ်-အကျိတ် ရှိနေသူတွေ၊ St John's wort (Hypericum perforatum, Tipton's Weed, Chase-devil, Klamath weed) ခေါ်တဲ့ စိတ်ကျရောဂါ အတွက် သုံးတဲ့ တိုင်းရင်းဆေး ပေးနေသူတွေ၊ Rifampicin, Rifabutin, Phenytoin, Carbamazepine, Phenobarbital နဲ့ Primidone ဆေးတွေ သောက်နေရသူတွေ HIV ဆေးပေးနေသူတွေမှာ သတိထားရမယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်တာ သမိုင်းကို ဆန်းစစ်တဲ့အခါ စိတ်မသက်သာစရာတွေ တွေ့လာရတယ်။ ၆-၁-၂ဝ၁၁ လန်ဒန်က လာတဲ့ သတင်းတပုဒ်မှာ ၃ နှစ်ခံ Implanon implant သုံးတဲ့ အမျိုးသမီး ၅ဝဝ မယ် ကိုယ်ဝန်ရခဲ့တယ်လို့ ဆိုတယ်။ (တီဗွီ-စတိုရီ) တွေလည်း ပြကြတယ်။ နောက်ထပ် ဒါပေမဲ့တခု ဆက်လာပါတယ် (မီဒီယာ) သမားတွေဟာ အခြေခံသင်္ချာကို နားလည်မှု လွဲနေတယ်တဲ့။ ပြောတဲ့သူက Medical statistician ဆေးပညာ-စာရင်းဇယား ပညာရှင်ပါ။ ၁ဝ နှစ်အတွင်း ကိုယ်ဝန် ၅၈၄ ဆိုတာဟာ Failure rate မအောင်မြင်နှုန်း ဝ့ဝ၁၄% သာဖြစ်ပါတယ်၊ Success rate အောင်ချက်က ၉၉့၉၈၆% ပါတဲ့။

UK မှာ ၁၉၉၉ တည်းက အမျိုးသမီးပေါင်း ၁့၎ သန်း Implanon ထည့်ထားကြတယ်။ ၁၆ဝ၇ က (ကွန်ပလိန့်) တက်တယ်။ ၉၉% ထိရောက်တယ်။ ညွှန်ကြားချက်လဲ ထုတ်ထားလိုက်တယ်။ လူနာတွေကို သတင်းအချက်အလက် အစုံ အသိပေးပါ။ အကျိုးနဲ့ အပြစ်တွေ၊ တခြားနည်းနာတွေ၊ ဘေးထွက်-ဆိုးကျိုးတွေ ပါစေရမယ်။ ပြဿနာပေါ်ရင် ရှင်းလင်းချက်၊ တောင်းပန်ချက်၊ ဘယ်လို ကိုင်တွယ်မလဲ၊ ထည့်ပေးထားသူတွေကို (ဖေါလိုအပ်) ခေါ်ယူစစ်ဆေးမှု စီစဉ်ပေးပါ၊ မထည့်ခင်က ကိုယ်ဝန်ဟာ သားအိမ်ထဲ၊ သားအိမ်ပြင်ပမှာ ရှိနေ-မနေ သေခြာစေပါ။

Dr. တင့်ဆွေ
၁၃-၅-၂ဝ၁၁ ၂၂-၁၂-၂ဝ၁၁

Alcohol and pregnancy အရက်နဲ့ကိုယ်ဝန်

$
0
0
အမျိုးသမီးများ အရက် (သို့မဟုတ်) ဘီယာကို ကိုယ်ဝန်ဆောင်ချိန်အတွင်း သောက်သုံးမယ်ဆိုရင် ဆိုးကျိုး ရနိုင်ပါသလား ဆရာ။

ကိုယ်ဝန်ဆောင်ရင် အရက်လုံးဝမသောက်ဘို့ ဆရာဝန်တိုင်းကနေ တိုက်တွန်း၊ တားမြစ်ပါတယ်။ အထဲက ကလေးကို သက်ရောက်မှုတွေ ဖြစ်စေတယ်။ မွေးပြီးနောက်မှာ ကလေးဟာ ရေရှည်ခံစားရနိုင်တာတွေ ရှိလာနိုင်ပါတယ်။

အရက် (ဝီစကီ၊ ဝိုင်၊ ဘီယာ၊ ရှန်ပန်း၊ ရမ်၊ ဗော်ဒ်ဂါ၊ အားလုံး) ကို ပါးစပ်ကနေသောက်လိုက်ရင် ခပ်မြန်မြန်နဲ့ သွေးထဲကိုရောက်တယ်။ ဗိုက်ထဲကကလေးသွေးထဲကို အချင်းကနေတင့်ကူးပြီး ရောက်သွားမယ်။ မိခင်လောင်း အရက်သောက်သလောက် အထဲကကလေးဆီရောက်ပါတယ်။ တခွက်သောက် တခွက်ရောက်လို့ပြောနိုင်တယ်။ သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်မယ်။ လူတွေအရက်သောက်လိုက်ရင် အရက်ထဲပါတဲ့ဓါတ်တွေကို ပြောင်းလဲပြစ်တယ်။ ကလေးမှာ အဲဒီဖြစ်စဉ်က အတော်ကြီးအချိန်ကြာတယ်။ အရက်ကို အဥကြနေ အဆိပ်အတောက်တွေဖယ်ပေးတယ်။ ကလေးအဲကလေးက ဘယ်လောက်မှ လုပ်နိုင်သေးတာမဟုတ်ပါ။ ဒီတောါ ကလေးသွေးထဲမှာ အရက်က ကြာကြာနေမယ်။ မူးနေတာကြာမယ်။

မိခင်လောင်းက အရက်ကို များများ၊ ကြာကြာသေညက်ရင် သူကနေမွေးလာမဲ့ကလေးမှာ ဒါတွေဖြစ်လာနိုင်တယ်။
• Behavior and attention problems အမူအယာနဲ့ စူးစိုက်မှုပြဿနာ၊
• Heart defects မွေးရာပါ နှလုံးရောဂါ၊
• Changes in the shape of the face မျက်နှာပုံပန်းပြောင်းခြင်း၊
• Poor growth before and after birth သန္ဓေဘဝနဲ့ မွေးလာပြီးနောက်မှာ ဖွံ့ထွားမှု ထိခိုက်ခြင်း၊
• Poor muscle tone and problems with movement and balance ကြွက်သားအားနည်း၊ ထိန်ညှိလုပ်ဆောင်မှုအားနည်းခြင်း၊
• Problems with thinking and speech တွေးခေါ်မှုနဲ့ စကောထိခိုက်ခြင်း၊
• Learning problems သင်ယူမှုထိခိုက်ခြင်း။

တသက်တာဖြစ်မယ်။ အပျော့အပြင်တော့ မတူကြပါ။
• Cerebral palsy မျက်နှာတခြမ်းလေဖြတ်ခြင်း၊
• Premature delivery စောမွးခြင်း၊
• Miscarriage or stillbirth ကိုယ်ဝန်ပျက်ခြင်။ အသေမွေးခြင်း။

အရက်ဘယ်လောက်ဆိုရင် အန္ကရာယ်ရှိသလဲ။ မပြောနိုင်ပါ။ များလေ ဆိုးလေဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၃

Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း

$
0
0
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅)

ပါးစပ်ကို လိင်ဆက်ဆံရာမှာ အသုံးပြုတဲ့အကြောင်းလေး ရေးပါမယ်။ မေးသူလဲရှိ၊ ရေးဘို့လဲလိုတယ် ထင်လို့ပါ။ (အိုရယ်လ်-ဆက်က်စ်) လို့ ခေါ်တာပေါ့။ အကြောင်းအရာ တခုခုကို ရေးတဲ့အခါ အဓိပ္ပါယ် ဖွင့်တာမျိုးနဲ့ စလေ့ရှိတယ်။ အခေါ်အဝေါ် အမျိုးမျိုးကိုလဲ ဗဟုသုတ ပွါးပေးတတ်ကြတယ်။ ဒီဟာမှာတော့ ထည့်မရေးလိုပါဘူး။ ခေတ်စားတဲ့ ဘန်းစကာတွေပါ ထည့်ရေးရင် အတော် ရိုင်းပြီး၊ ပညာပေးနဲ့ မတူတဲ့အပြင် လမ်းလွဲပို့ရာလဲ ကျနိုင်ပါသေးတယ်။

လိင်ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုတာက သိပ်မဆန်းတော့ပါ။ ဒါပေမဲ့ ဒီလိုနည်း လုပ်ပါ-မလုပ်ပါနဲ့လို့ ပြောဘို့က ဆရာဝန်တွေ အလုပ် မဟုတ်ပါ။ သတိထားစရာတွေ မလုပ်မိရင်တော့ ရနိုင်တဲ့ ရောဂါတွေ ရှိပါတယ်။ အများသိကြတဲ့ STD လို့ခေါ်တဲ့ လိင်ကတဆင့်ရတဲ့ ကူးစက်ရောဂါတွေပါ။ ဒီရောဂါတွေ အကြောင်း အကြမ်းဖျင်းလောက်ဘဲ ဒီနေရာမှာ ရေးပါမယ်။ STD ဆိုတာ လိင်ဆက်ဆံရင်းနဲ့ ရောဂါပိုးရှိနေသူဆီက သူ့အဖေါ်ကို ကူးစက်စေတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ အကောင် အမျိုးမျိုးက နေရာ အမျိုးမျိုးမှာ ဖြစ်တယ်။ နေရာဆိုတာ ထိစပ်မှုရှိတဲ့နေရာတွေပါ။ ကျား-မ လိင်အင်္ဂါတွေ ဆိုတာတော့ မပြောစရာ မလို့ဘူးပေါ့။ သမားရိုးကျ မဟုတ်တဲ့ နေရာတွေကတော့ စအို နဲ့ ပါးစပ်။ ဒီနေရာတွေကိုလဲ အသုံးချလို့ ဖြစ်ရတာပါ။ အမှတ် (၁)ကို စအိုအကြောင်းနဲ့ စခဲ့ပါတယ်။ အခု ပါးစပ်နည်း ရေးပါတယ်။

“အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ” ပညာပေးကို ရေးရတာက လက်ကို တုပ်ထားသလို၊ စဉ်းစားမှုကိုလဲ ချုပ်ထားသလို ရှိရပါတယ်။ ခြေတဖက်ကို ဘရိတ်ပေါ်မှာ တင်ပြီး၊ ကားမောင်းရသလိုပါဘဲ။ (ဆဲလ်ဖ်-ဆင်ဆာ) ကိုလဲ အထပ်ထပ် လုပ်ပါမှ။ ကျွန်တော်တို့ ခပ်ရွယ်ရွယ် ခေတ်တုံးက ဗမာစာနဲ့ရေးတဲ့ ဒီလိုင်းပညာပေးဆိုတာက အတော် ရှားပါတယ်။ ဆရာပီမိုးနင်း ရေးတာ တစ်တစ်ခွခွ ရှိလွန်းလှတယ် ထင်တယ်။ အခုစာရေးတဲ့လူကိုလဲ မိတ်ဆွေတွေက “ဒီနံပါတ်ကတော့ နဲနဲများသွားသလား မသိဘူး” လို့ ထောက်ပြရသေးတာ။ ကျေးဇူးတင်တယ်ဗျာ။

ဒီလိုရေးသားရတာကို မျိုးပွါးကျန်းမာရေးလို့ ခေါ်ကြသလို ဖို-မဆက်ဆံရေး ပညာပေးလို့လဲ ခေါ်သေးတယ်။ တိတိပပ ပြောရရင် တခုမှ မပြည့်စုံဘူး။ မျိုးမပွါးဘို့လဲ ပါသလို၊ ဖိုနဲ့မ မဟုတ်တာလဲ ပါသေးတာကိုး။ အင်္ဂလိပ်လိုကြ Sex ဆိုတာနဲ့ လုံလောက်တယ်။ ဒီစာလုံးကို ခုနောက်ပိုင်းမှာ တမင်းစားရေသောက် သုံးလာကြတယ်။ တိုက်ရိုက် ဘာသာပြန်ရင်တော့ “လိင်” ပေါ့။ ဗမာလိုကြတော့ ဒီစာလုံးကို သုံးဘို့ မကောင်းလှသေးဘူး။

၁၉၉၈ ကတည်းက စဉ်တိုက် ဆက်တိုက် အခန်းပေါင်း ၉၄ ခုအထိ ပြသခဲ့တဲ့ Sex and the City ဆိုတာက အတော် နာမယ်ကြီးပါတယ်။ HBO ကနေပြတာပါ။ ဒီဇာတ်လမ်းတွဲမှာ STDs လိင်ကတဆင့် ကူးစက်ရောဂါ၊ Safe sex စိတ်ချရတဲ့ လိင်ဆက်ဆံရေးနဲ့ Promiscuity အမျိုးမျိုး အထွေထွေသော နည်းတွေ ဆိုတာတွေပါတယ်။ ကနေ့ကမ္ဘာမှာ ဆူပါနေရာ ရောက်နေတဲ့ အမေရိကဆိုတဲ့ တိုင်းပြည်၊ ရှေ့မှာပြေးနေတဲ့ နယူးယောက်ဆိုတဲ့ မြို့တော်၊ သူ့ရဲ့ ထိပ်တန်းရပ်ကွက် (မင်ဟတ်တန်) က ရေပေါ်ဆီအလွှာခေါ်မဲ့ Big-city professional women တွေရဲ့ လူမှုဘဝထဲက လိင်မှုဘဝတွေကို ကွက်ကွက် ကွင်းကွင်း ဖေါ်ပြထားတာပါ။ ကျွန်တော့်တို့ဘဝကတော့ သိတဲ့အတိုင်းပါဘဲ။ ဒါ့ကြောင့် နေရာတကာမှာ သွားတူချင်လို့ မရပါ။

ရောဂါပိုးတွေက သွေးတို့၊ (လင့်ဖ်) တို့အပြင် ကိုယ်ခန္ဓာကိုယ် အရည်တွေထဲမှာလဲ နေကြတယ်။ ဆက်ဆံတဲ့အခါ နှစ်ယောက်လုံးကနေ အရည်ဆိုတာမျိုး ထွက်ပါတယ်။ သွားရည်ထဲမှာ ဒုက္ခမပေးတဲ့ ပိုးတွေ ရှိနေတယ်။ သာမန်အရေပြား ဆိုတာက ကောင်းနေရင် ရောဂါရစေတဲ့ပိုးတွေ အလွယ်တကူ ဝင်မလာနိုင်ဘူး။ အနာအဆာရှိရင်တော့ ဝင်လာနိုင်တယ်။ သတိထားဘို့က ကောင်းနေတဲ့ လိင်အင်္ဂါကိုဖုံးထားတဲ့ ပါးလွှာလွှာအရေပြားဟာ ဆက်ဆံရင်းနဲ့ သေးငယ်လှတဲ့ ဒဏ်ရာလေးတွေ ရတတ်တယ်။ မျက်စိနဲ့ မမြင်နိုင်အောင် ငယ်လွန်းတယ်။ ဒါပေမဲ့ မှန်ဘီလူးနဲ့ ကောင်းကောင်းနဲ့ကြည့်မှ မြင်ရလောက်အောင် သေးတဲ့ ရောဂါပိုးတွေအတွက်တော့ အဲဒီဒဏ်ရာလေးတွေက (ဆူပါဟိုင်းဝေး) လမ်းကျယ်ကြီးတွေလို ဖြစ်နေတာမို့ အထဲဝင်လာနိုင်တယ်။

သီအိုရီတော့ ရှိတာပေါ့၊ ဒါပေမဲ့ လက်တွေ့ပြောရရင် လိင်ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုနည်းက STD ရောဂါဝင်တာ အတော် နည်းပါတယ်။ ရောဂါပိုး နာမယ်တွေကို သိအောင် ရေးရရင် Chlamydia, Syphilis, Gonorrhea နဲ့ Herpes တွေပါ။ HIV ကတော့ အနာအဆာရှိနေမှ ဝင်မှာပါ။ ဒါတောင် သုတေသနအရ ပြောရင် Inconclusive “ဟုတ်တယ်လို့ အတိအကျ ပြောမရသေးဘူး” တဲ့။

အကြံပေးတာတခုက ဒီပါးစပ်အသုံးပြုနည်းကို သုံးချင်ရင် အကာအကွယ် လုပ်ဘို့ဖြစ်တယ်။ ကိုယ့်ပါးစပ်နဲ့ အဖေါ်ရဲ့အင်္ဂါကို တိုက်ရိုက် မထိတွေ့စေအောင် အဖုံးသုံးခိုင်းတာပါ။ (ကွန်ဒွမ်)လိုဟာ ဖြစ်ပါတယ်။ Barrier Methods ခေါ်ပါတယ်။ Saran or Cling Wrap လို့ခေါ်တဲ့ ပလပ်စတစ်ကိုလဲ သုံးနိုင်တယ်။ ချောစေတဲ့ဆေး မပါတဲ့ Non-Lubricated Condom ဖြစ်ဖြစ် Flavored Lubricated Condoms အနံ့ပါတာဖြစ်ဖြစ် Kiss of Mint Condoms အမွှေးအကြိုင်ပါတာဖြစ်ဖြစ် သုံးနိုင်တယ်။ ပြည့်စုံအောင် ထည့်ရေးရရင် Gay တွေအတွက် Dental Dams တွေကို အသုံးခိုင်းတယ်။

တလောက မေးတာတခုရှိတယ်။ “သုတ်ရည်ပါးစပ်ထဲ ဝင်မိသွားရင် ကိုယ်ဝန်ရနိုင်သလား” တဲ့။ မရပါခင်ဗျား။ လက်ခံသူမှာ HIV နဲ့ B ပိုး ရှိနေပြီး၊ လုပ်ပေးသူရဲ့ ပါးစပ်မှာ အနာအဆာရှိရင်၊ ဝင်လာနိုင်ပါတယ်။ ပါးစပ်သုံးနည်းကို ကိုယ်ဝန် မရှိအောင် ဆက်ဆံနည်းအဖြစ် သုံးနိုင်သလို အင်္ဂါနှစ်ခု တကယ်ထိတွေ့မှု မလုပ်ခင် Foreplay before intercourse အဖြစ်လဲ သုံးလို့ ရပါတယ်။ လစဉ်ရာသီဆင်းချိန်မျိုးမှာလဲ Alternative ရသေ့စိတ်ဖြေနည်း အဖြစ်သုံးနိုင်သေးတယ်။

ကောင်းတာလေးတွေ ရွေးရေးရရင် ပါးစပ်ကို ဖုံးထားတဲ့အလွှာ Mucus membrane က ပိုပြီး ခိုင်မာလို့ တော်တော့ ပိုး ဝင်မလာနိုင်ဘူး။ ကြိုက်လွန်းလို့ ရှေ့နေလိုက်သူများကဆိုရင် တံတွေးထဲမှာရှိတဲ့ Enzymes အင်ဇိုင်းမ် ဓါတ်ဟာ ဗိုင်းရပ်စ်ကို အာနိသင်ပျက်ပြယ်အောင် Neutralize လုပ်နိုင်တယ်တဲ့။ သေခြာတာကတော့ အင်္ဂါချင်းထိစပ်တာနဲ့ စာရင်တော့ ရောဂါဝင်တာ နည်းပါတယ်။ နည်းတယ်ဆိုတာ မဖြစ်တာကို ဆိုချင်တာတော့ မဟုတ်ပါ။

ဆန့်ကျင်သူတွေ အယူခံဝင်တာကတော့ ပါးစပ်နည်း Oral sex ဟာ Oral cancer ပါးစပ်ကင်ဆာ ဖြစ်ချင်ဖြစ်မယ်တဲ့။ New England Journal of Medicine ရဲ့သုတေသနတခုက ဆိုတာကတော့ တသက်တာမှာ ပါးစပ်နည်းသုံးတဲ့အဖါ် ၅ ယောက် အထိထားသူများဟာ Throat cancer လည်ချောင်းကင်ဆာ ဖြစ်ဘို့ ၂ ဆလောက်ရှိတယ်တဲ့။

ဆေးပညာပေး အချုပ်ရေးရရင် -
၁။ အခြေခံကျတဲ့ တကိုယ်ရေသန့်ရှင်းရေးလုပ်ဘို့ လိုတယ်။ ရေမိုးချိုး၊ သွားတိုက်၊ ပါးစပ်ဆေး သန့်ရှင်းရေး လုပ်ပါ။
၂။ အင်္ဂါနေရာမှာ ပေါက်တဲ့ အမွှေးအမျှင်ထဲမှာ ပိုးရော၊ ချွေးရော၊ အညစ်အကြေးရော အောင်းနေနိုင်တယ်။ တချို့မှာ သန်းတွေ ရှိတယ်။ ယေက်ျားတွေမှာ ဂျွတ်ပေါက်တယ်။ ဒါတွေက တကိုယ်ရေ သန့်ရှင်းရေး လိုလို့ပါ။
၃။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အင်္ဂါတဝှိုက်မှာ ကြွက်နို့ရှိနေရင် ဒါဟာ လိင်ကတဆင့်ကူးစက်ရောဂါ STD ဖြစ်ဘို့ များတယ်။
၎။ ပေါင်ခြံ Groin မှာ Lymph nodes တက်စေ့တွေ ရောင်နေရင်လဲ STD ဖြစ်ဘို့ များတယ်။
၅။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အဖြူ-အရည်ဆင်းနေရင်၊ ယားရင်လဲ STD ဖြစ်ဘို့ များတယ်။
၆။ ရေးပြီးသားတွေ ဖတ်နိုင်ပါတယ်။
၇။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဆီးအောင့်ရင် အရင် ဆေးကုပါ။
ဂ။ ပါးစပ်မှာ အနာ-အဆာ-အကွဲ-အရှ ရှိနေရင် ရှောင်ပါ။
၉။ တယောက်နဲ့ တယောက် အတွင်းသိ အစင်းသိဆိုရင် ပိုသင့်လျော်ပါတယ်။
၁ဝ။ အဲလိုမဟုတ်ရင် (ကွန်ဒွမ်) Condom သုံးပါ။

(ကွန်ဒွမ်) သုံးတာဟာ တိုက်ရိုက်ထိတွေ့မှု မဟုတ်လို့ သာယာမှု နည်းတယ်ဆိုတာ စိတ်ပါ။ အရွယ်ရှိသူများမှာ ဟော်မုန်းတွေ ရှိနေလို့ လိင်ဆက်ဆံချင်စိတ် အမြဲကိန်းအောင်းနေပါတယ်။ “စိတ်ကစားမှု” ကနေ ဆန္ဒ ဖြစ်ပေါ်လာတယ်။ “အထိအတွေ့” ရှိလာရင် ဆက်ပြီး စခန်းသွားချင်လာတယ်။ အထိအတွေ့မှာ သာယာတာဟာ စိတ်ကြောင့်ပါ။ ဆန့်ကျင်ဘက် လိင်နှစ်ဦး လက်ချင်း ထိမိတာတောင် လိင်စိတ် နိုးထတတ်တယ်။ တချို့က မျက်စိချင်း ဆုံတာနဲ့ မေတ္တာ သက်ဝင်တယ် လို့ ပြောကြတယ် မဟုတ်လား။ စိတ်ပါဘဲ။ လူနာတယောက်ကို ထိကိုင်၊ စမ်းသပ်တဲ့အခါ အဲလိုစိတ် မဝင်အောင် ထားတတ်တာက ခိုင်မာတဲ့စိတ်၊ ဘာသာရေး ကိုင်းရှိုင်းသူများမှာ အဲလိုစိတ်ကို ထိန်းနိုင်တာတို့ဟာ သန့်ရှင်းတဲ့စိတ်ပါ။ လိင်တူကို စိတ်ဝင်စားတာကလဲ ဆန်းပြားတဲ့စိတ်။ ဆေးပညာအရ စိတ်အမျိုးမျိုး ဖြစ်ပေါ်စေနိုင်တဲ့ သတ္တိဟာ ဟော်မုန်းတွေ အချိုးအဆကြောင့် ဖြစ်ပါတယ်။ ဟော်မုန်းရဲ့ အထက်မှာက “ထိန်းလို့ ရတဲ့”၊ “လွှတ်လို့ လွယ်တဲ့” စိတ်ဆိုတာ ရှိပါတယ်။

လိင်စိတ်ဖြစ်ပေါ်တာ ပုံမှန်ပါ။ နည်းစမ်းချင်တာလဲ (နော်မယ်)ပါ။ ဖြစ်ပေါ်လာတဲ့စိတ်အတိုင်း စမ်းချင်တဲ့ နည်းကို ကာယကံ မြောက်မယ်ဆိုရင် ကျန်းမာရေးပညာပေးတွေနဲ့ ချင့်ချိန်ပါလေ။ အမျိုးသမီးရဲ့လိင်အင်္ဂကို တခြားတယောက်ကနေ ပါးစပ်နဲပပြုလုပ်ပေးတာကို Cunnilingus လို့ခေါ်တယ်။ Cunnilingus Health risks မိန်းမအင်္ဂါကိုပါးစပ်သုံးပြီး ဆက်ဆံရာမှာ သတိထားရမဲ့ ကျန်းမာရေး = လိင်ကတဆင့်ကူးစက်ရောဂါတွေ၊ လိင်လမ်းကြွက်နို့ နဲ့ ဆက်ဖြစ်နိုင်တဲ့ ကင်ဆာ နဲ့ လျှာကနေထိခိုက်မတာတွေဖြစ်တယ်။http://en.wikipedia.org/wiki/Cunnilingus

Dr. တင့်ဆွေ
၂၈-၁-၂ဝ၁ဝ

Oral practice Q and A ပါးစပ် အသုံးပြုခြင်း အမေး-အဖြေများ
February 7, 2010 1:06 PM
ကျွန်တော်ဟာအတွေ့ အကြုံ တခါနှစ်ခါပဲရှိပါသေးတယ်။ ဒါပေမဲ့ သုတ်မထွက်ဘူး ဖြစ်နေပါတယ်။ ကိုယ့်ဟာကို play ရင်တော့ ထွက်ပါတယ်။ ဒါပေမဲ့ ဖိုမဆက်ဆံရင် မထွက်ဖူးဖြစ်နေတယ်။ ပြီးတော့ အရက်တို့ ဆေးတို့ လဲမသုံးပါဘူး။ အဲလိုမသုံးပဲနဲ့ကို ၈ နာရီ ကြာတာတောင် သုတ်မထွက်ဘူး ဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။ ဆေးကုသမှု ခံယူသင့်ပါသလား။

February 7, 2010 11:17 PM
ကျန်းမာရေး ပညာပေးတာ ကောင်းပါတယ်။ တစ်ခုပဲ။ ဒီလို Oral sex ကိစ္စကို မြန်မာလူမျိုးတွေကို ပညာပေးတောင် ရေးနေရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူများတွေ လုပ်တာကို မကောင်းတာ မှန်သမျှ အကုန်သာ လိုက်လုပ်နေကြရင်တော့ လူမှုရေး ပြဿနာတွေက ရှင်းလို့ ဆုံးတော့မှာ မဟုတ်ပါဘူး။ ENT က ဆရာတွေ oral sex သမားတွေမှာ HPV ကြောင့် Ca tongue ဖြစ်မဖြစ် သုတေသန လုပ်သင့်တယ်လို့ ထင်ပါတယ်။

February 23, 2010 5:38 PM
ယောက်ျားတစ်ယောက်က လိင်တံအရွယ်အစားက ဘယ်လောက်ရှိသင့်သလဲ။ ပြီးတော့ အရွယ်အစား ပုံမှန်အချိန်မှာ ၁ လက်မကျော်ကျော်နဲ့ တောင့်တင်းချိန်မှာ ၄ လက်မ ရှိရင် ပုံမှန်အရွယ်အစား ဟုတ်နိုင်လား။ အကယ်လို့ မဟုတ်ရင် ဘာလုပ်ရမလဲ။ ရိုင်းသွားရင် တောင်းပန်ပါတယ်။

February 23, 2010 5:42 PM
ယောက်ျား လိင်တံပတ်လည်က ဘယ်လောက်ရှိသင့်သလဲ။ ငါးမူးလုံးသာသာဘဲရှိတယ်ဆရာ။ ဘယ်လိုလုပ်ရမလဲ။

Penis enlargement ကို ဖတ်စေချင်ပါတယ်။ မဖတ်အားသေးရင် -
"သန်မာ (သာမန် မဟုတ်ပါ) နေချိန် Erectile penis ကို တိုင်းထွာပြီး၊ September 1996 Journal of Urology မှာ ရေးခဲ့တာကတော့ 12.9 cm (5.08 in) ပျမ်းမျှ ရှိပါတယ်။ ဒီဂျာနယ်ကဘဲ ဆိုပြန်သေးတာက ဘယ်လောက်ဘဲ နဂိုက အရွယ်အစားရှိနေနေ သန်မာလာရင် ဘယ်လောက်ထိ ရှိလာမလဲ ဆိုတာကို တိတိကျကျ မှန်းမရပါဘူးတဲ့။ ဂျူး-ကော့ကေးဆပ် ယောက်ျားတွေဟာ သန်မာချိန်မှာ ပျမ်းမျှ 13.6 cm (5.35 in) လို့ December 2000 International Journal of Impotence Research က ထုတ်ပြန်ပါတယ်။ သိပ္ပံနည်းကျ တိုင်းထွာကြတာမှာ တယောက်နဲ့ တယောက် မတူကြလို့ အများပြောသမျှ ထဲကနေ ပျမ်းမျှယူတဲ့အခါ 12.9–15 cm (5.1–5.9 in) ရှည်ပြီး၊ 2.4 and 5.5 cm (0.9 and 2.2 in) လုံးဝန်းတယ်လို့ မှတ်ယူနိုင်တယ်။ ကျားလိင်အင်္ဂါဟာ သန်မာချိန်မှာ ၂ လက္မခွဲမှ မရှိရင်တော့ Micropenis လို့ဆိုပြီး၊ ဆေးပညာအရ သတ်မှတ်ပါတယ်။"

March 10, 2010 7:18 PM
ကျွန်တော် တခုလောက် မေးလိုရမလားခင်ဗျား ကျွန်တော် သုတ်လွှတ်တာ မြန်ပါတယ်။ အဲတာရောဂါလား ဘာဆေးဝါးတွေ သုံးသင့်သလဲဆိုတာကို ညွန်ကြားပေးပါခင်ဗျား။

Early ejaculation ကို ဖတ်ပါခင်ဗျား။

March 11, 2010 1:30 PM
ကိုယ်ဝန်ပျက်ကျစေချင်ရင် အရက်နဲ့ သွေးဆေးသောက်ရတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျား ပြီးတော့ တောမီးတောက် အရက်နဲ့ဘာနဲ့ သောက်ရင် ကိုယ်ဝန် ပျက်စေနိုင်ပါသလဲ။ ကျနော့် သူငယ်ချင်း တယောက်အတွက် အရေးတကြီး အကူအညီလိုနေလို့ပါ။

မြန်မာနိုင်ငံ ဥပဒေအရ ကိုယ်ဝန်ပျက်ကျအောင်လုပ်တာ အပြစ်ရှိပါတယ်။ အကြံတောင်းတာကို ဆေးပညာဗဟုသုတ အဖြစ်သာ ပြန်ရေးပါရစေ။ အရက်အပါအဝင် ပြင်းထံတဲ့ဆေး၊ အစားအကောက်တွေဟာ ကိုယ်ဝန်နုတာကို ထိခိုက်စေပါတယ်။ ပျက်ကျတဲ့အထိ ဖြစ်မဖြစ်တော့ တပ်အပ် မပြောနိုင်ပါ။

မြန်မာသွေးဆေးကို ဆေးပညာအရတော့ မသိပါ။ လက်တွေ့နယ်ပယ်မှာတော့ မြန်မာဆေးတွေ သောက်ပြီး၊ ရာသီထိန်တာ၊ နောက်ကျတာကို ကုစားလို့ ရတာတွေ တွေ့ဘူးပါတယ်။ အနောက်နိုင်ငံတွေမှာ Morning after pill ခေါ်တယ်။ Plan B လို့လဲ ခေါ်သေးတယ်။ Unwanted 72 (T Pill 72) လို့လဲ ခေါ်တယ်။ အိန္ဒိယမှာတော့ တရားဝင်ရောင်းလို့ ၂ လုံးတွဲဆေး တကပ်ကို ၃၂ ရူးပီးဘဲ ပေးရတယ်။

ဒီခေါင်းစဉ်ကို ပိုပြီးသိလိုရင် Unwanted Pregnancy မလိုချင်တဲ့ ကိုယ်ဝန် ကို ဖတ်နိုင်ပါတယ်။ အချိန်နည်းလို့ ဖြစ်ဖြစ်၊ Privacy အရ သိလိုတာရှိရင် ကိုယ်ပိုင် (အီးမေးလ်) လိပ်စာကနေ မေးရင် တိုက်ရိုက် ပြန်ကြားပေးပါမယ် ခင်ဗျား။

Health News Update
• ၂၅-၂-၂ဝဝ၄။ ဆက်ဆံရာတွင် ပါးစပ်ကိုသုံးလျင် Human papilloma virus (HPV) ကြောင့် Oral tumours ခံတွင်းအကြိတ်ရောဂါ ရနိုင်သည်ဟု သံသယရှိခဲ့သည်မှာ ကြာပြီ။
• ၂၆-၂-၂ဝဝ၄။ အချို့သော Mouth cancer ခံတွင်းကင်ဆာတို့သည် ပါးစပ်သုံးဆက်ဆံနည်းကြောင့် ကူးစက်စေနိုင်သည်။
• ၁၁-၅-၂ဝဝ၇။ New England Journal of Medicine (NEJM) တသက်တာတွင် လိင်ဆက်ဆံရာ၌ ပါးစပ်သုံးသည့် အဖေါ် ၆ ယောက်ထက် ပိုသူ ယောက်ျား-မိန်းမတို့သည် Cancer of the tonsils or at the base of the tongue အာသီး သို့မဟုတ် လျှာအောက် ကင်ဆာဖြစ်ရန် ၉ ဆနည်းပါး ပိုသည်။
• ၉-၅-၂ဝဝ၇။ လိင်ဆက်ဆံရာတွင် ပါးစပ်ကိုအသုံးပြုရန် အဖေါ် ၅ ယောက်ထက်ပိုသူများသည် မသုံးသူများထက် လည်ချောင်း ကင်ဆာဖြစ်ရန် အဆ ၂၅ဝ ပိုသည်။
• ၁ဝ-၅-၂ဝဝ၇။ Johns Hopkins Kimmel Cancer Center သုတေသနက Human papillomavirus (HPV) သည် ယောက်ျားရော၊ မိန်းမပါ Throat cancers လည်ချောင်းကင်ဆာ ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။
• ၁၉-၂-၂ဝဝ၈။ Oropharyngeal cancer ခံတွင်း-လည်ချောင်းကင်ဆာ ကာကွယ်မည့် HPV vaccine ကာကွယ်ဆေးသစ် Gardasil သည် အမျိုးသမီးများအတွက်သာ ထိရောက်သည်။
• ၅-၁၂-၂ဝဝ၉။ Human papillomavirus (HPV) ရှိနေသူ ယောက်ျားအား ပါးစပ်သုံးဆက်ဆံနည်းလုပ်မိပါက Oral, Head, Neck, and Throat cancer ခံတွင်း၊ ဦးခေါင်း၊ လည်ပင်း၊ လည်ချောင်းကင်ဆာ တခုခုဖြစ်စေနိုင်သည်။
• ၁ဝ-၃-၁ဝ နေ့ ရန်ကုန်ကလာတဲ့ (IRIN) သတင်းမှာ “ကိုယ်ဝန် ပျက်ခြင်း-ဖျက်ခြင်းသည် မြန်မာနိုင်ငံတွင် တတိယ အဆိုးဆုံးသော ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်၍ သေဆုံးသည့် အကြောင်းရင်း ဖြစ်သည်။” လို့ ပါတဲ့အတွက် သတိရှိဘို့ကိုပါ အကြံပေးပါရစေ။

Oral Practice and STDs ဆက်ဆံရာမှာ ပါးစပ်ကိုသုံးရင် ရနိုင်တဲ့ ကူးစက်ရောဂါတွေ http://dts-medicaleducation-adult.blogspot.in/2013/08/oral-sex-and-stds.html

Twins Fetal membranes and placenta အမွှာကိုယ်ဝန် အချင်းနဲ့ ရေမြွာအိတ်

$
0
0
(၁) Dizygotic twins (ဇိုင်ဂိုမက်တစ်) အမွှာ
အမွှာတွေထဲမှာ အများဆုံးအမျိုးအစားဖြစ်တယ် မွေးဖွါးမှုပေါင်း ၁ဝဝဝ တိုင်းမှာ ဒီလိုအမွှာက ၇ ယောက်ကနေ ၁၁ ယောက်အထိရှိတယ်။ Sibling twins မွေးချင်းအမွှာလဲခေါ်တယ်၊ False twins အမွှာမှားလို့လဲခေါ်တယ်။ မိခင်လောင်းဟာ နောက်ဆုံးရာသီလာစဉ်က Oocytes ခေါ်တဲ့ မျိုးဥ ၂ ခုထွက်ခဲ့ပြီး ဖခင်လောက်ဆီက သုက်ပိုး ၂ ခုနဲ့ သီးခြားစီ တွေ့ဆုံ ပေါင်းစပ်လို့ ဖြစ်တယ်။ ဒါကြောင့် အမွှာကလေးတွေက လိင်ကအစ မတူကြပါ။ သားအိမ်အတွင်းလွှာမှာ လာတွယ်တာလဲ သီးခြား၊ ရေမြွာလဲ တခြားစီ၊ အချင်းလဲ သီးသန့်ရှိတယ်။ တကယ်လို့ အချင်း ၂ ခုဟာနီးကပ်နေလို့ တခုနဲ့တခု ပူးကပ်သွားခဲ့ရင် ခုခံအားဖြစ်စဉ်မှာ မတည့်တာဖြစ်နိုင်တယ်။

(၂) Monozygotic twins (မိုနိုဇိုင်ဂေါတစ်) အမွှာ
မွေးဖွါးမှုပေါင်း ၁ဝဝဝ တိုင်းမှာ ဒီလိုအမွှာက ၃ ယောက်ကနေ ၄ ယောက်အထိရှိတယ်။ မိခင်လောင်းဟာ နောက်ဆုံး ရာသီလာစဉ်က Oocytes ခေါ်တဲ့ မျိုးဥ ၁ ခုထဲထွက်တယ်။ Cleavage ကွဲထွက်ဖြစ်စဉ် အဆင့်ဆင့်အရ မတူတာ (၃) မျိုးရှိတယ်။ Real twins အမွှာစစ်လို့ခေါ်တယ်။

(က) Cleavage ကွဲထွက်ဖြစ်စဉ် အဆင့် ၂ မှာဖြစ်တယ်။ သားအိမ်အတွင်းလွှာမှာ လာတွယ်တာ သီးခြားဖြစ်မယ်။ ဒါပေမဲ့ အချင်းသီးခြား၊ ရေမြွာအိတ်သီးခြားစီရှိကြမယ်။

(ခ) Cleavage ကွဲထွက်ဖြစ်စဉ် အဆင့် ၃-၄ မှာဖြစ်တယ်။ embryonic bud ခေါ်တဲ့ သန္ဓေအဖူးလေးဟာ blastocyst cavity (ဘလတ်စတိုဆစ်) အခေါင်းထဲမှာ တခြားစီဖြစ်လာမယ်။ Chorion (ခိုရီယွန်) ခေါ်တဲ့ ရေမြွာအိတ်တထပ်ရော အချင်းပါ အတူတူဖြစ်ပြီး၊ ရေမြွာအိတ်ကတော့ တခြားစီရှိမယ်။ မနေ့က ယမုန်နာဆေးခန်းလေးမှာမွေးတဲ့ အမွှာက ဒီအမျိုးအစား ဖြစ်ပါတယ်။

(ဂ) ရှားတဲ့အမျိုးအစားကတော့ Double-layer embryo သန္ဓေသားလွှာနှစ်ထပ်အဆင့်မှာဖြစ်တယ်။ အချင်းတူမယ်၊ Chorion (ခိုရီယွန်) ခေါ်တဲ့ ရေမြွာအိတ်တထပ်ရောတူမယ်။ Amniotic cavity ရေမြွာအိတ်လဲတူမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၄

Pregnancy Myths ကိုယ်ဝန်ဆောင် အယူအဆ အလွဲအမှားများ

$
0
0
၁။ အတူနေတဲ့အနေအထားအရ ကလေးဟာ ယောက်ျားလေး၊ မိန်းကလေးဖြစ်တယ်။ မဟုတ်ပါ။ ဖခင်ဆီကလာတဲ့ X နဲ့ Y (ခရိုမိုဇုမ်း) တွေကနေသာ ကလေးရဲ့လိင်ကိုသတ်မှတ်တယ်။
၂။ ကလေးနှလုံးခုန်သံကနေ ယောက်ျားလေး၊ မိန်းကလေးခွဲသိမယ်။ မဟုတ်ပါ။ ဘယ်လိင်ဖြစ်ဖြစ် နှလုံးခုန်နှုန်းဟာ တမိနစ်မှာ ၁၂ဝ ကနေ ၁၆ဝ ရှိတယ်။
၃။ လက်ကိုခေါင်းပေါ်မြှောက်တင်ရင် ကလေးကို ချက်ကြိုးပတ်နေတတ်တယ်။ မဟုတ်ပါ။ အထဲကကလေး လှုပ်ရှားမှုကြောင့်သာ အဲလိုဖြစ်နိုင်တယ်။
၎။ ကိုယ်ဝန်ပေါ်ရင် ကလေးက ကြီးမယ်။ မဟုတ်ပါ။ ကိုယ်ဝန်တိုင်းမှာ အဲလိုမဟုတ်ပါ။ အရပ်မြင့်သူတွေက ကိုယ်ဝန်သိပ်မပေါ်တတ်ပါ။ ရေမြွာရည်များတာနဲ့ အမွှာကိုယ်ဝန်ကြောင့် ကိုယ်ဝန်က သူများထက်ကြီးမယ်။
၅။ ကိုယ်ဝန်ဆောင်တုံး မျက်နှာမှာ တင်းတိတ်ပေါ်တာဟာ (ကိုယ်ဝန်မျက်နှာဖုံး) ရာသက်ပန်ကျန်မယ်။ မဟုတ်ပါ။ မွေးပြီး ပြောင်း၊ ပျောက်ပါမယ်။
၆။ ကိုယ်ဝန်ဆောင်နေတုံး အတူနေတာ အန္တရာယ်ကြီးတယ်။ မဟုတ်ပါ။ (စာတပုဒ်ရေးထားပါတယ်။)
၇။ ကိုဝန်ရှိစ အိပ်ရာထဈေဒနာတွေက မနက်ထမှာသာဖြစ်တယ်။ မဟုတ်ပါ။ (စာတပုဒ်ရေးထားပါတယ်။)
၈။ ကိုယ်ဝန်ဆောင်ရင် ရေမချိုးနဲ့။ မမှန်ပါ။ ရေချိုး သန့်ရှင်းဘို့ အရေးကြီးပါတယ်။
၉။ Linea nigra ခေါ်တဲ့ ချက်ကနေ ဆီးစပ်အထိတန်းနေတဲ့ အရောင်ရင့်မျဉ်းကြောင်းကနေ ယောက်ျားလေး-မိန်းကလေး သိတယ်။ ဖြောင့်ရင် ယောက်ျားလေး၊ ကောက်ရင် မိန်းကလေး။ ချက်အထက်ရောက်ရင် ယောက်ျားလေး။ မဟုတ်ပါ။
၁ဝ။ အသားအရေနူးညံရင် မိန်းကလေး၊ ခြောက်နေရင် ယောက်ျားလေး။ မဟုတ်ပါ။
၁၁။ ဆံပင်ပါးပြီး မွဲခြောက်ရင် မိန်းကလေး။ များပြီး အဆီပြန်နေရင် ယောက်ျားလေး။ မဟုတ်ပါ။
၁၂။ အချိုကြိုက်နေရင် မိန်းကလေး။ အငန် နဲ့ အချဉ်ကြိုက်ရင် ယောက်ျားလေး။ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၄

Submucous fibroids သားအိမ်အတွင်းလွှာက အလုံး

$
0
0
(၁) ကျွန်မ အသက်မှာ 40 ဖြစ်ပြီး 2005 ခုနှစ်တွင် အိမ်ထောင်ကျခဲ့ပြီး ယခု သမီး ၇ နှစ်နှင့် သား ၄ နှစ် ထွန်းကားခဲ့ပြီး ဖြစ်သည်။ယခုလက်ရှိ ရန်ကုန်မြို့ တွင်နေထိုင်လျှက်ရှိပြီး ဆရာဝန့့် နှင့် ပြသလျှက်ရှိပါသည်။ Ultrasound ရိုက်ကြည့်တာ၊ သားအိမ်ထဲမှာ အလုံးတွေ့ရှိနေကြောင်းနဲ့ အခုဆိုရင် 3.2cm x 2.7cm လောက် ရှိနေပြီး တွေ့သမျှ OG တိုင်းကတော့ ခွဲထုတ်ပြီး သားအိမ်ပါထုတ်ပစ်မည့်အကြောင်း ပြောကြသည်။ ကျွန်မမှာ Thyroid နဲ့ပက်သက်ပြီး cazole ဆေးစားခဲ့သည်မှာ တနှစ်ခွဲရှိပြီး သွေးခုန်နှုန်း မြန်နေသောကြောင့် မခွဲခိုင်းသေးသောကြောင့် မခွဲရသေးပါ။ ကာလကြာမြင့်စွာ ကြာနေသောကြောင့် အလုံးများထပ်ပွားလာမည်ထင်ပါသည်။ ဆရာ့ဆေးစာကို facebook မှာ တင်ထားတာတွေ့သောကြောင့် သားအိမ်ထုတ်ပစ်စရာ မလိုသော နည်းလမ်းကို အသုံးပြုချင်ပါသည်။ မြန်မာနိုင်ငံတွင် လုပ်ပေးပါသလား။ ဘယ်နေရာမျိုးတွေမှာ လုပ်ပေးပါသလဲဆိုတာသိချင်ပါသည်။ လက်ရှိခံစားနေရသော အမျိုးအစားမှာ သားအိမ်အတွင်းတွင် အလုံးများဖြစ်ခြင်း ထင်ပါသည်။ တစ်လတစ်ခါ ရာသီလာချိန်တွင် မခံမရပ်နိုင်အောင် နာကျင်ခံစားရပြီး သွေးခဲများဆင်းခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် ၅ ရက်လောက် ဆင်းတတ်ပါသည်။ ကျန်ခဲ့သော တလလုံးတွင် မည်သို့သောခံစားချက်မျှမဖြစ်ပါ။ ယခင် Ultrasound ရိုက်ရာတွင် သားအိမ်ကြီးနေသည်ဟုပြောဘူးပါသည်။
(၂) ကျမရဲ့အသက်က ၃၃ နှစ် ဖြစ်ပါတယ်။ အိမ်ထောင်သက် ၅ လကျော် ကြာမြင့်ခဲ့ပါပြီ။ မည့်သည့် တားဆေးသုံးစွဲမှုကိုမှ မပြုလုပ်ခဲ့ပါ။ ပြီးခဲ့သောလမှစတင်ပြီး ပုံမှတ်လစဉ် ရာသီသွေး ပမာဏထက် ပိုများလာသလို ခံစားမိသောကြောင့် OG ထံပြကြည့်ရာမှ Ultrasound Result မှာ Sub-mucous Fibroid (3.5 x 4.2 cm) ရှိကြောင်းသိရှိခဲ့ရပါတယ်။ သားသမီးရရန် ခက်ခဲနိုင်ကြောင်းပြောခဲ့ပြီး OG ထံ အကြံရယူစေပါတယ်။ သမီးလက်ရှိ OG့ နှင့်ပြနေပြီး လစဉ် လာအပြီး ၁၅ ရက်မြောက်မှာ Duphaston 10 mg အား ၁၅ ရက် သောက်စေခဲ့ပါတယ်။ ရာသီကာလ အတွင်းမှာ Ferrovit + Kstat + Kremil S ကို ၅ ရက်ကြာ သောက်စေခဲ့ပါတယ်။့ မှ ခွဲစိတ်မှု မလုပ်သေးဘဲ သဘာဝအတိုင်း သားသမီးရနိုင်ရန် ၃ လ ကြိုးစားစေလိုပြီး နောက်သုံးလအကြာမှာ ပြန်လာပြဖို့ ပြောပါတယ်။ မိသားစုတွင်းမှာလည်း ဆရာဝန်များရှိတာမို့ Major Operation တစ်ခုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း အထိုက်အလျှေက်တော့ သိခဲ့ရပါတယ်။ ဒါ့အပြင် Sub-mucous Fibroid အကြောင်း အင်တာနက်မှ စာတွေ ထပ်ဖတ်တိုင်း ဖြစ်လာနိုင်တဲ့အရာတွေကို တွေ့မြင်ရတဲ့ အခါလည်း တွေးကြောက်မိပြီး ညအိမ်မပျော်ဖြစ်ရပါတယ်။ Sub-mucous Fibroid တွေဟာ In-fertilize ဖြစ်ဖို့ တကယ်ကို ခက်ခဲတာလား၊ တကယ်လို့ သားသမီး ရလာခဲ့ရင်ရော ပျက်တာ၊ စောမွေးတာတွေ တကယ်ဖြစ်စေနိုင်သလား ဆိုတာကိုပါ။ ဒီမေးခွန်းတွေကို ဆရာမကြီ့း့ က စိတ်မပူပန်စေချင်လို့လား မသိပါဘူး၊ သီအိုရီထဲကအတိုင်း လူနာတိုင်းက ခံစားရတာ မဟုတ်ဘူးလို့ပဲ အဖြေပေးခဲ့ပါတယ်။ နောက်နှစ်လဆို ခွဲစိတ်ဖို့ လုပ်သင့်၊ မသင့် ဆုံးဖြတ်ရတော့မှာပါ။ ခွဲစိတ်ဖြစ်ပြီး နှစ်နှစ်အကြာ သားသမီး ပြန်ယူနိုင်မယ်ဆိုရင်တော့ စွန့်စားသင့်ပြီး တကယ်လို့ ခွဲစိတ်ရင်းဖြစ်လာနိုင်တဲ့ သားအိမ်မျက်နှာပြင်ထိခိုက်ခဲ့ရင် ထုတ်ပစ်လိုက်ရမှာမလား ဆိုတာကိုလည်း ကြိုတင်မသိနိုင်တာမို့ ခွဲခန်းထဲကို ဝင်ရမှာကို စိုးထိတ်နေမိပြန်တယ်။ ဆရာဝန် ပေးတဲ့ဆေးတွေကိုလည်း မှန်မှန်သောက်နေရတာကလွဲရင် သမီးတခြားဘာမှလည်း ထပ်မလုပ်တတ်တာမို့ ဆရာက တစ်ခုခု အကြံဥာဏ်ပေးစေလိုပါတယ်။

သားအိမ်အကျိတ် (အလုံး၊ အသားပို)၊ Myoma (မိုင်ယိုးမား)၊ နဲ့ Fibroids (ဖိုက်ဘရွိုက်) အကြောင်း ရေးပြီးဖြစ်ပါတယ်။ အခုမေတားက အဲဒီအလုံးတည်ရှိတဲ့နေရာ ထူးခြားမှုကြောင့် ထူးခြားတာတွေ ရှိတယ်။ သားအိမ်အတွင်းဆုံးအလွှာအောက်မှာရှိတဲ့ အမျိုးအစားဖြစ်နေတယ်။ ကျန်တဲ့ သားအိမ်ကြွက်သားလွှာထဲရှိတာနဲ့ သားအိမ်အပြင်လွှာအောက်မှာရှိနေတာမျိုးတွေနဲ့ ခံစားရတာ မတူပါ။ အခုအမျိုးအစားမှာ ရာသီသွေးပိုဆင်းမယ်။ ရာသီဆိုတာ သားအိမ်အတွင်းဆုံးလွှာကနေဆင်းတာ။ သူ့အောက်မှာ အလုံးကြောင့်ဖေါင်းကြွနေပြီး မျက်နှာပြင် ပိုကျယ်ပြန့်နေမယ်။ ဒါကြောင့် ရာသီပိုများတယ်။

ကုသနည်းမှာလဲ တမျိုးစဉ်းစာရတယ်။ ရာသီပိုများမနေတာကို ကြာကြာထားလို့ တော်သေးတယ်။ များနေတာက ကြာရင် သွေးအားနည်းလာမယ်။ ခွဲရင်လဲ နောင်ကိုယ်ဝန်ယူဘို့အတွက် ခက်နိုင်ပြန်တယ်။ သားအိမ်အလုံး ရှိနေတုံးမှာ ကိုယ်ဝန်ဆောင်လာရင် ဘာဖြစ်လာနိုင်သလဲဆိုတာ ကြိုပြောမရပါ။ အများအားဖြင့်တော့ Fibroids ကပိုကြီးမလာကြပါ။ ကလေးကိုလဲ ဘာမှ မဖြစ်စေပါ။ ကိုယ်ဝန်နဲ့တွဲရှိနေလို့လဲ ဗိုက်ခွဲမွေးကိုမွေးရမယ်လို့ မဆိုလိုပါ။ လူနာတဦးချင်းအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရတယ်။ Fibroids ရှိနေတုံးမှာ ခံစားနေရတာတွေ (သွေးဆင်းများ၊ နာ) မရှိရင် မခွဲသေးဘဲ နေနိုင်တယ်။ တခုခုခံစားလာပြီဆိုရင် -
1. Submucous fibroids အများစုကို ခွဲထုတ်သင့်တယ်။
2. Intramural fibroids ဆိုရင်လဲ ကိုယ်ဝန်မဆောင်ခင် ခွဲထုတ်သင့်တယ်။
3. Intramural myomas ဆိုရင် မခွဲသေးဘဲ နေနိုင်တယ်။
4. Subserous myomas ဆိုရင် မခွဲသေးဘဲ နေနိုင်တယ်။

ဆန်းစစ်မှုတခုရဲ့ ကောက်ချက်
“Submucosal သားအိမ်အတွင်းဆုံးလွှာအောက် နဲ့ Intracavitary သာအိမ်ခေါင်းထဲမှာနေတဲ့ Fibroids တွေဟာ ကလေးရစေနိုင်စွမ်း နည်းတယ်။ Hysteroscopic myomectomy ခွဲစိတ်နည်းနဲ့ဆိုရင် သက်သာတယ်” လို့ တွေ့ရတယ်။ ကလေး မရနိုင်တော့တာလို့ မဆိုလိုပါ။ ကိရိယာသုံးပြီး ခွဲစိတ်နည်းနဲ့လုပ်ရင် ကိုယ်ဝန်ရနိုင်မှု တိုးစေမယ်။

မေးခွန်း အဆက်။ OG မဟုတ်ပေမယ့် ဆရာ့စာတစ်စောင်က သမီးစိတ်ခံစားမှုအတွက် တကယ့်အားဆေးတစ်ခွက် ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် အရမ်းကျေးဇူးတင်ပါတယ် ဆရာ။ မမြင်ဖူး မတွေ့ဖူးပေမယ့် စေတနာအပြည့်နဲ့ အချိန်ကုန်ခံ ဖြေကြား ပေးတာအတွက် သမီးစိတ်မှန်းနဲ့ပဲ ရည်မှန်းကန်တော့လိုက်ရတာကို ခွင့်ပြုပါဆရာ။ ဒီသုံးလအတွင်း ကုသိုလ်ကံ အကြောင်းတရားတိုက်ဆိုင်ပြီး သားသမီးရတနာရခဲ့ရင်လည်း သမီးဂရုတစိုက်ပြုစုပျိုးထောင်သွားမှာပါ။ မရခဲ့ရင်လည်း နောက်နှစ်လမှာ စိတ်ရှင်းရှင်းနဲ့ ခွဲစိတ်ဖို့ကို သေချာတိုင်ပင်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်သွားမှာပါ။

ဟုတ်ပြီ။ အဲလို အပြုသဘောထားနိုင်တာ ကောင်းတယ်။ ကံတရာဆိုတာ ပြောမရဘူး။ ခွဲမဲ့ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၈-၂ဝ၁၃

Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး

$
0
0
သမီးက ကိုယ်ဝန် ၇ လရှိပါပြီ။ ကိုယ်ဝန် စရှိတုန်းကတော့ အလုပ်တစ်ဖက်နဲ့ဆိုတော့ ဆရာဝန်က Susten 100 ကို မနက်တစ်လုံး ညတစ်လုံး သောက်ခိုင်းပါတယ်။ အခု ကိုယ်ဝန် ၇ လရှိပြီဆိုတော့ အလုပ်နားလိုက်ပါပြီ။ ဆရာဝန်က Susten ကို ဆက်သောက်ခိုင်းပါတယ်။ အဲဒါ Susten သောက်ရင် ဆိုးကျိုးတွေ ဖြစ်နိုင်ပါလားရှင့်။

• Susten ဆိုတာ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းဆေးဖြစ်တယ်။ သန္ဓေသားကို သားအိမ်အတွင်းနံရံမှာ လာပြီး တွယ်ကပ်စေဘို့ရာမှာ အကူအညီပေးပါတယ်။ တနည်းအားဖြင့် ကိုယ်ဝန်မြဲစေဘို့ သုံးရတာပါ။ သန္ဓေသားကပ်ပြီးတဲ့နောက်မှာလဲ အချင်းကနေ (ပရိုဂျက်စတီရုန်း) ကို လုံလောက်အောင် ထုတ်လာနိုင်တဲ့အချိန်ထိ ဆက်လုပ်ပေးနေပါမယ်။ ကလေးမွေးပြီးတာနဲ့ အချင်းကနေ (ပရိုဂျက်စတီရုန်) မထုတ်တော့ပါ။
• Susten Gel နဲ့ Susten 100mg injection ထိုးဆေးရှိတယ်။
• ကိုယ်ဝန်ဆောင်နေတုံးမှာ ဒီဟော်မုန်းက (အီစထိုဂျင်) ဟော်မုန်းနဲ့ တွဲပြီး ကူညီပါတယ်။
• Endometrium သားအိမ်အတွင်းနံရံကို သန္ဓေသားကပ်ဘို့ အဆင်သင့်ဖြစ်စေမယ်။
• Placenta အချင်းကိုလဲ အလုပ်အတွက်ကူတယ်။
• Uterus သားအိမ်ကိုလဲ လှုပ်ရှားမှုဖြစ်မလာစေအောင် တားပေးသေးတယ်။
• Breast နို့ကိုလဲ ထွားလာစေမယ်။
• Lactation နို့ရည်လဲ မမွေးမချင်း ထွက်မလာစေအောင်လုပ်တယ်။
• Mucus သားအိမ်အဝမှာရှိတဲ့ အချွဲကိုအားပေးလို့ အပြင်ကနေ ရောဂါပိုး ဝင်မလာစေနိုင်ဘူး။
• Pelvic walls တင်ပါးဆုံတွင်းနံရံကိုလဲ မွေးတဲ့အခါအတွက် အဆင်သင့် လုပ်ပေးမယ်။

• ဘယ်မှာသုံးမလဲ
- Fertility treatment (IVF) or GIFT ကလေးမရနိုင်သူတွေကို ဆေးအဖြစ် ဒီဟော်မုန်းပေးတယ်။
- Recurrent miscarriage ကိုယ်ဝန်ပျက်တတ်သူတွေ၊
- Amenorrhoea ရာသီမလာဘဲနေသူတွေ၊
- Abnormal uterine bleeding သွေးပုံမှန်မဟုတ်ဘဲဆင်းနေသူတွေ၊
- Palliative treatment of advanced, inoperable endometrial carcinoma သားအိမ်ကင်တာ နောက်ပိုင်းအဆင့် ရောက်နေသူတွေအတွက် သုံးပါတယ်။

• ဘေးထွက်-ဆိုးကျိုးများ = ဝမ်းမမှန်ဖြစ်၊ အစာပိုစာချင်၊ ကိုယ်အလေးချိန်တိုး၊ တချို့မှာ ကျ၊ ကိုယ်ရောင်၊ ဝက်ခြံပေါက်၊ အရေပြားအနီကွက်ထွက်၊ စိတ်ကျ၊ ရင်သားအနေရခက်၊ ချောင်းဆိုး၊ အသက်ရှူခက်။
• Carbamazepine ဆေး၊ Phenytoin ဆေးနဲ့ Ciclosporinဆေးတွေနဲ့ တွဲမပေးသင့်ပါ။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၄

Contraceptive IUCD ကိုယ်ဝန်တား သားအိမ်ထဲ ထည့်ထားရတဲ့ ပစ္စည်း

$
0
0
ဆရာ IUD က ထည့်ထားရင်သားအိမ်ကိုဖောက်ပြီး ဝမ်းခေါင်းထဲရောက်သွားနိုင်ပါလား။ အမျိုးသမီးကိုထည့်ပေးမလို့ကို အမျိုးသမီးရဲ့အဒေါ်တွေက အဲဒီလိုပြောနေလို့ပါ။ အဲဒါရှင်းပြပေးပါဆရာ။

ကိုယ်ဝန်တားဘို့ သားအိမ်ထဲ ထည့်ထားရတဲ့ပစ္စည်း Intra-Uterine Contraceptive Device ကို အတိုကောက် (IUCD) လို့ ခေါ်ရာကနေ ပိုတိုတဲ့ (IUD) လို့ ခေါ်လာတယ်။ အင်္ဂလိပ်စာလုံး (တီ) နဲ့တူတယ်။ (တိုယိုတာ) အမှတ်တံဆိပ်နဲ့ ဆင်တယ်။ အရင်ပေါ်ကာစတုံးက အင်္ဂလိပ် စာလုံး (အက်စ်) နဲ့တူတဲ့ ပလပ်စတစ် ပစ္စည်းလေးက ဆရာဝန်တွေ သုံးတဲ့ မြွေရုပ်လေးနဲ့ တူတယ်။ အောက်ဖျားမှာ နိုင်လွန်ကြိုးလေး ၂ ချောင်းက သားအိမ်ထဲ ထည့်ပြီးနောက် (ဗဂျိုင်းနား) ထဲမှာ တိုတိုလေးကျန်အောင် ဖြတ်ပြစ်ပေးလိုက်တယ်။ ဒီပစ္စည်းလေး ရှိနေ-မနေ စစ်လို့ရအောင်ဖြစ်ပါတယ်။

ဒီလို ပစ္စည်း နှစ်မျိုးနှစ်စားရှိတယ်။
၁။ Copper IUD (ကော်ပါး-တီ) ပစ္စည်း။ လူအများဆုံးသုံးတာဖြစ်တယ်။ Paragard ခေါ်တယ်။ သားအိမ်ထဲမှာ ၁ဝ နှစ်ကြာ ထားနိုင်တယ်။ အရေးပေါ်တားနည်း တခုအနေနဲ့လဲ ဆက်ဆံမှုပြုပြီး ၅ ရက်အတွင်း ထည့်ပေးနိုင်တယ်။ ဟော်မုန်း မပါလို့ ကလေးနို့တိုက်သူတွေနဲ့လဲ သင့်တယ်။ Copper IUD ထဲကပါနေတဲ့ Copper ကြေးနီဓါတ်ဟာ သုက်ပိုးအတွက် အဆိပ်ဖြစ်တယ်။

၂။ Hormonal IUD ဟော်မုန်းပါပစ္စည်း။ Mirena လို့ခေါ်တာထဲမှာ Levonorgestrel ခေါ်တဲ့ Progestin ပါနေတယ်။ ပိုထိရောက်တယ်။ ဟော်မုန်းပါနေလို့ ဟော်မုန်းသတ္တိနဲ့ ဘေးထွက်-ဆိုးကျိုး တွေတော့ ရှိလိမ့်မယ်။ သားအိမ်ထဲမှာ ၅ နှစ်ကြာ ထားနိုင်တယ်။ သားအိမ်ဝက အချွဲကိုစေးပျစ်စေလို့ သုက်ပိုး ဝင်မလာအောင်လဲ တားပေးနိုင်တယ်။ သားအိမ် အတွင်းနံရံကိုလဲ ပါးလွှာစေလို့ မျိုးစပ်မှုဖြစ်အုံးတော့ တွယ်ကပ်မှု မဖြစ်စေနိုင်ဘူး။ ရာသီဆင်းတာကိုလဲ နည်းစေနိုင်တယ်။ ဗိုက်နာတတ်တာလဲ သက်သာစေမယ်။

နှစ်မျိုးလုံးကနေ သုက်ပိုးနဲ့ မ-မျိုးဥ မတွေ့စေအာင်လုပ်ပေးတယ်။ မျိုးဥနဲ့သုက်ပိုး တွေ့ကြအုံးတော့ သားအိမ်အတွင်းနံရံမှာ လာမတွယ်စေနိုင်ဘူး။ ဒီပစ္စည်းရှိနေလို့ သားအိမ်နဲ့ သားအိမ်ပြွန်တွေကနေ အရည်တမျိုးထွက်တယ်။ ဒီအရေထဲမှာ White blood cells သွေးဖြူဥ၊ Copper ions (ကေားပါး)၊ Enzymes (အင်ဇိုင်းမ်) တွေ နဲ့ Prostaglandins ဟော်မုန်းတွေ ပါတယ်။

ဘယ်အချိန်မှာ သားအိမ်ထဲထည့်ပေးမလဲ
ကိုယ်ဝန်မရှိတာ သေခြာရင် ထည့်နိုင်တယ်။ ကလေးဖွါးဘူးတဲ့ အမျိုးသမီးကို ထည့်ပေးရတာ ပိုလွယ်ကူတယ်။ ထည့်ထားပြီး ၄-၆ ပတ်နေရင် တခါစစ်သင့်တယ်။ ဖြစ်နိုင်ရင် ရာသီတခါဆင်းပြီးတိုင်း စစ်သင့်တယ်။ ဆရာဝန်ဆီ မသွားနိုင်ရင် ကိုယ့်တိုင် ကိုယ့်လက်ချောင်းထည့်ပြီး နိုင်လွန်ကြိုးလေး စမ်းတွေ့-မတွေ့စစ်နိုင်ပါတယ်။

Copper IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၆ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ Hormonal IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၂ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ အဲလိုဖြစ်ရတာရဲ့ အများဆုံးအကြောင်းရင်းက ပစ္စည်းထွက်ကျတာ မသိလိုက်လို့ဖြစ်တယ်။ မွေးပြီးကာစ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ထည့်ပြီးနောက် တနှစ်အတွင်းမှာ ဖြစ်တာများတယ်။ ကလေး မမွေးဘူးသေးသူတွေလဲ ဖြစ်တယ်။

Hormonal IUD သုံးသူတွေ ၉ဝ% မှာ ရာသီဆင်းတာ နည်းစေမယ်။ ဗိုက်နာတတ်တာလဲ သက်သာမယ်။ တချို့မှာ ရာသီ မဆင်းတာလဲ ရှိတယ်။ ရောဂါမဟုတ်ပါ။ Endometrial hyperplasia သားအိမ်ရောဂါ နဲ့ Endometrial cancer သားအိမ်-ကင်ဆာတွေ ဖြစ်တာ သက်သာစေနိုင်တယ်။ Endometriosis သားအိမ်ရောဂါ ရှိနေသူတွေလဲ ခံစားရတာတွေ သက်သာစေနိုင်တယ်။ Ectopic pregnancy ဖြစ်တာလဲ နည်းတယ်။ လူ ပိုမဝစေနိုင်ဘူး။

သတိထားစရာတွေ
• ပိုက်ဆံပိုကုန်ကျတယ်။
• ရာသီဆင်းတာ များတတ်တယ်။ တချို့မှာ ဗိုက်နာတာပိုနိုင်တယ်။ ကြားရက် သွေးနဲနဲဆင်းချင်ဆင်းမယ်။
• လူ ၁ဝဝဝ မှာ ၁ ယောက် သားအိမ်ကနေ ပေါက်ထွက်သွားတတ်တယ်။
• လူ ၁ဝဝ မှာ ၂ ယောက်ကနေ ၁ဝ ယောက်လောက် ထွက်ကျတတ်တယ်။ ထည့်ကား ပဌမနှစ်အတွင်း အဖြစ်များတယ်။
• Hormonal IUD သုံးသူတွေမှာ ကင်ဆာမဟုတ်တဲ့ မျိုးဥအိမ်-အကျိတ် ဖြစ်နိုင်တယ်။ မခွဲရဘဲ ပျောက်သွားတတ်ပါတယ်။ တားဆေး-စားဆေးတွေလိုဘဲ ဟော်မုန်းသတ္တိတွေရှိမယ်။ ရင်သားတင်းတာ-နာတာ၊ စိတ်မူပြောင်းတာ၊ ခေါင်းကိုက်တာ နဲ့ ဝက်ခြံ ထွက်တာတွေ ဖြစ်တယ်။ သိပ်မများလှပါ။
• တကယ်လို့ ပစ္စည်းထည့်ထားရင်း ကိုယ်ဝန်ရရင် ထုတ်ပြစ်ရမယ်။
• PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း ဖြစ်မလား စိုးရိမ်တာရှိပေမဲ့ ထည့်တုံးက ရှိနေခဲ့လို့ဖြစ်တာများတယ်။
• STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေတုံး မထည့်ပါနဲ့။ STDs တွေကို မကာကွယ်နိုင်ဘူး။

(ကောပါး-တီ) ကို အရေးပေါ်တားနည်းအဖြစ်သုံးနည်း
ကျားသုက်ပိုးနဲ့ မမျိုးဥတွေဆုံပြီးနောက် သားအိမ်နံရံမှာသန္ဓေကပ်ခြင်းဟာ မျိုးဥထွက်ပြီးနောက် ၆ ရက်ကနေ ၁၂ ရက် အတွင်းမှာ ဖြစ်နိုင်တယ်။ IUDs ထည့်တာကို မျိုးဥထွက်ပြီးနောက် ၅ ရက်အတွင်း လုပ်နိုင်တယ်။ မျိုးဥမထွက်ခင် ၃ ရက် လောက်အတွင်း အတူနေခဲ့တာကိုပါ ကာကွယ်မယ်။ အဲဒီရက်ဟာ အတူနေခဲ့ပြီး ၈ ရက်အထိအချိန်ကြာဖြစ်နိုင်တယ်။ ဒါပေမဲ့ မျိုးဥထွက်ရက်ကို မစိမ်းဘဲ မသိနိုင်လို့ အကာကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း IUD ထည့်သင့်တယ်။ WHO ကတော့ ရာသီရက် ၁၂ ရက်မြောက်နေ့အထိ သုံးနိုင်တယ်လို့ ဆိုတယ်။ Copper IUD ကို ၁၂ နှစ်အထိထားနိုင်တာ ပေါ်လာပြီ။ သတိထားဘို့က (STIs) လိင်ကတဆင့်ကူးစက်ရောဂါ ရှိနေသူတွေ မသုံးသင့်ဘူး။

Follow-up ပစ္စည်းထည့်ထားပြီးနောက်
သန္ဓေတား သားအိမ်ထဲထည့်ထားရတဲ့ ပစ္စည်းထည့်ထားပြီရင် ဘာတွေကို ဂရုစိုက်ရမလဲ။ ၄-၆ ပါတ်နေရင် ထည့်ပေးတဲ့ ဆရာဝန်က တခါခေါ်စစ်ပါမယ်။ ဒိနောက်မှာတော့ တနှစ်တခါသာစစ်ဘို့လိုမယ်။ လစဉ်ရာသီလာတိုင်း ထွက်ကျ-မကျ ကိုယ့်ဖါသာစစ်ပါ။ ကြားထဲမှာလဲ ကိုယ့်ဖါသာ ကိုယ့်လက်နဲ့ကို စစ်နေနိုင်တယ်။ ခက်တာလဲရှိမယ်။ လွယ်တာလဲရှိတယ်။ ဆရာဝန်ကို တိုင်ပင်ပါ။ လိုအပ်တိုင်း ဆရာဝန်ကိုတိုင်ပင်ပါ။

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၂
၃၁-၃-၂ဝ၁၄
Viewing all 323 articles
Browse latest View live