Quantcast
Channel: Medical Writings for Over 18
Viewing all 323 articles
Browse latest View live

Sperm life span သုက်ပိုးတွေ ဘယ်လောက်ကြာကြာရှင်နေနိုင်သလဲ

$
0
0
Sat, Mar 9, 2013 at 9:34 AM
ယောက်ျားလေးရဲ့ သုက်ရည်ထဲကသုက်ပိုးဟာ ခန္ဓာကိုယ်အပြင်ဘက်မှာ အချိန်ဘယ်လောက်ကြာကြာ နေနိုင်ပါသလည်း။ တကယ်လို့ သုက်ပိုးဟာ ခနွာကိုယ်အပြင်ဘက်ရောက်ပြီး အချိန် နည်းနည်းကြာမှ မိန်းမအင်္ဂါထဲကို လက်ကနေတဆင့် အနည်းငယ် ကပ်ပါသွားခဲ့ရင်ရော ကိုယ်ဝန်ရနိုင်ပါသလား။

• Sperm သုက်ပိုးက ဘယ်မှာနေတာလဲ သိရမယ်။ သူတို့နေစရာအပ်ါမှာမူတည်ပြီး ဘယ်လောက်ကြာကြာ ရှင်နိုင်သလဲ ကွာခြားတယ်။
• သုက်ရည်ကို အမျိုသမီးရဲ့ ဗဂျိုင်းနားထဲမှာ ထုတ်လွှတ်ရင် အကြာဆုံး အသက်ရှင်နေနိုင်တယ်။ ဗဂျိုင်းနား၊ သားအိမ်အဝနဲ့ သားမအိမ်ထဲ၊ သားအိမ်ပြွန်နေရာတွေမှာ ၃ ရက်ကနေ ၅ ရက်အထိ ရှင်နေကြမယ်။
• ဒါကြောင့် အမျိုးသမီးတွေဟာ တလမှာ တရက်တည်းမှာသာ မျိုးဥကထွက်ပေမဲ့ မျိုးဥမထွက်ခင် သုက်ပိုးတွေက အရင်ရောက်နေလို့ ရှင်နေသေးရင် ကိုယ်ဝန်ရနိုင်မယ်။
• အလားတူ မျိုးဥထွက်ပြီးနောက် မျိုးဥ ရှင်နေချိန်အတွင်း သုက်ပိုးနဲ့တွေ့ဆုံပေါင်းစပ်ရင်လဲ ကိုယ်ဝန်ရစေနိုင်တယ်။
• လူ့ကိုယ်ခန္ဓာပြင်ပမှာ သုက်နေရရင် သုက်ပိုးနဲ့အတူထွက်တဲ့ Semen (စီမင်) အရည်ထဲမှာဆိုရင် ရှင်နေနိုင်သေးတယ်။ နာရီအနည်းငယ်လို့ ပြောနိုင်တယ်။
• (စီမင်) ကို အေးအောင်ထားရင် ပိုကြာကြာထားနိုင်တယ်။ ခဲအောင်လုပ်ထားရင် နှစ်နဲ့အထိထားနိုင်တယ်။
• လူ့ကိုယ်ခန္ဓာပြင်ပမှာ သုက်ပိုးတွေက မိနစ် ၂ဝ ကနေ ၁ နာရီအထိရှင်နိုင်တယ်။ သုတေသန်တချို့က မိနစ် အနည်းငယ်မှ ၁-၂ ရက်လို့ပြောတယ်။
• ဘာမှာကွာသလဲဆိုရင် အပူချိန်၊ အစိုဓါတ်၊ ပါတ်ဝန်းကျင်အခြေအနေတွေပေါ်မှာ မူတည်တယ်။ အက်စစ် အခြေအနေ၊ ဖိအား၊ စိုထိုင်းဆစတာတွေ။
• ကိုယ်ဝန်ရမှာစိုးရိမ်ရင် သုက်ရည်ကို ဗဂျိုင်းနားနဲ့ ဝေလေကောင်းလေ ဥပဒေသကိုလိုက်နာသင့်တယ်။
• တကယ်တန်း သုက်လွှတ်ခြင်းဖြစ်စဉ် မတိုင်ခင်မျာ စိုစွပ်မှုပေးတဲ့ လိင်စိတ်ကနေဖြစ်စေတဲ့ အရည်ထဲမှာ သုက်ပိုးပါနေ-မနေ ကံသေကမ္မပြောမရပါ။ ရာခိုင်နှုန်းနည်းနည်းတော့ ပါနေနိုင်တယ်။
• ပုဝါအစိုထဲ၊ အဝတ်စိုထဲ၊ ရေထဲ၊ ရေချိုးကန်ထဲမှာ ပိုနေနိုင်မယ်။
• မျိုးဥသက်တမ်းက ပိုတိုတယ်။ သူ့ကိုယ်ထဲမှာသာရှိနေပေမဲ့ မျိုးဥအိမ်ကနေထွက်လာပြီးနောက်မှာ ၁၂ နာရီကနေ ၂၄ နာရီသာ ရှင်တယ်လို့ သုတေသနအများစုက ဆိုတယ်။ တချို့ကတော့ ၇၂ ကနေ ၁၂ဝ နာရီအထိ နေနိုင်တယ်လို့ ပြောတယ်။
• ရှားပါးပေမဲ့ ဖြစ်နိုင်သေးတာက အမျိုးသမီးဟာ တလတည်းမှာ မျိုးဥနှစ်ခုကို ၂၄ နာရီအတွင်းမှာ ထွက်နိုင်တယ်။ တရက်ကျော်မှထွက်တာလဲ ပြောမရဘူး။ ထွက်လာရင် ၂ ရက်အထိရှင်နိုင်တယ်လို့ ဆိုတာလဲရှိပါတယ်။
• ဒါကြောင့် အများဆုံးရက်တွေကို စုပေါင်းလိုက်ရင် တလမှာ ကိုယ်ဝန်ရနိုင်ခြေက သုက်ပိုးအသက် ၅ ရက်နဲ့ မျိုးဥအသက်၂ ရက်ဖြစ်လို့ (၅ + ၂ = ၇) ရက် ဖြစ်တယ်။
• အကောင်းဆုံး ကိုယ်ဝန်ရစေနိုင်တဲ့ရက်ဟာ အမျိုးသမီး မျိုဥမထွက်ခင် ၁ ရက်မှာ ယောက်ျားသုက်ပိုး ဝင်လာစေတာ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၉-၃-၂ဝ၁၃

Q and A Over 18 Readings (131)

$
0
0
1. ကျွန်တော်နာမည်က (့) ပါ။ အသက်က ၂၂ ရှိပါပြီ။
2. အမျိုးသမီးများ ဘာသာအာသာဖြေခြင်း
3. ကျနော့် ကောင်မလေးက ၂၄ နှစ်ပါ။
4. သမီး ကလေးလိုချင်လို့ ပြီးခဲ့တဲ့လ ၂၂ ရက်နေ့က စပြီး
5. သူမှာ ရည်းစားရှိတယ်လေ သူ့ရည်းစားကလည်း
6. ကိုယ်ဝန်မဆောင်ရစေရန်ရက်ရှောင်နည်းကို ပြောပြပေးပါ
7. အခုစင်ကာပူမှာ အလုပ်လုပ်နေပါတယ် 12/03/2013 ည
8. ကျွန်တော်အသက်က ၂၆ နှစ်ပါ၊ မိန်းကလေးတွေနဲ့ မပျော်ဘူးပါဘူး၊
9. ကျွန်တော် အိမ်ထောင်ကျတာ 9 နှစ်ရှိပါပြီး။
10. ကိုယ်ဝန်မဆောင်ရစေရန်ရက်ရှောင်နည်းကို ပြောပြပေးပါ
11. သမီး အခု attached တွဲထားတာတွေက
12. မိန်ကလေးတွေရဲ့လိင်အင်္ဂါဟာ
13. ကျွန်တော့် ကောင်မလေးကို ကျွန်တော်
14. ကျွန်တော် ကောင်မလေးနဲ့ တစ်လပိုင်းမှာ
15. ကျနော် (့) နိုင်ငံမှ မြန်မာအလုပ်သမားတစ်ယောက်ပါ။

Wed, Mar 13, 2013 at 7:55 PM
ကျွန်တော်နာမည်က (့) ပါ။ အသက်က ၂၂ ရှိပါပြီ။ ကျွန်တော်မှာ သွေးတိုးရှိပါတယ်။ သွေးကျဆေးကိုလည်း သောက်နေရပါတယ်။ ဆေးစားတော့သွေးပေါင်ပုံမှန်ဖြစ်ပါတယ်။ ဆေးစစ်တော့လည်း ကျောက်ကပ်၊ နှလုံး အကုန်ကောင်းပါတယ်ဆရာ။ ကျွန်တော်အခုဖြစ်နေတဲ့ symptoms ကတော့နုံးချိပြီး မောပန်းတယ်ဆရာ။ ပြီးတော့ ကျွန်တော်ကအာသာဖြေတာကို နေ့တိုင်းလုပ်ဖြစ်တယ်။ ဒူးလည်းသိပ်မခိုင်သဖြင့် ကြာကြာရပ်ရင် မူးချင်တယ်ဆရာ။ အဲ့လို symptoms ဖြစ်တာ ၆ လလောက်ရှိပါပြီ။ သွေးတိုးဖြစ်တာတော့ ၂ နှစ်လောက်ရှိပါပြီ။ အခုဆေးနှင့်တော့ သွေးပေါင်ကို ထိန်းနိုင်ပါတယ်ဆရာ။ ဒါပေမယ့်ခုနက symptoms တွေက ဖြစ်နေတယ်ဆရာ။ အာသာဖြေတာကို ကျွန်တော် မလုပ်တာအခုတပတ်ရှိပြီ။ နုံးပြီးမောတဲ့ symptoms ကျန်သေးတယ်။ အဲ့ symptoms တွေဟာ သွေးတိုးကြောင့်လား ဒါမှမဟုတ် တကိုယ်ရေအာသာဖြေသောကြောင့်လား သိချင်ပါတယ်။ ကျွန်တော်က single ပါ။ လိင်လည်း မဆက်ဆံဖူးပါဘူး။ အာသာဖြေနေတာတော့ကြာပါပြီ။ ၃ နှစ်လောက်ရှိပါပြီ။ ကျွန်တော် အခုသောက်နေတဲ့ သွေးကျဆေးကတော့ BETALOG50mg, AMLO-DENK 5 (5MG) ၂ မျိုးဖြစ်ပါတယ်။ ဘယ်ဆေးတွေထပ်စားပြီး ဘယ်လို ဆေးစစ်မှု လုပ်ရမလဲသိချင်ပါတယ်ဆရာ။

Masturbation လုပ်တာအတွက် သိပ်မစိုးရိမ်ပါနဲ့။ အားနည်းတယ်လို့ ခံစားရရင် အကြိမ်လျှော့ပါ။ ခဏတဖြုတ်ဖြစ်ဖြစ် နားပြီး၊ အစားအသောက် အားရှိစေမှာစားပါ။ သွေးကျဆေးတွေမှာ တခြားဆေးတွေလိုပဲ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ တခုခုနဲ့ တခုတော့ မတူပါ။ Betalog 50mg = Metoprolol (Beta-blocker)
Amlo-Denk 5 = Amlodipine besylate
သွေးတိုးဆိုတာ ဆေးနဲ့၊ အစားအသောက်နဲ့ ထိန်းနေရတယ်။ ငယ်တုံးဖြစ်တာမို့ ရေရှည်သတိထားပါ။ ဆေးစစ်ထားတာမို့ အစိုးရိမ်မကြီးပါနဲ့။ သွေးကျဆေးကို အမျိုးအစား ပြောင်းတာ၊ ဆေးအတိုးအလျှော့လုပ်တာ လိုတယ်။

Thu, Mar 14, 2013 at 6:12 AM
အမျိုးသမီးများ ဘာသာအာသာဖြေခြင်း http://dts-medicaleducation-adultblogspotin/2012/03/female-masturbationhtml ဆိုတဲ့ ဆရာရေးထားတာကို ဖတ်ကြည့်ပြီးပါပြီဆရာ။ အဲ့လိုလုပ်လို့ လက်မှာအနာတော့ မရှိပါဘူး။ ဒါပေမယ့် တခြားရောဂါတွေ ကူးနိုင်ပါသလားဆရာ။ လက်ကပါတဲ့ပိုးမွားတွေနဲ့ပေါ့ဆရာ။ အဲ့လိုကူးနိုင်ပါသလားဆရာ။ နောက်ပြီးအရေးကြီးတဲ့ သားအိမ်ခေါင်းကင်ဆာ ဆိုတဲ့ရောကြီးရောကူးနိုင်ပါသလားဆရာ။ အဲ့တာလေးသိချင်လို့ပါဆရာ။

ပိုးမွှားဆိုတာ လမ်းကြောင်းမှန်ရင် ကူးစက်နိုင်တယ်။ ဒါကြောင့် ဘာပိုးလဲ သိမှ ပြောလို့ရမယ်။ သားအိမ်ခေါင်းကင်ဆာဆိုတာ ကူးစက်ရောဂါမဟုတ်ပါ။

Thu, Mar 14, 2013 at 6:17 AM
ကျနော့် ကောင်မလေးက ၂၄ နှစ်ပါ။ သူခုတလော မကြာမကြာ နှလုံးခုန်တာ မြန်ပြီး မောလာတယ်။ အဲလိုအချိန် ပက်လက် အိပ်နေရင် ပိုခုန်တယ်။ ပြီးတော့ အရမ်းပင်ပန်းတယ်တဲ့ အဲဒါ နှလုံးရောဂါများလားစိုးရိမ်မိတယ်။ ပြီးတော့ အရမ်းကြောက်စရာ မြင်ပြီးရင်လဲ ဖြစ်တတ်ပါတယ်။ အလုပ်ကတော့ သိပ်မပင်ပန်းပါဘူး။ အလုပ်က တော့ ပုံဆွဲဒီဇိုင်နာပါ။ အရပ် ၅ ပေ ၁ လက်မ။ အလေးချိန် ၁ဝ၅ ပေါင်။ အချိန်ရရင် ဖြေပေးစေချင်တယ်။ ဒါမှမဟုတ်လင့်ပေးစေချင်တယ်။ ပြီးတော့ ဆရာ ဘလော့ကို အကြံပေးပါရစေ။ ဆရာပို့စ်တွေရှာ မလွယ်ပါဘူး။ ဖြစ်နိုင်ရင် အမျိုးတူ အုပ်စုလိုက် ခွဲစေချင်တယ်။ ဥပမာ အရေပြား၊ နှလုံး၊ မျက်စိ၊ အစာအိမ် အုပ်စုရဲ့အောက်မှာ ရှာရင် ပိုအဆင်ပြေနိုင်မယ် ထင်ပါတယ်။ နှလုံးခုန်နှုန်း အရင်သိမှ အကြမ်းပြောနိုင်ပါတယ်။ ကိုယ့်ဖါသာ လက်ကောက်ဝတ်နေရာကိုစမ်းရင်သိမယ်။

ကြောက်စိတ်နဲ့ နှလုံးဆက်စပ်မှုဆိုတာ နှစ်လုံးရောဂါကြောင့် ကြောက်တာကို ဖြစ်စေတာမဟုတ်ပဲ ကြောက်တာ၊ ဒေါသထွက်တာ၊ မောပန်းတာတွေကြောင့်သာ နှလုံးကို သက်ရောက်စေတယ်။ ဒါလဲ အခိုက်အတန့်သာဖြစ်မယ်။ ဆေးစာတွေကို မာတိကာမှာ ရှာနိုင်သလို သိချင်တာကို ရှာဖွေစက် Search ထဲရိုက်ထည့်ပြီးလဲ ရှာနိုင်ပါတယ်။ ဆရာလဲ ဒိထက်အဆင်ပြေလောက်မဲ့နည်း မတွေ့သေးလို့ ဒီအတိုင်းလုပ်ထားပါတယ်။

Thu, Mar 14, 2013 at 10:06 AM
သမီး ကလေးလိုချင်လို့ ပြီးခဲ့တဲ့လ ၂၂ ရက်နေ့က စပြီး ဆေးမသောက်တော့ပါဘူး။ ပြီးခဲ့တဲ့လ ၁၈ ရက်နေ့က ရာသီစလာပါတယ်။ ဆေးဖြတ်ပြီး ရက်ပိုင်းအနည်းငယ် ရာသီလာပြီး တစ်ပတ်လောက်မှာ ရာသီလာခါနီး ခံစားရသလို နို့သီးနာပြီး ခါးနာ အဖြူအနည်းငယ်ဆင်း ဆင်းတဲ့နေရာက အနည်းငယ်ယားတာနဲ့ ဆရာမပြတော့ ဟော်မုန်းအားဆေး Evening oil, Vitamin E, Fame က ထုတ်တဲ့ ပျိုမေအားဆေး rejuva ကို ရောပြီး ငါးရက်လောက်သောက်တာ ပျောက်သွားတယ်။ ပျောက်ပြီး နောက် ၂ နှစ်ရက်လောက်နေတော့ နှာဆေးချောင်းဆိုးလို့ Fluza နှာဆေးဆေး သောက်တာ၃ခွက်သောက်ပြီး ဒီလ ၁၈ ရက်လာရမှာ အခု ၁၄ရက်နဲ့လာနေတယ်။ နည်းနည်းလဲများတယ်။ မူးလဲမူးတယ်။ သမီးစိုးရိမ်တာ ကိုယ်ဝန်ရှိပြီး အကိုက်အခဲပျောက်ဆေးသောက်ပြီး ကားခုန်လို့ပျက်ကြမှာစိုးတာပါ။ သမီးသိချင်တာ ကိုယ်ဝန်က ဘယ်အချိန်၊ ဘယ်လိုမျိုးဆို ပျက်ကြတတ်သလဲ။ ဆင်ခြေရအောင်ပါ။ သမီးကိုယ်ဝန်အမြန်ရချင်ပါတယ်။ သမီးစ အိမ်ထောင်ကျပြီး တစ်လဆေးထိုးတာ ၇ လလောက် နောက်ပိုင်း တစ်လဆေးသောက်ပါတယ်။ အခုအိမ်ထောင်ကျတာ ၂ နှစ်ခွဲရှိပါပြီ၊ သမီးက အသက် ၂၆ နှစ်ပါ။ ယောက်ျားက ၃၁ နှစ်ပါ။

နှလုံးခုန်နှုန်း အရင်သိမှ အကြမ်းပြောနိုင်ပါတယ်။ ကိုယ့်ဖါသာ လက်ကောက်ဝတ်နေရာကို စမ်းရင်သိမယ်။ ကြောက်စိတ်နဲ့ နှလုံးဆက်စပ်မှုဆိုတာ နှစ်လုံးရောဂါကြောင့် ကြောက်တာကို ဖြစ်စေတာမဟုတ်ပဲ ကြောက်တာ၊ ဒေါသထွက်တာ၊ မောပန်းတာတွေကြောင့်သာ နှလုံးကို သက်ရောက်စေတယ်။ ဒါလဲ အခိုက်အတန့်သာဖြစ်မယ်။ ဆေးစာတွေကို မာတိကာမှာ ရှာနိုင်သလို သိချင်တာကို ရှာဖွေစက် Search ထဲရိုက်ထည့်ပြီးလဲ ရှာနိုင်ပါတယ်။ ဆရာလဲ ဒိထက်အဆင်ပြေလောက်မဲ့နည်း မတွေ့သေးလို့ ဒီအတိုင်းလုပ်ထားပါတယ်။ မစိုးရိမ်ပါနဲ့။ ကိုယ်ဝန်ဟာ အင်မတန် ဆန်းကျယ်တယ်။ ပျက်ချင်ရင် သတိကြီးကြီးထား နေတာစားတာလုပ်လဲ တားမရသလို၊ တော်တော်တန်တန် ချော်လဲလို့လဲ ပျက်မကျဘူး။ စာတွေရေးထားတာတော့ ရှိပါတယ်။ ကိုယ်ဝန်လိုချင်လို့ မျှော်လင့် ပြင်ဆင်ထားသူအတွက် အနုတ်သဘောစာတွေ မဖတ်စေချင်ပါ။ အပြုသဘောသာ တွေးမြင်စေချင်ပါတယ်။ တပုဒ်တော့ ပို့လိုက်တယ်။
Pregnancy - Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း

Thu, Mar 14, 2013 at 11:55 AM
သူမှာ ရည်းစားရှိတယ်လေ သူ့ရည်းစားကလည်း ကျွန်တော်သူငယ်ချင်းဘဲလေ။ အခုဖြစ်နေတာက သူကောင်မလေးကို သူအရမ်းချစ်တယ်။ ဒါပေမယ့်သူအိမ်က သူအမေကသဘောမတူဘူးဖြစ်နေတယ်။ သူအိမ်က သဘောမတူတော့ သူလည်း စိတ်ညစ်နေတယ်လေ။ သူကောင်မလေးကိုလည်း သွားမတွေ့ဘူး။ သူအခု online ပေါ်မှာboy တွေနဲ့သူငယ်ချင်းထားတယ် ရိုးရိုးဆိုရင်တော့ပြောစရာမဟုတ်ပါဘူး။ အခုဟာက သူ အဲဒါကောင်တွေနဲ့အပြင်မှာတွေ့ ဖုန်းတွေဆက်လိုက်နဲ့ ဟိုကဖုန်းဆက်လို့ မကိုင်လိုက်ရရင်ကို မနေနိုင်အောင်ဖြစ်နေတယ်လေ သူကိုကြည့်လိုက်ရင် သူဘဲက ဖုန်းဆက်တာ ကြနေတာဘဲ။ အခုတလော သူအပြင်မှာအဲဒီကောင်တွေနဲ့တွေ့ပြီး လိင်တူဆက်ဆ့ခဲ့တယ်လိုပြောတယ် တစ်ခါဆိုရင်တော့ မသိလို့ပေါ့ အခုဟာကတစ်ခါမကတော့ဘူး လေးခါတောင်ရှိနေပြီး ဒါကိုကျွန်တော်ကိုဘဲပြောပြတာလေ။ သူကို ဒီလိုမဖြစ်စေချင်ဘူးဆရာ။ သူကောင်မလေးကိုလည်းသနားတယ် သူဒီလိုဖြစ်နေတာကို သူ gay ဖြစ်တော့မှုကို မကြည့်ရက်ဘူးလေ။ သူအိမ်ကသိရင် ပြသနာတေံတက်နိုင်တယ်။ အိမ်မှာကလည်း သူကတစ်ဦးတည်းသောသား ဖြစ်နေတော့ ကျွန်တော် ဘယ်လိုလုပ်ပေးရင်ကောင်းမလဲ။

လူမှုရေးအတွက်တော့ ဆရာဝန်မလိုပါ။

Thu, Mar 14, 2013 at 3:47 PM
ကိုယ်ဝန်မဆောင်ရစေရန်ရက်ရှောင်နည်းကို ပြောပြပေးပါ မမျိုးဥကြွေကျတယ်ဆိုတာ ရာသီလာတာ ကိုဆိုလိုတာလား။ စာတွေကိုဖတ်ရတာ နားမရှင်းလို့ပါ။ သိချင်တာတွေကို မျှဝေပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။
မျိုးဥနဲ့ ရာသီ မတူပါ။ ရာသီလာတိုင်း မျိုးဥထွက်ချင်မျထွတ်ာလဲရှိတယ်။ အပျိုဖြစ်စ မျိုးဥထွက်ချင်မှထွက်တယ်။ မျိုးဥထွက်မှသာ ကိုယ်ဝန်ရမယ်။ ရာသီနဲ့ တိုက်ရိုက်မဆိုင်ပါ။
Calendar method ပြက္ခဒိန်နည်း

Thu, Mar 14, 2013 at 2:15 PM
အခု (့) မှာ အလုပ်လုပ်နေပါတယ် 12/03/2013 ည 11:23 မိနစ်မှာ သမီးဦးကို (့) က (့) ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ အမျိုးသမီးကတော့ နေကောင်းပါတယ်။ ဒီနေ့ပဲ (14/03/2013) ဆေးရုံကဆင်းခဲ့ပါတယ်။ ရေမွှာရေ ဖောက်တဲ့အချိန်မှာ အရောင်က အစိမ်းပုတ်ရောင်ဖြစ်နေပါတယ်။ နောက်ပြီး ကလေးမွေးတဲ့အချိန်မှာ ကလေးက ငိုပြီးတော့ထွက်လာပါတယ် ရိုးရိုးမွေးချင်းဖြစ်ပါတယ်။ မွေးကာစမှာ ကလေးက နို့တွေဘာတွေစို့ပါသေးတယ်။ မွေးပြီး ၁နာရီလောက်အကြာ ကလေးက တော်တော်လေး ငိုလာပါတယ်။ အဲဒီညမှာပဲ 2:15 လောက်မှာ ကလေးကို NICU အခန်းထဲကိုထားတဲ့အကြောင်း လာပြောပါတယ်။ ကလေးကို အောက်စီဂျင်ပေးထားပါတယ်။ ဆရာဝန်က ရှင်းပြပါတယ်။ ကလေးက ရေမွှာရေကို ဗိုက်ထဲမှာကတည်းက တော်တော်လေးမြိုချထားလို့ ဓါတ်မှန်ရိုက်ထားကြောင်း သွေးလည်း စစ်ထားကြောင်းပြောပါတယ်။ အခုသမီးလေးက ဆေးရုံမှာထားခဲ့ရပါတယ်။ ဆေးရုံမှာ တစ်ရက်အတွက် (့) လောက် ကျပါတယ်။ အနည်းဆုံး ၁ ပါတ် အများဆုံး ၂ ပါတ်လို့ပြောပါတယ်။ ငွေအင်အားက အများကြီးမတတ်နိုင်ပါ။ သမီးကိုလည်း စိတ်အရမ်းပူမိပါတယ်။ အဲဒါလေးကို ဆရာအနေနဲ့ကျွှန်တော်တို့အတွက် ဗဟုသုတအနေနဲ့ ရှင်းပြစေချင်ပါတယ်။ ငွေအင်အားက ကလေး ၇ ရက်လောက်အထိတော့ရှိပါတယ် အဲထပ်များလာရင်တော့ ဘယ်လိုမှ မတတ်နိုင

်တော့ပါ ရွာကိုလည်း ထောက်ပံ့နေရသေးတယ်ဆိုတော့ တော်တော်လေးစိတ်ညစ်နေပါတယ်။ ကလေးအခြေအနေကတော့ အသက်ရှူအရမ်းမြန်လို့လို့ဆရာတွေကပြောပါတယ် နောက်ပြီး ဓါတ်မှန်ကို ကွန်ပြုတာကနေဖွင့်ပြပါတယ် ကလေး ရင်ဘက်တော်တော်များများနေရာလေးမှာ ရေတွေရှိနေသလိုမျိုး ရှိကြောင်းပြပါတယ်။ သိပ်မစိုးရိမ်ပါနဲ့။ တတ်နိုင်တဲ့ဆေးရုံတွေမှာမို့ အဲလို အထူး စစ်ဆေး-ကုသမှု လုပ်နိုင်တာပါ။ ရေမြွာရည်အတွက် သိပ်ကြီး မစိုးရိမ်ရလောက်တော့ပါ။ မြန်မာပြည်မှာဆို အဲလောက်ထိ မကုန်ကျနိုင်ပါ။ တောမှာဆို သိတဲ့အတိုင်းပေါ့။ ဆရာ့အထင်တော့ ကလေး နို့စို့နိုင်ရင်၊ ငိုရင် ကောင်းလာမှာလို့ ထင်ပါတယ်။ မြို့သာကို သတိရတယ်ဗျာ။ အန်တီကတော့ မိဘနာမည်တွေပြောတာ မှတ်မိသတဲ့။

Thu, Mar 14, 2013 at 2:03 PM
ကျွန်တော်အသက်က ၂၆ နှစ်ပါ၊ မိန်းကလေးတွေနဲ့ မပျော်ဘူးပါဘူး၊ တခါက ကျွန်တော်ချစ်သူနဲ့ တွေတာမှာ ကျွန်တော့် ညီလေးက မြန်မြန်မနိုးဘူး၊ နိုးတော့လည်း ဘာမှ မလုပ်ပဲ ပြန်အိပ်သွားတယ်၊ ဂွင်းတော့ထုဖြစ်ပါတယ်၊ အဲ့ဒါ ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်၊ နောက်တခါသွားရင် အဲ့လို့ဖြစ်မှာဆိုးလို့မသွားရဲ့ဘူးဖြစ်နေတယ်၊ ကြီးအောင်နဲ့ ကြာအောင် ဘယ်လိုလုပ်ရမလည်း၊ ဘာဆေးတွေသောက်ရမလည်းဆိုတာ သိချင်လို့ပါ၊ခုတော့ Oramin G သောက်နေပါတယ်။ ပြီးတော့၊ Gemron သောက်ဆိုလို့သောက်နေပါတယ်၊အကူအညီပေးပါအုန်းနော်။

ဆေးစာ၊ ကျန်းမာရေး ဆရာဝန်ကိုမေးရင် သူငယ်ချင်းတွေလို အရပ်စကားတွေက နားရှုတ်စေတယ်။ တည့်တည့်ကို ယဉ်ကျေးအောင်ရေးလို့ မြန်မာစကားက ကြွယ်ဝပါတယ်။ သိချင်တာကို ဒီ လင့်ကိုဖွင့် အောက်ဆုံးက မာတိကာမှာ ရှာဖတ်နိုင်ပါတယ်။

Thu, Mar 14, 2013 at 3:34 PM
ကျွန်တော် အိမ်ထောင်ကျတာ 9 နှစ်ရှိပါပြီး။ သားသမီးလည်း 2 ယောက်ရှိပါတဲ။ ကျွန်တော်အမျိုးသမီးက ကလေးခြားအောင် တားဆေးထိုးလာတာ 6 နှစ်လောက်ရှိပါပြီ။ အခု ကလေးတစ်ယောက် ထပ်လိုချင်လို့ ဆေးမထိုးဘဲနေတာ 1 နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် အခုအချိန်ထိကို ကလေးမရသေးပါဘူး။ အဲဒါဘာကြောင်ပါလဲဆရာ။ တာဆေးက 3 လခံထိုးပါတယ်ဆရာ။ အဲဒါတားဆေးတွေထိုးလို့ ကလေးမရတာလာဆိုတာ သိချင်ပါတယ်။ နောက်တစ်ခုက တားဆေးတွေဖြတ်လိုက်ပြီးနောက်ပိုင်းမှာ ရာသီလာတာ ပုံမှန်မဟုတ်တော့ပါဘူး။ တလကို ရာသီ 2 က်ြမ်စီ သွေးဆင်ပါတယ်။ သွေးဆင်းရင်လည် အများကြီးလို့ ပြောပါတယ်။ အဲဒါဘာကြောင်ပါလဲဆရာ။ Depo က အဲလိုဖြစ်တ်တယ်။ ဆရာရေးထားတာထဲမှာ လေ့လာမှုတခုထဲပါသလိုပဲ။ စိတ်ရှည်ပါ။ ရလာပါမယ်။
Depo Provera သုံးလခံ ထိုးဆေး

Thu, Mar 14, 2013 at 3:47 PM
ကိုယ်ဝန်မဆောင်ရစေရန် ရက်ရှောင်နည်းကို ပြောပြပေးပါ မမျိုးဥကြွေကျတယ်ဆိုတာ ရာသီလာတာ ကိုဆိုလိုတာလား။ စာတွေကိုဖတ်ရတာ နားမရှင်းလို့ပါ။ သိချင်တာတွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

မျိုးဥနဲ့ ရာသီ မတူပါ။ ရာသီလာတိုင်း မျိုးဥထွက်ချင်မျထွတ်ာလဲရှိတယ်။ အပျိုဖြစ်စ မျိုးဥထွက်ချင်မှထွက်တယ်။ မျိုးဥထွက်မှသာ ကိုယ်ဝန်ရမယ်။ ရာသီနဲ့ တိုက်ရိုက်မဆိုင်ပါ။
Calendar method ပြက္ခဒိန်နည်း

Wed, Mar 13, 2013 at 5:53 PM
သမီး အခု attached တွဲထားတာတွေက ဒီနေ့ ထပ်စစ်လို့ သိရတာတွေပါ။ သမီးကို တချက်လောက်ကြည့်ပေးပြီးတော့ ဖြေပေးပါ ဆရာ။

ဖတ်လို့ရတာထဲမှာ (၁) ကင်ဆာမဟုတ်။ (၂) ညာဘက် မျိုးအိမ်ကြီးနေ လို့ပါတယ်။ (၃) ဆက်လက် စောင့်ကြည့်နေသင့်တယ်လို့ မှတ်ချက်ပေးထားတယ်။ OG ကဘယ်တော့တခါ လာပြပါဆိုတာ ညွှန်ပါလိမ့်မယ်။

Thu, Mar 14, 2013 at 8:48 PM
မိန်ကလေးတွေရဲ့လိင်အင်္ဂါဟာ လိင်ဆက်ဆံပါများရင် ချောင်သွားတယ်ဆိုဟုတ်ပါသလားဆရာ။ ဘယ်နှစ်ကြိမ်လောက်မှာ ချောင်သွားတာလဲဆရာ။ မချောင်အောင်လုပ်လို့ မရဘူးလားဆရာ။

ဟုတ်ပါတယ်။ လူချင်းမတူပါ။ ကီဂယ် လေ့ကျင့်ခန်းဖတ်နိုင်ပါတယ်။

Thu, Mar 14, 2013 at 8:54 PM
ကျွန်တော့် ကောင်မလေးကို ကျွန်တော် Masturbation လုပ်ပေးတဲ့အခါမှာ သူမပြီးဘဲကျွန်တော်ပြီးသွားပါတယ်ဆရာ။ အဲ့တာဘယ်လိုဖြစ်တာပါလဲဆရာ။ ပြီးတော့ ကျွန်တော်လုပ်ပေးလိုက်တာ လက်နည်းနည်းလွန်သွားသလား မသိဘူးဆရာ။ သူက နာပြီးအောင့်နေတယ်လို့ပြောပါတယ်ဆရာ။ အဲ့တာဘာလုပ်ရမလဲဆရာ။

Female Masturbation (1) အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/03/female-masturbationhtml
Female Masturbation (2) အမျိုးသမီးများ အာသာဖြေခြင်းဟာ အကုသိုလ်လား http://dts-medicaleducation-adultblogspotin/2012/03/female-masturbation-2html

Fri, Mar 15, 2013 at 9:51 PM
ကျွန်တော် ကောင်မလေးနဲ့ တစ်လပိုင်းမှာ သုံးခါလောက် ဆက်ဆံဖြစ်ပါတယ်။ ဆက်ဆံတိုင်း ကွန်ဒုံး(သို့) အပြင်ပြီးပါတယ်။ မဆက်ဆံခင်ကတည်းကok pills တားဆေးမြန်မာစာအညွန်းနဲ့ ၂၈ လုံးပါတဲ့ဆေးကို ကြိုသုံးထားခဲ့ပါတယ်။ အဲဒီပထမလက ရာသီပုံမှန်လာပါတယ်။ နှစ်လပိုင်းရောက်တော့ ဆက်ဆက်တဲ့ရက်နည်းတာနဲ့ ဆက်ဆံတဲ့ရက်မှာသာ သုံးပြီးမဆက်ဆံတဲ့ရက်မှာ သုံးလိုက်မသုံးလိုက့်ဖြစ်သွားပါတယ်။ ရာသီလာမယ့်ရက်ကျော်လို့ အခုဆို ၁၅ ရက်တောင်ရှိတော့မယ်မလာလို့ ဆီးစစ်ပစ္စည်းနဲ့ ကိုယ်တိုင်ဘဲစစ်ခဲ့ပါတယ်။ အဖြေကတော့ (မရှိ)ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ပူလို့ ဘာကြောင့် မလာတာလဲသိချင်ပါတယ်။ သွေးကိုလဲ စစ်လို့မဖြစ်နိုင်လို့ပါဆရာ။ ကျွန်တော်သုံးတဲ့ ok ဆေးမှာတော့ ဒီလိုရေးထားတဲ့ဆေးပါဆရာ 21 beige colored, each contain levonorgestrel 0.15mg. Ethinylestradiol 0.03mg(low dose) 7 brow colored pills. each contain ferrous fumarate 75mg ပါဆရာ။ တစ်လက်စတည်း ဒီဆေးကို အရေးပေါ်ဆေးလို သုံးလို့ ရ-မရ တကယ်လို့ရခဲ့ရင် သုံးစွဲနည်းလေးပါ ထည့်ရေးပေးပါဆရာ။

ဆီးစစ်တာ တကြောင်းတည်သာပေါ်ရင် ကိုယ်ဝန်မရှိပါ။ ရာသီမလာသေးရင် စောင့်နိုင်ပါတယ်။ ပဌမတခါဆီးစစ်ပြီးလို့ ထပ်သေချာချင်သေးရင် နောက် ၂ ပါတ်အကြာမှာ ထပ်စစ်ပါ။ ကိုယ်ဝန်မလိုချင်သေးရင် တားဆေး-တားနည်း စနစ်တကျသုံးပါ။ အားလုံးကို ရေးထားပါတယ်။ ၂၁-၂၈ လုံးဆေးက အလွယ်ဆုံး၊ စိတ်အချရဆုံးဖြစ်ပါတယ်။

Mon, Mar 25, 2013 at 2:45 PM
ကျနော် (့) နိုင်ငံမှ မြန်မာအလုပ်သမားတစ်ယောက်ပါ။ အသက် ၂၅ ထဲဝင်ပါပြီ 17 အရွယ်ကတည်းက sex ဇာတ်ကားတွေကြည့် အချိန်ကုန်လူပန်း ကျနော် သုတ်ပိုးတွေဖြုန်း တီးခဲ့မိပါတယ် ယခုဒီအသက်ရွယ်ထိ လိင်မဆက်ဆံခဲ့ပါဘူး။ (့) နိုင်ငံဟာ လိင်ဆက်ဆံရေးနဲ့ စီးပွားဖြစ်တဲ့နိုင်ငံမို့ ရောဂါရမှာတအားကြောက်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်ဟာ ကိုယ့်ခွန်အားကိုယ် ဖြုန်းမိနေတာနစ်နဲ့ချီ ရှိခဲ့ပါတယ ၂ဝ၁၂နှစ် အလယ်ပိုင်းမှာ ကျနော့်ကိုယ်ကျနော် ပန်းသေလက္ခဏာ သတိထားမိလာပါတယ ကျနော့် ဘယ်ဘက် testicle က ညာဘက်က ထက်သေးနေခြင်း လိင်အင်္ဂါပျော့လာခြင်းတို့ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က ကျနော် စိတ်ဓာတ်ကျပြီး နောင်တတွေရလာခဲ့ပါတယ်။ စိတ်ဓာတ်ကျတာဟာ ဒီရောဂါကို အားပေးရာ ရောက်တယ်ဆိုတာ ကျနော် တချို့ website တွေမှာဖတ်ဖူးလို့ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ပြုပြင်ပြီး နေလာခဲ့တာ ယခုအချိန်ထိတိုင်ပါဘဲ။ ဒါပေမဲ့ ပြသနာက ကျနော်မှာ ရင်ဖွင့်ပြောပြစရာဘယ်သူမှ မရှိပါဘူး။ မိသားစု အစ်မ,တွေမိဘတွေ ပြောမဖြစ်မို့ အထီးကျန်ပြီး တစ်ယောက်တည်း ရောဂါခံစားနေရပါတယ်။ ရုတ်တရက် ဒီ website ကိုတွေ့တော့ ကျနော် တော်တော်လေးအားရလို့ ဆရာ့ကို ရင်ဖွင့်လိုက်ရပါတယ်။ ကျနော် ထိုင်းဆေးရုံ တစ်ခါသွားဖူးပါတယ်။ ဆရာဝန်က ကျနော်လိင်တံကြည့်ပြီး ဘားမှမဖြစ်ဘူး u r still young နောက်မှပြောသွားလိမ့်မယ်ပြောပြီးဆီးစစ်ခိုင်းတယ်။ ဘာမှမတွေ့တော့ အားဆေးလေးဆိုပြီး ဆေးပေးတယ် ၄, ၅ လ ရှိပြီ ဘားမှမထူးဘူး ကျနော့်ခံစားချက်ပြောပြရင် လိင်တံဟာ တခါတခါမှာ သူ့ အလိုလိုထ လာတာတွေ ဖြစ်နေတုန်းဘဲ,ည အိမ်မက်မက်ပြီးလဲ သူ့ဟာသူထတတ်တ သို့သော် ကြာကြာမခံ လိင်တံထနေတဲ့အချိန်မှာတော့ မသေသေးဘူးလို့ ပြောနိင်ပေမဲ့ ပျော့သွားတဲ့အချိန်ကျ ရင်တော်တော်သေးသွားတယ် ဘာဘဲဖြစ်ဖြစ်ကျနော်က ကိုယ့်ကိုယ်ကို စိတ်အားမြင့် ပြီး ကုသနိင်မဲ့အခွင့်အလမ်းတွေက မျော်နေပါတယ်။ ဆေးဝါး တချို့ လမ်းညွန်နိင်ပေးရန် အထူး ပင်မေတ္တာ ရပ်ခံပါတယ်။ ကျနော် အခုပြောပြ လိုက်တဲ့ဟာတွေကို ဒီ comment ကိုဖတ်တဲ့ ကျနော်တို့ မြန်မာညီအကိုများအတွက် သတိပေးသင်ခန်းစာဖြစ်ပါစေလို လည်းပြောချင်ပါတယ်။

၁။ လူငယ်ဘာဝ လိင်နဲ့ဆိုင်တာတွေကို ကြည့်တာ အများဆုံးဖြစ်နေကြ သဘာဝသာဖြစ်ပါတယ်။ ကိုယ်တယောက်တည်းမဟုတ်ပါ။ ဒါကြောင့် ငါ့မှာထူးပြီး ဆိုးတာ-ကောင်းတာ မဖြစ်စေပါ။
၂။ သုက်ထွက်လို့ သုက်ရည်နည်းသွားတာလို့ မရှိပါ။ အခုထွက်ပြီး အခုချက်ချင်းပြန်ဖြည့်ပေးနေတာမျိုးဖြစ်ပါတယ်။ ကုန်ခမ်းသွားတာမျိုးသဘောမရှိပါ။
၃။ ပန်းသေတယ်လို့ပြောနိုင်တဲ့အချက်အလက်တွေရှိပါတယ်။ Erectile Dysfunction ကို Impotence လို့လဲခေါ်တယ်။ “လိင်ဆက်ဆံမှုပြုနိုင်ဘို့ရာ ကျား-လိင်အင်္ဂါ လုံလောက်အောင် မသန်မာနိုင်တာနဲ့ လိင်ဆက်ဆံရာမှာ အပြည့်အဝ မဖြစ်နိုင်တာ” လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။
၎။ ကျားအစိနှစ်လုံးက တဘက်နဲ့တဘက် အရွယ်အစား တူကြပါတယ်။ ဒါပေမဲ့ မတူတာလည်းရှိမယ်။ ငါးမန်းတွေမှာ ဘာဘက်ကပိုကြီးပြီး ငှက်တွေမှာ ဘယ်ဘက်ကပိုကြီးကြတယ်။ ယောက်ျား ၂၁့၉% မှာ ဘယ်ဘက်က အထက်ကျနေတယ်။ ၂၇့၃% က တညီတည်းရှိတယ်။ ဥရောပယောက်ျားတွေမှာ 12 cm³ ကနေ 30 cm³ ရှိတာမို့ ပျမ်းမျှ ကျားအစိထုထည် 18 cm³ ရှိတယ်။ လူပျိုဖြစ်တာနဲ့ 5 x 2 x 3 cm အရွယ်အစားရှိလာတယ်။ လူတွေဟာ ချင်ပန်ဇီတွေက လူတွေထက်သေးပြီး၊ ဂေါ်ရီလာထက်ကြီးတယ်။ တကယ်လို့ ကိုယ့်ကျားအစိအရွယ်အစားဟာ တဘက်နဲ့တဘက် မတူဘူးထင်ရင် မသိမသာလေးကွာတာအတွက် စိုးရိမ်စရာမလိုပါ။ ရောဂါကြောင့် မတူတာတွေဖြစ်နိုင်ပါတယ်။ တခုခြင်းအကြောင်းတွေ ရေးထားပါတယ်။
1. Orchitis ကျားအစိရောင်ခြင်း၊
2. Hydrocele မုတ်ရောဂါ၊
3. Acute infections ပိုးဝင်ခြင်း၊
4. Testicular cancer ကင်ဆာ၊
5. Spermatic cyst အရည်အောင်းအိတ်ဖြစ်ခြင်း၊
6. Epididymitis အကျောရောင်ခြင်း၊
7. Varicose veins အကျောရောင်ခြင်း၊

၅။ ပန်းသေ-ပန်းညှိုးအကြောင်းတွေလည်း ရေးထားပါတယ်။ ဒီအရွယ်မှာ ဒါတွေမဟုတ်နိုင်တာကိုလည်း သတိပြုပါ။

Q and A Over 18 Readings (132)

$
0
0
1. သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း ဘယ်မှာရှာဖက်ရမလဲဆရာ။
2. ကိုယ်ဝန်ဖျက်တာပါ။ အသက်က ၂၉ အိမ်ထောင်မရှိပါဆေးက ဘာဆေးမှန်းမသိပါ။
3. ကိုယ်ဝန်က 3 လကို ဆေးနှစ်လုံးထိုးတယ်။
4. ကျွန်တော် အခုထိမသက်သာလို့ ခွဲစိတ် ဆရာဝန် တယောက်နဲ့ ဆက်ပြထားပါတယ်။
5. စာပြန်ပေးလို့ ကျေးဇူးတင်ပါတယ်ဆရာ၊ အခုရုံးမှာရှိနေသေးလို့ သေချာမဖတ်နိုင်သေးလို့ပါ၊
6. ကျွန်တော့်အသက် 19 နှစ်ပါဆရာ။
7. အမျိုးသားများမှာဖြစ်တဲ့ ဂနိုရောဂါဟာ ကုသရင်ပျောက်ကင်းပါသလားဆရာ။
8. အရင်မေးလ်တွေတုန်းက ဖြစ်နေတဲ့ ကျွန်တော် အခြေအနေကို သိရဖို့
9. ကျွန်တော့် အသက် က 26 နှစ်ထဲမှာပါ။ ယောက်ျားလေးပါ။
10. အဲဒါ ဘယ်အထူးကုနဲ့ ပြရင် သင့်တော်မလဲ ဆရာ။
11. I'm a new born mom.
12. သမီး cytotec 200 ကို ၁၂ နာရီခြား ၃ ခါ နှင့် ၂၂ ရက်နေ့က စသုံးလိုက်ပါတယ်။
13. ကျွန်တော့် အမျိုးသမီးက အသက် ၂၃ နှစ်ပါ။
14. ကျွန်တော့် အသက် 19 နှစ်ပါ။ နေ့တိုင်းတစ်ရက်ကိုသုံးလေးခါလောက်
15. သမီး cytotec 200 ကို ၁၂ နာရီခြား ၃ ခါ နှင့် ၂၂ရက်နေ့က စသုံးလိုက်ပါတယ်။

Mon, Mar 25, 2013 at 11:45 AM
သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း ဘယ်မှာရှာဖက်ရမလဲဆရာ။ ကျမလဲ ၃၉ နှစ်ပါ။ အိမ်ထောင် ကျတာ ၄ နှစ်ရှိပါပြီ။ အပေါ်ကတစ်ယောက်အဖြစ်နဲ့ တူနေပါတယ် ကျမ ဗီယက်နမ်မှာလဲ စမ်းသပ်စစ်ဆေးခဲ့ပြီးပါပြီ။ ပြွန်ကျဉ်းနေတယ်လို့ သိခဲ့ရပါတယ်။ ယောက်ကျား ၅ဝ မှကျမနဲ့ အိမ်ထောင်ကျတာပါ။ ဒါပေမဲ့ သူ့မှာ အရင် အိမ်ထောင် (ကွာရှင်းခဲ့ပြီး လွန်ခဲ့သော ၁၅ နှစ်ခန့်) နဲ့ ကလေးတစ်ယောက်ရခဲ့ဖူးပါတယ်။ ကျမကတော့ ၃၅နှစ်မှာအိမ်ထောင်ပြုခဲ့တာပါ။ Laparsocopy ကရိယာနဲ့ကြည့်ပြီးပါပြီ ရန်ကုန်က ဆရာ ဦး (့) နဲ့ပါ။ IVF လဲ တစ်ခါလုပ်ခဲ့ ဖူးပါတယ်ဆရာ။ မွေးလမ်း၊ သားအိမ်ဝ၊ သားအိမ်ကနေ ပြွန်ထဲအထိ ထည့်သွင်းပေးခဲ့ ဖူးပါတယ်။

Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း

Mon, Mar 25, 2013 at 12:37 PM
ကိုယ်ဝန်ဖျက်တာပါ။ အသက်က ၂၉ အိမ်ထောင်မရှိပါဆေးက ဘာဆေးမှန်းမသိပါ။ 16-3.13 ရက်နေ့ကဖျက်တာပါ။ 18 ရက်မှာသွေးဆင်းရပ်ပြီး 20 မှယနေ့ထိ သွေးနည်းနည်းဆင်းနေသေးပြီး ဝမ်းကတစ်နေ့တစ်ကြိမ်အမဲရောင်သွားပါတယ်။ တစ်ခါတစ်လေက်ုယ်မပူပဲချမ်းပါတယ်။ မူးတာတော့မဖြစ်ပါ။ အထဲမှာဘာဖြစ်နေသလဲမသိပဲ စိတ်ပူနေလို့ပါ။ ခရီးလည်းထွက်နေရလို့ပါ။ ဆေးခန်းသွားပြသင့်ပါသလား။ စောင့်နေသင့်ပါလား။

နေကောင်းနေရင်တော့ မလိုလောက်ပါ။ နောက်တခါ မဖျက်ရအောင် ဂရုစိုက်သင့်ပါတယ်။

Mon, Mar 25, 2013 at 10:44 AM
ကိုယ်ဝန်က 3 လကို ဆေးနှစ်လုံးထိုးတယ်။ ဘာဆေးလဲမသိပါ။ ပြီးတော့ပစ္စည်းတစ်ခုခုထည့်တယ်။ ခဏကြာပြီး သွေးဆင်းတော့ သားအိမ်ခြစ်ပေးတယ်လို့ ပြောတယ်။ သွေးကတစ်ညဆင်းတယ်။ နောက်ရက်သိပ်မဆင်းတော့ပါ။ နှစ်ရက်ကြာပြီး သွေးထပ်ဆင်းတယ်။ နည်းနည်းဆီပါ။ အန္တရယ်ရှိနိုင်သလား။ ဝမ်းသွားရင်လည်းအမဲရောင်သွားပါတယ်။ တစ်နေ့တစ်ကြိမ်ပါ။ ဆေးခန်းသွားပြရန်လိုပါသလား။ ဖြစ်တတ်ပါသလား။

မေးတာ မရှင်းပါ။ ကိုယ်ဝန်ဖျက်တာလား။ ဘာဆေးလဲ။ ဘာကိုသိချင်တာပါလဲ။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက

Mon, Mar 25, 2013 at 10:23 AM
ကျွန်တော် အခုထိမသက်သာလို့ ခွဲစိတ် ဆရာဝန် တယောက်နဲ့ ဆက်ပြထားပါတယ်။ သူက ခွဲဖို့တော့မလိုဘူးလို့ေ ပြာပါတယ်။ ဆီး တွေ သွေးတွေ စစ်ပြီးတော့ အခု ဆေးဆက်ပေးထားပါတယ်။ ပိုးကြောင့်ဖြစ်တာလို့လဲ ပြောတယ်။ သွေးပြန်ကြောလေး နဲနဲထုံးတာ ပါတယ် လို့လဲ ပြောတယ်ဆရာ။ levofloxin 500 and symeton 500 ကို တစ်ပတ်သောက်ခိုင်းတယ်။ vitacee နဲ့ daflon ကို နှစ်ပတ်သောက်ခိုင်းပြီး အခု daflon တစ်မျိုးထဲကိုပဲ နှစ်လ ဆက်သောက်ခိုင်းပါတယ် တဖြေးဖြေး သက်သာလာလိမ့်မယ်။ ထပ်နာလာရင်တော့ပြန်လာပြခိုင်းပါတယ်။ ခုတော့ သက်သာပါတယ်။ လုံဝအရှင်းတော့ မပျောက်သွားဘူး။ ကျွန်တော့ အမျိုးသမီးနဲ့ တူတူ နေပြီးတိုင်း နဲနဲတော့ ပြန်ပြန်နာတတ်တယ်။ ဒါပေမဲ့ ဆေး သောက်ဖို့တွေလဲ ကျန်နေသေးတော့ ပြန်တော့ မပြရသေးဘူး။ အခုပေးထားတဲ့ဆေးတွေကကော အဆင်ပြေရဲ့လားလို့ ဆရာနဲနဲပြောပြပေးပါအုံး။ သေးပြန်ကြော ထုံးတယ် ဆိုတာကကော ဘာတွေဆက်ဖြစ်နိုင်လဲ။ ဒီလို ဆေးသောက် တာနဲ့ကော ပျောက်နိုင်လား ဆရာ။ ဒီလို အောင့် အောင့်နေတာ နေရတာ နဲနဲ ဆိုးတော့ အပြီးပျောက်သွားချင် လို့ ဘာတွေ ဆက်လုပ်သင့်တယ်ဆိုတာ အကြံဥာဏ်ပေးပါအုံးဆရာ။

ဆေးတွေအားလုံး ကောင်းပါတယ်။
Varicocele (ဗေရီကိုဆီးလ်)

Mon, Mar 25, 2013 at 9:48 AM စာပြန်ပေးလို့ ကျေးဇူးတင်ပါတယ်ဆရာ၊ အခုရုံးမှာရှိနေသေးလို့ သေချာမဖတ်နိုင်သေးလို့ပါ၊ ညကျရင် သေချာဖတ်ပါမယ်ဆရာ၊ နောက်သိချင်တာလေးက ကျွန်မအပေါ်မှာမေးထားသလို ဆေးပညာနည်းအရဆို အဲ့လိုရက်တွေမှာဆို ကိုယ်ဝန်ရနိုင်လားလဲ သိချင်တာပါဆရာ။

Calendar method ပြက္ခဒိန်နည်း

Mon, Mar 25, 2013 at 8:48 AM
ကျွန်တော့်အသက် 19 နှစ်ပါဆရာ။ ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော် ဒီန့ဆက်ဆံဖြစ်ပါတယ်။ ကျွန်တော့် လိင်အင်္ဂါက အပြင်မှာတော့ တင်းမာမှုရှိပြီး ကျွန်တော့်ကောင်မလေး အင်္ဂါထဲကို ရောက်တဲ့အခါမှာ ပျော့သွားပါတယ်ဆရာ။ အပြင်မှာတင်းမာမှုရှိပြီး အတွင်းထဲရောက်တဲ့အခါမှာ ဘာဖြစ်လို့ပျော့သွားရတာပါလဲဆရ။ အဲ့တာလေးသိချင်လို့ပါ။ ကျွန်တော်ရောဂါများဖြစ်နေတာလား။ စိတ်ေဖြေဖျာက်မှုကိုလည်း နေ့တိုင်းလိုလိုလုပ်ဖြစ်ပါတယ်။ ဆေးလိပ်လည်း သောက်ပါတယ်ဆရာ။ အဲ့တာကြောင့်လား။ ဘာလို့အဲ့လိုဖြစ်ရစတယ်လဲဆိုတာကို သိချင်ပါတယ်။ တော်တော်လေးလည်း စိုးရိမ်မိပါတယ်။

မစိုးရိမ်ပါနဲ့။ စိုးရိမ်စိတ်ကို လုံးဝဖျောက်လိုက်ပါ။ ဒီအရွယ်မျာ ပန်းညှိုးတာ မဖြစ်ပါ။ စိတ်ဖိစီးမှု နဲ့ စိတ်အခြေအနေကြောင့်သာ ယာယီဖြစ်တောပါ။ ဆေးမလိုအပ်ပါ။ ဖါသာအာသောဖြေတာအတွက်လဲ မဖြစ်စေပါ။ ဆေးလိပ်ကြောင့်လဲ အဲလောက်အထိမဖြစ်ပါ။ ဆေးလိပ်ကတော့ တခြားရောဂါတွေအတွက် မကောင်းတာ သိပြီးဖြစ်မှာပါ။
Erectile Dysfunction (4) ပန်းသေ-ပန်းညှိုး (၄)

Mon, Mar 25, 2013 at 5:01 AM
အမျိုးသားများမှာဖြစ်တဲ့ ဂနိုရောဂါဟာ ကုသရင်ပျောက်ကင်းပါသလားဆရာ။ ကုသရင်ကော ကာလ ဘယ်လောက်ထိ ကြာနိုင်ပါသလဲ။ ရောဂါဖြစ်စ အလွန်ဆုံး တစ်နှစ်လောက်ပဲရှိသေးတယ်ဆိုရင်ပေါ့။ ကျွန်တော့်မှာ မနက်မနက်ဆို အင်္ဂါကို ညှစ်လိုက်ရင်အဖြူရောင်ပါတဲ့အရည်လေးတွေထွက်လာတတ်လို့ပါ။ ပြီးတော့ ဆီးသွားပြီးရင်လည်းခဏစောင့်ပေးရပါတယ်။ ဆီးက စို့စို့လေးထွက်လာတတ်လို့ပါ။ ကျွန်တော်လိုအပ်တာတွေသွားလုပ်ပါမယ်ဆရာ။ ကုသရင်ပျောက်ပါသလား။ ကာလဘယ်လောက်ထိ ကုသရနိုင်ပါသလဲဆရာ။ ကျွန်တော့်မှာဖြစ်တာ ၁ နှစ်မပြည့်သေးပါဘူး။ လပိုင်းပဲရှိပါသေးတယ်။

Gonorrhea ဂနိုရောဂါ

Sun, Mar 24, 2013 at 8:46 PM
အရင်မေးလ်တွေတုန်းက ဖြစ်နေတဲ့ ကျွန်တော် အခြေအနေကို သိရဖို့ (့) က ဆေးရုံတစ်ခုမှာ ဆီးကို ထပ်ပြီးစစ်ခဲ့ပါတယ်။ သူတို့က ဆစ်ဖလစ်တော့ မရှိဘူးပဲ ပြောပါတယ်။ ဆေးစစ်ချက် အောင်တယ်ဆိုပေမယ့် ထပ်စစ်ရင် ကောင်းမယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း ဘာကို ထပ်စစ်ရမှန်း မသိဖြစ်နေပါတယ်။ ဒီဆေးစစ်ချက်တွေကိုလည်း ဆရာဆီကို ထပ်ပို့ပေးလိုက်ပါတယ်။ နောက် အခုအချိန်အထိ ဖြစ်နေတာက မာစတာဗေးရှင်းလုပ်လို့ ပြီးတဲ့ အချိန်မျိုးမှာ အင်္ဂါ အောက်ပိုင်း အကြောတွေက သိသိသာ မာပြီး ထိတွေခံစားမှု တခု ရှိနေပါတယ်။ ပြီးတာ အတော်ကြာတဲ့ အချိန်အထိ အရည်ကြည်က ထွက်နေတာမျိုးလည်း ဖြစ်နေတက်ပါတယ်။ လိင်စိတ်လည်း အရင်ကလို ပုံမှန်မဟုတ်တော့သလို ခံစားနေရပါတယ်။ အရင်မေးလ်တွေတုန်းက ပြောခဲ့သလို ကျွန်တော် ဆက်ဆံဖော်နဲ့လည်း အမြဲတမ်းအတူမနေဖြစ်တော့ သူ့ကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြထားပြီး စောင့်ကြည့်ဖို့ ပြောထားပါတယ်။ တကယ်လို့ ဆေးနဲ့ ဆီးကို ဘယ်လိုတွေ ထပ်စစ်ရမယ်ဆိုတာ လိုအပ်ရင်လည်း ထပ်ပြီးတော့ အကြံပြုစေချင်ပါတယ်။ ကျွန်တော် စိတ်ထင် ဆရာတင်ထားတဲ့ http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html ထဲက အောက်ကဟာများ ဖြစ်နေသလားလို့ ခံစားနေရပါတယ်။ ဆီးစစ်ချက်တွေကိုလည်း ကျွန်တော် ဆရာဖတ်လို့ရအောင် တခါတည်းတွဲပို့လိုက်ပါတယ်။ ဆီးနဲ့ဆေး တကယ်လို့ ထပ်စစ်ဖို့ လိုရင် ဘယ်အမျိုးအစားနဲ့ စစ်ရမယ်ဆိုတာ သိလိုပါတယ်ခင်ဗျ။

ဆစ်ဖလစ်ကို သွေးစစ်မှသိပါမယ်။
VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း

Mon, Mar 25, 2013 at 9:07 PM
ကျွန်တော့် အသက် က 26 နှစ်ထဲမှာပါ။ ယောက်ျားလေးပါ။ (့) နိုင်ငံထဲမှာပါ။ ကျွန်တော့် ရောဂါက HPV နဲ့ လည်ချောင်းနားက အာသီး ဟိုဘက်ဒီဘက် ကွဲပြီးရောင်နေတာပါ။ အဲလိုဖြစ်နေတယ်ဆိုရင် ဘယ်ဆရာဝန်နဲ့ ပြရမလဲ။ ဖြစ်တာကတော့ 7 လပိုင်း 2012 က စဖြစ်တာပါ။ အခု လောလောဆယ် ကြွက်နို့တစ်ခု ကျွန်တော့် အင်္ဂါအဝမှာ ဖြစ်နေတယ်။ အဲဒါ ဘယ်ဆရာဝန်နဲ့ ပြရရင် ပိုထိရောက်မလဲ သိချင်လို့ပါ။ ဥပမာ ဆီးလမ်းကြောင်းဆရာဝန် စသည်ဖြင့်ပါ။

အဲဒီနိုင်ငံမှာ ဘယ်လိုစနစ်ထားလဲ သိပ်မသိပါ။ HPV ကြွက်နို့ဆိုရင် STDs အတွက် ဆရာဝန် ပြရပါမယ်။ မြန်မာပြည်မျာဆိုရင် သမားတော်တဦးပြရင် ဆိုင်ရာကို လွှဲပေးပါတယ်။ ကျားအင်္ဂါဖြစ်တာအတွက် ဆီးလမ်းအထူးကုကိုပြတာ သင့်တော်ပါတယ်။

Mon, Mar 25, 2013 at 9:18 PM
အဲဒါ ဘယ်အထူးကုနဲ့ ပြရင် သင့်တော်မလဲ ဆရာ။ အဲဒါ ဘာဖြစ်တာလဲ မသိလို့ပါ။ ကုရင် အဲဒီ ရောဂါနဲ့ HPV ရောဂါ နှစ်မျိုးလုံး ပျောက်နိုင်သလား။ ကျွန်တော် အသက်က 26 နှစ်ထဲမှာပါ။ ကျားအင်္ဂါ အဝမှာ ကြွက်နို့ တစ်ခု ဖြစ်နေပါတယ်။

ဘယ်ဆရာဝန်ဆီရောက်ရောက် သူနဲ့ဆိုင်တာ လုပ်ပေးမယ်။ မဆိုင်တာကို လမ်းညွှန်ပေးပါမယ်။

Fri, Mar 22, 2013 at 2:47 PM
I 'm a new born mom. I take exluton tablets after 3 months directed by OG because my husband came back at that time. After taking 7 days, my first menstrual bleeding started. I take daily & next pack started immediately after finishing the previous pack. Yesterday finished second pack but menstrual bleeding is never come out. I make a test this morning but I saw only one line. So I think my mistake & I know that. I took line by line because I think each tablet is same. They used Thai language. I got pregnancy as soon as my wedding .So I don't have knowledge for these tablets. Now my baby is only 5 months & LCST born .So I can't take new baby. So Can I take next pack continuously today? Pls help me doctor.

Yes, the contraceptive pills effects are different on different women. If you are taking regularly you don't need to worry.

There are many pills and many methods. You can read and make selection as per your need and your reach.
• Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-fertility.html
• Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-nonmedical-view.html
• Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-implant-1.html
• Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-implant-2.html
• Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-injections.html
• Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adult.blogspot.in/2012/07/contraceptive-patch.html
• Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-pills.html
• Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/contraceptives-and-breastfeeding.html
• Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
• Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
• Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
• Birth control pills for emergency contraception ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း http://dts-medicaleducation-adult.blogspot.in/2012/09/birth-control-pills-for-emergency.html
• Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-risk.html

Mon, Mar 25, 2013 at 8:19 PM
သမီး cytotec 200 ကို ၁၂ နာရီခြား ၃ ခါ နှင့် ၂၂ ရက်နေ့က စသုံးလိုက်ပါတယ်။ စသုံးပြီး ၄ နာရီလောက်အကြာမှာ သွေးစဆင်းပါတယ်။ သွေးခဲလေးတွေပါပါတယ်။ ဒီနေ့နဲ့ဆို သွေးဆင်းတာ ၄ ရက်ရှိပါပြီ။ သွေးဆင်းတာက ပုံမှန်ဆင်းနေသလောက်ပဲ ဆင်းပါတယ်။ သမီးက အရင်ထဲက ရာသီသွေးများတတ်ပါတယ်။ အခု လာနေစဉ်ရက်တွေမှာ တစ်ခါတစ်ရံ ဆီးအိမ်နားက နဲနဲအောင့်ပါတယ်။ သမီး incomplete abortion ဖြစ်နိုင်ပါသလား ဆရာ။

ဖြစ်နိုင်ပါတယ်။ ရာသီဘယ်လောက်ကြာ ထိန်ထားလဲမသိပါ။

Incomplete abortion ဖြစ်နိုင်တယ်လို့ ပြောတာလား ဆရာ။ ဒါဆို သမီး ဘာဆက်လုပ်ရမလဲ အသိဘူး။

ဆရာက မသိပါလို့ပြောတာကို မဖြေသေးပါ။

သမီး ရာသီတော့မထိန်ပါဘူးဆရာ။ ဒါပေမယ့် တစ်ခါတစ်လေ ရာသီက အကုန်မဆင်းဘူးလို့ ခံစားရပါတယ်။ အရင်လက ၁၄-၂-၂ဝ၁၃ မှ ၁၆-၂-၂ဝ၁၃ ထိ ရာသီ၃ရက် လာပါတယ်ဆရာ။ အခု ဆေးသုံးပြီးနောက် ရာသီလာတာ ၄ ရက်ရှိပါပြီ ဆရာ။ သမီးဆေးသုံးပြီး သွေးဆင်းတဲ့ပမာဏက အရင်လတွေက လာတဲ့ပမာဏလောက်ပါပဲဆရာ။ သမီးကို ဘာဆက်လုပ်ရမလဲဆိုတာ ပြောပြပေးပါ ဆရာ။

"သမီး ရာသီတော့မထိန်ပါဘူးဆရာ" ဆိုပေမဲ့ "သမီး ချစ်သူနဲ့သမီး အတူနေမိပါတယ်။ သမီးရာသီလာရမယ့်ရက် ကျော်နေတော့ ဆီးစစ်ကြည့်တော့ အပေါင်းပြနေပါတယ်" လို့ ရေးထားတယ် မဟုတ်လား။ ရာသီထိန်ယုံမကသေးပဲ ကိုယ်ဝန်စစ်တော့ အပေါင်းလည်းပြနေတယ်။ အရင်ရေးတာကို ဆရာပြန်မဖတ်ရင် မျက်စိလည်မယ်။

ဆင်းစရာရှိတာ ဆင်းပါလိမ့်မယ်။ စောင့်ယုံသာလိုပါမယ်။

Thu, Mar 28, 2013 at 3:40 PM
ကျွန်တော့် အမျိုးသမီးက အသက် ၂၃ နှစ်ပါ။ ကိုယ်ဝန် ၇ လ ကျော် ရှိပါပြီ။ သူ့မှာ ကြွက်နို့ဖြစ်နေပါတယ်။ လိင်အင်္ဂါ အဝမှာ ဖြစ်တာ ဖြစ်ပြီး အတွင်းမှာလည်း အနည်းငယ်ရှိပါတယ်။ သူ့အိုဂျီက လွန်ခဲ့တဲ့ တစ်ပတ်ကပဲ မီးကင်ပြီး ကုသခဲ့ပေမယ့် အပြင်ဘက်က ကြွက်နို့တွေကိုသာ ကုသနိုင်ခဲ့ပြီး အတွင်းပိုင်းထိ ပျံ့ နှံ့နေတဲ့ ကြွက်နို့တွေကိုတော့ မကုသနိုင်ခဲ့ပါဘူး။ ဆေးခန်း စပြကတည်းကပဲ Gynomix Gelatin Capsule ဆိုတဲ့ ဆေးကို သုံးခိုင်းပါတယ်။ အဲဒီဆေးနဲ့ပဲ ပျောက်ကင်းနိုင်သလား။ ပျောက်ကင်းနိုင်ရင် အချိန်ဘယ်လောက်ကြာမလဲ သိချင်ပါတယ်။ မပျောက်ကင်းနိုင်ခဲ့ရင် ဘယ်လို လုပ်ရမလဲ အကြံပေးပါဦးဆရာ။ အထဲက ကလေးကိုရော ကူးစက်နိုင်ပါသလား။ နောက်ပြီး operation လုပ်စဉ်က မေ့ဆေးသုံးပါတယ်။ အဲဒါကရော ကလေးကို ထိခိုက်နိုင်ပါသလားဆရာ။ အိုဂျီက ခပ်အေးအေးနဲ့ ကျွန်တော့် အမျိုးသမီးကလည်း စကားနည်းတော့ ကျွန်တော် အားမရလို့ပါဆရာ။ အဲဒီ ကြွက်နို့ရှိတာကို သိကတည်းက sex မလုပ်ခဲ့ပါဘူးဆရာ။

Gynomix ဆေးကို Bacterial vaginosis မွေးလမ်းကြောင်း ဗက်တီးရီးယားဝင်ခြင်းအတွက်သုံးပါတယ်။
လိင်လမ်းကြွက်နို့အကြောင်း လင်ခ် ၂ ခုပို့ပါတယ်။ ရှာမရရင်ပြောပါခင်ဗျား။

Wed, Mar 27, 2013 at 8:34 AM
ကျွန်တော့် အသက် 19 နှစ်ပါ။ နေ့တိုင်းတစ်ရက်ကိုသုံးလေးခါလောက် ဖာသာစိတ်ဖြေဖျောက်မှု လုပ်ဖြစ်ပါတယ်ဆရာ။ တကယ်တော့ ကျွန်တော်အဲ့လိုမလုပ်ချင်ဘူး။ မလုပ်ပဲနေလို့လဲစိတ်ကမရဘူး ဖြစ်နေတယ်ဆရာ။ အဲ့တာဘာတွေများ ပြုပြင်သင့်ပါသလဲဆရာ။ အဲ့လိုကြီးအမြဲတမ်းနေ့တိုင်း လုပ်နေရင် တစ်ချိန်ချိန်မှာ ရောဂါတွေရလာမှာကိုလည်း စိုးရိမ်ပါတယ်ဆရာ။ အဲ့လိုအမြဲလုပ်နေရင် ရောဂါတွေရနိုင်သလားဆရာ။

• Masturbation (မာစတာဘေးရှင်း)

Mon, Mar 25, 2013 at 8:19 PM
သမီး cytotec 200 ကို ၁၂ နာရီခြား ၃ ခါ နှင့် ၂၂ရက်နေ့က စသုံးလိုက်ပါတယ်။ စသုံးပြီး ၄နာရီလောက်အကြာမှာ သွေးစဆင်းပါတယ်။ သွေးခဲလေးတွေပါပါတယ်။ ဒီနေ့နဲ့ဆို သွေးဆင်းတာ ၄ရက်ရှိပါပြီ။ သွေးဆင်းတာက ပုံမှန်ဆင်းနေသလောက်ပဲ ဆင်းပါတယ်။ အရင်ထဲက ရာသီသွေးများတတ်ပါတယ်။ အခု လာနေစဉ်ရက်တွေမှာ တစ်ခါတစ်ရံ ဆီးအိမ်နားက နဲနဲအောင့်ပါတယ်။ သမီး incomplete abortion ဖြစ်နိုင်ပါသလား။

ဖြစ်နိုင်ပါတယ်။ ရာသီဘယ်လောက်ကြာ ထိန်ထားလဲမသိပါ။

Incomplete abortion ဖြစ်နိုင်တယ်လို့ ပြောတာလား ဆရာ။ ဒါဆို သမီး ဘာဆက်လုပ်ရမလဲ အသိဘူး။

ဆရာက မသိပါလို့ပြောတာကို မဖြေသေးပါ။

သမီး ရာသီတော့မထိန်ပါဘူးဆရာ။ ဒါပေမယ့် တစ်ခါတစ်လေ ရာသီက အကုန်မဆင်းဘူးလို့ ခံစားရပါတယ်။ အရင်လက ၁၄.၂.၂ဝ၁၃ မှ ၁၆.၂.၂ဝ၁၃ ထိ ရာသီ၃ရက် လာပါတယ်ဆရာ။ အခု ဆေးသုံးပြီးနောက် ရာသီလာတာ ၄ရက်ရှိပါပြီ ဆရာ။ သမီးဆေးသုံးပြီး သွေးဆင်းတဲ့ပမာဏက အရင် လတွေက လာတဲ့ပမာဏလောက်ပါပဲဆရာ။ သမီးကို ဘာဆက်လုပ်ရမလဲဆိုတာ ပြောပြပေးပါ ဆရာ။

"သမီး ရာသီတော့မထိန်ပါဘူးဆရာ" ဆိုပေမဲ့ "သမီး ချစ်သူနဲ့သမီး အတူနေမိပါတယ်။ သမီးရာသီလာရမယ့်ရက် ကျော်နေတော့ ဆီးစစ်ကြည့်တော့ အပေါင်းပြနေပါတယ်" လို့ ရေးထားတယ် မဟုတ်လား။ ရာသီထိန်ယုံမကသေးပဲ ကိုယ်ဝန်စစ်တော့ အပေါင်းလည်းပြနေတယ်။ အရင်ရေးတာကို ဆရာပြန်မဖတ်ရင် မျက်စိလည်မယ်။ ဆင်းစရာရှိတာ ဆင်းပါလိမ့်မယ်။ စောင့်ယုံသာလိုပါမယ်။

ဟုတ်။ သမီးနားလည်အောင်မရေးတတ်တာ တောင်းပန်ပါတယ် ဆရာ။ သမီး အခုလို သွေးဆင်းချိန်မှာ ရေချိုးလို့ ရပါသလား။ ခေါင်းလဲ လျှော်ချင်ပါတယ်။ ဒါပေမယ့် တစ်ခုခုဖြစ်မှာ ကြောက်ပြီး ရေမချိုး ခေါင်းမလျှော်ရတာ ၄ ရက် လောက်ရှိပါပြီ။ ပြောပြပေးပါအုံး ဆရာ။

ရပါတယ်။ လူကနေကောင်းနေရင် ပုံမှန်အလုပ်တွေ ခါတိုင်းလို လုပ်နိုင်ပါတယ်။ ကိုယ်ပူတာနဲ့ မူးဝေတာကိုသာ ဂရုစိုက်ပါ။ သံဓါတ်အားဆေး ပုံမှန်သောက်ပါ။ နောင်မှာ မလိုခြင်တဲ့ကိုယ်ဝန်မရစေအောင် စနစ်တကျ ကာကွယ်မှုယူပါ။

ဆရာကို ခဏခဏမေးရတာ အားနာပါတယ်ရှင့်။ သမီးဒီနေ့ ultrasound သွားရိုက်ကြည့်ပါတယ်ရှင့်။ သမီးကို သားအိမ်ထဲမှာ နဲနဲကျန်သေးတယ်ဆိုပြီး ဆရာမက cytotec နှင့် eyotmetrine ဆေးကို သောက်ခိုင်းပါတယ်။ အဲဒိဆရာမက သူပေးတဲ့ဆေးသောက်ပြီးလို့ သွေးအဆင်းများရင် ဆေးရုံတက်ရမယ်ပြောနေပါတယ် ဆရာ။ သမီး ultrasound ရိုက်ထားတာကို တွဲပို့ပေးလိုက်ပါတယ်။ သမီး ဆေးထပ်သောက်ဖို့ လိုအပ်ပါသလား။ သမီး ဆေးရုံမတက်ချင်လို့ ဘာဆက်လုပ်ဖို့ လိုအပ်လဲဆိုတာ လမ်းညွှန်ပေးပါလား။

Ultrasound report ထဲမှာ သားအိမ်အရွယ်က ပုံမှန်သာရှိပါတယ်။ အထဲမှာရှိနေတာက မများလို့ပါ။ ဆင်းလာလိမ့်မယ်လို့ ထင်ပါတယ်။ ဆင်းချင်ရင် နာလာနိုင်တယ်။

မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို မေးမြန်းနိုင်မည့် ဖုန်းလိုင်းသစ်များ

$
0
0
မြန်မာနိုင်ငံ ဆရာဝန် အသင်းက လူငယ်ဖွံ့ဖြိုးမှု အစီအစဉ် အနေဖြင့် လူငယ်များ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သည့် ဗဟုသုတတွေကို ဖုန်းဖြင့် မေးမြန်းနိုင်ရန် အတွက် ဖုန်းလိုင်းများ သတ်မှတ် ဖွင့်လှစ်ပေး ထားကြောင်း သိရသည်။ အဆိုပါ ဖုန်းလိုင်းများကို နေ့စဉ် နံနက် (၁ဝ) နာရီမှ ညနေ (၅) နာရီ အတွင်းတွင် ဖုန်းဆက်မေးမြန်းနိုင်မည် ဖြစ်ပြီး အမျိုးသားများအတွက် White Line နှင့် အမျိုးသမီးများအတွက် Pink Line (၂) မျိုး ခွဲခြားထားသည်။

မျိုးဆက်ပွား ကျန်းမာရေးကိစ္စများနှင့် HIV ကာကွယ်ရေး နည်းလမ်းများကို ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်မည် ဖြစ်ပြီး အမျိုးသားများ မေးမြန်းနိုင်မည့် White Line ဖုန်းနံပါတ် (ဝ၉-၇၃၂၁၂၂၂၆) နှင့် အမျိုးသမီးများ မေးမြန်းနိုင်မည့် Pink Line ဖုန်းနံပါတ် (ဝ၉-၇၃၂၁၂၂၇) များကို ဖုန်းဆက် မေးမြန်းနိုင်ပြီး မေးမြန်းသည့်အခါတွင် မေးမြန်းသူ၏ အမည်ကို ပြောပြရန် မလိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်းက လူငယ်ဖွံ့ဖြိုးမှု အစီအစဉ်အနေဖြင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်သည့်အပြင် လူငယ်များအား သင်တန်းပေးခြင်း၊ သင်တန်းသားများကို ကွင်းဆင်း ပညာပေးခြင်း၊ ဝဘ်ဆိုက်နှင့် ဖေ့စ်ဘွတ် စာမျက်နှာများ၊ FM မှ လူငယ် အစီအစဉ်များ၊ ကျန်းမာရေးနှင့် ပတ်သက်သော ဗီဒီယိုဇာတ်လမ်းများဖြင့် ပညာပေးခြင်းများကိုပါ ဆောင်ရွက် လျှက်ရှိကြောင်းလည်း သိရသည်။ SkyNet TV Browser

Love Coffee ညစ်ညမ်းကော်ဖီ

$
0
0
“သင်္ကြန်အတွင်း မိန်းကလေးများ အထူးသတိပြုရမည့် ကာမစိတ်ကြွစေနိုင်သည့် ကော်ဖီမစ်” ဆိုတဲ့ သတိပေး သတင်းတခုကို (ဖေ့စ်ဘွတ်) မှာ အခုတလော တွေ့ရပါတယ်။ ဒါနဲ့လေ့လာကြည့်တော့ ဒီလိုဒီလို တွေ့ရပါတယ်။

ကော်ဖီမစ်တော့ မဟုတ်ပါ။ တရုပ်လုပ်ဖြစ်ပါတယ်။ Love Coffee (XS-X0014-D) လို့ အရောင်းကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ တွေ့ရပါတယ်။

Aphrodisiac coffee products "လိင်စိတ်အားပေးစေတဲ့ ကော်ဖီ" လို့ ရေးထားပါတယ်။ ကြော်ညာတဲ့ဆိုက်က ရေးထားတဲ့ အင်္ဂလိပ်စာက အမြီးအမောက်သိပ်မတည့်တာလည်း သတိထားမိပါတယ်။ ကြောညာထဲမှာ (ပရက်ဆီးဒင့်) ဆိုသူဟာ ဒီကော်ဖီဆိုတာသောက်ပြီး ၁ဝ မိနစ်နေတော့ အသက်ရှူမဝသလိုဖြစ်လာ၊ ခေါင်းထဲရှိတာကို ဖွင့်ပြချင်လာ၊ ဆန့်ကျင်ဘက်လိင်နဲ့ အတူနေချင်လာတယ်လို့ ဆိုပါတယ်။

3000mg ပါတဲ့ ၄ ထုပ်ကို စက္ကူဘူးမှာထည့်ပြီး ရောင်းချပါသတဲ့။ တထုပ်ကို ရေနွေးပူပူ ၁၅ဝ စီစီထဲမှာ ဖျော်ရတယ်။
သတိပေးချက်တွေလည်း ရေးထားပါသေးတယ်။ အသက် ၁၈ နှစ်အောက်မိန်းကလေးများ မသောက်ရ။ မဖွယ်မရာ လိင်ဆက်ဆံရာမှာ မသုံးရ။ ကိုယ်ဝန်ဆောင်နေရင် ရှောင်ကျဉ်ပါ။

ဒီကုမ္ပဏီရဲ့ ထုတ်ကုန်စာရင်းထဲမှာ ဒါတွေလဲပါသေးတယ်။
1. Slimming Products Slimming Products ပိန်ဆေး၊ = ဆေးတောင့်၊ ဆေးပြား၊ ကော်ဖီ၊ ဆေးရွက်၊ ဆေးမှုံ့။
2. Male and female health products Man and woman Sex products ယောက်ျားသုံး၊ မိန်းမသုံး ကျန်းမာရေးနှင့် လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ = ကွန်ဒွမ်၊ လိင်ဆေးတောင့်၊ လိင်ဆေးပြား၊ ဗိုင်ယာဂရာ (ပန်းသေခြင်းအတွက်ဆေး)၊
3. Woman sex products Woman sex products မိန်းမသုံး လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ။ အခုပြောနေတာက ဒီခေါင်းစဉ်အောက်ကပါ။

တရုပ်နိုင်ငံ၊ ဖူဂျီယန်၊ ဖူဇိုးမြို့ကထုတ်နေတာဖြစ်ပါတယ်။
• MAXIDUS Capsules ကောင်းဆေး၊ ကြာဆေး၊
• Kamagra-100 Sildenafil Citrate Tablets ပန်းသေ-ပန်းညှိုးအတွက်ဆေး၊
• Chong Cao Zang Bian Bao male enhancement ကျားအင်္ဂါကြီးဆေး၊
• Mens Coffee ယောက်ျားသောက်ကော်ဖီ၊
• Ten days erection ကျားအင်္ဂါ သန်မာစေမဲ့ဆေး၊
• STIFF NIGHTS ကျား-စိတ်လာဆေး၊
• Love Coffee မ-စိတ်လာဆေး စတဲ့တခြားဆေးအမျိုးမျိုးတွေလည်း ရောင်းတယ်လို့ ကြောညာမှာပါတာ ဖတ်ရပါတယ်။

ကြော်ညာမှန်းသိတာတာ နောက်တချက်က သူ့ ဝက်ဘ်ဆိုက်ကို ဖွင့်နေရင်း ဆေးအရောင်းကိုယ်စားလှယ်က We are online ကျွန်တော်တို့ အွန်လိုင်းမှာရှိပါတယ်ဆိုပြီး အသိပေးချက်က တောက်လျှောက် ထွက်နေပါတယ်။ FDA ခေါ်တဲ့ အစိုးရကနေ တရားဝင်ခွင့်ပြုချက် မပါတာသတိထားရပါမယ်။ ဘေးထွက်-ဆိုးကျိုးနဲ့ ထိရောက်မှုအတွက် သုတေသနလုပ်ထားတာတွေ မတွေ့ရပါ။

http://www.facebook.com/pages/Slimming-Products-Man-and-woman-Sex-products/163476080361622
http://www.joyous-care.com/VIM-25-male-enhancement-168.html
http://www.joyous-care.com/Woman-sex-products-c12.html
http://www.joyous-care.com/Lady-Coffee-232.html
ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ http://dts-medicaleducation-adult.blogspot.in/2013/03/blog-post_27.html

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၃

ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ

$
0
0
Sex Coffee (XS-X0020-D) ဒါကိုတော့ ကြောညာသူတွေက Superior Brazilian coffee ဘရာဇီးကော်ဖီအပြင်းစားလို့ နာမည်ပေးထားပါတယ်။ Fast thawing tea powder အပြော့စားလက်ဖက်ရည်လို့လဲ စာထဲမှာ ရေးထားပါတယ်။

အထဲမှာပါတာတွေကတော့ (၁) သကြားအဖြူမှုံ နဲ့ (၂) အမျိုးသမီးများစိတ်ကို တွန်းအားပြောင်းစေနိုင်တဲ့ဓါတ်လည်း ပါတယ်လို့ ဆိုပါတယ်။

ဒါကိုသောက်လိုက်တဲ့ မိန်းကလေး၊ အမျိုးသမီးဟာ ဖြေးဖြေးချင်း ဒါတွေဖြစ်လာမယ်။
• Polypnoea အသက်ရှူမြန်လာမယ်၊
• Vagina itches မိန်မကိုယ်ယားယံလာမယ်၊
• Breast inflates ရင်သားထွားလာမယ်၊
• Cloudy water jet stream အင်္ဂါစိုစွပ်လာမယ်၊
• Sexual intercourse anxiously with the opposite sex ဆန့်ကျင်ဘက်လိင်ရှိသူနဲ့ အတူနေချင်စိတ်တွေပြင်းပြလာမယ်။
• Spends together with own sexual partner သူ့အဖေါ်နဲ့ အတူတူ အကြာကြီး ချစ်စခန်းဖွင့်နေလိမ့်မယ်။

သတိပေးချက်လည်းရေးထားပါတယ်။
၁။ ဒါဟာ အကြင်လင်မယားတွေသာသုံးရမှာဖြစ်တယ်။ ဒီလိုသာမသုံးရင် ဥပဒေနဲ့မညီတာတွေဖြစ်လာစေနိုင်တယ်။
၂။ အမျိုးသမီး (ကြီး) တွေမှာ ဗဂျိုင်းနား ခြောက်နေတာနဲ့ လိင်စိတ် ရှိသင့်တာထက် နည်းနေတာဆိုရင် သုံးနိုင်တယ်။ ဥပမာ သွေးဆုံးချိန်၊ ကလေးမီဖွါးပြီး စိတ်အခြေနေပြောင်းချိန်မျိုးဖြစ်တယ်။

ဘယ်လောက်သောက်ရမလဲ။ တထုပ်ကို ရေနွေးပူပူ ၁ဝဝ စီစီ (မယ်လ်) မှာဖျော်ပါ။ တထုပ်ထက်ပိုမသုံးပါနဲ့။ ကပ်ဘူးတခုမှာ 15000mg စီပါတဲ့ 5 ထုပ် 8 ခုပါတယ်။ ထုပ်လုပ်ပြီးနောက် ၃ နှစ်အတွင်းသုံးနိုင်တယ်။

Lady Coffee လေဒီကော်ဖီ
အရသာထူးကဲပြီး အကြာကြီးစွဲစေတယ်။ စိတ်ဖြေနားနေနိုင်တယ်လို့ ရေးထားပါတယ်။ အမေရိကားကလာတဲ့ကော်ဖီထဲမှာ တရုပ်ကလာတဲ့ ရိုးရာဆေးရောထားပါသတဲ့။ ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ အာဟာရဓါတ်တွေပါတယ်လို့ ကြော်ညာပါတယ်။ မ-ဟော်မုန်း (အီစထိုဂျင်) ပါတယ်လို့လဲဖတ်ရပါတယ်။ ဒီဟော်မုန်းဟာ အမျိုးသမီးတွေမှာ အရွယ်ရလာရင် နည်းလာတယ်။ သွေးဆုံးရင် သိသိသာတယ်။ အကောင်းလဲဖြစ်စေပြီး အဆိုးလည်း ဖြစ်စေနိုင်တာ သတိပြုပါ။

သက်ရောက်မှု
1. Lead to enhance sexual desire လိင်စိတ်ပိုစေမည်၊
2. Increse the pleasure and excitement သာယာမှု၊ စိတ်တက်ကြွမှုကဲစေမည်၊
3. The ability to extend the high tide အထွတ်အထိပ်ကာလ ကြာစေမည်၊
4. To increase capacity စွမ်းဆောင်နိုစွမ်းတိုးစေမည်။

တထုပ်ကို ရေနွေးနဲ့သောက်ရင် နောက် ၁၅-၃ဝ မိန်မှာ အစွမ်းပြမယ်။

ဘေးထွက်-ဆိုးကျိုး = ခေါင်းမူးဝေမယ်၊ အိပ်ချင်မယ်။ ဖြေးဖြေးချင်းသောက်တာ ကောင်းတယ်။ ကားမောင်နေတုံး မသောက်ပါနဲ့။ ကိုယ်ဝန်ဆောင်နေရင် မသောက်ပါနဲ့။ အသက်ရှူလမ်းရောဂါ၊ နှလုံးရောဂါရှိရင် မသောက်ပါနဲ့။

အခုရေးတာတွေဟာ ဆေးကြော်ညာထဲမှာ ပါတာတွေသာ ဖြစ်ပါတယ်။ (ကျွန်တော်တို့လို) ဆရာဝန်တွေက အာမမခံပါခင်ဗျား။ ဒီလိုမျိုး ဆေးဆိုတာတွေရှိပါသေးတယ်။ ထပ်ရေးနေရင် ကြောညာထင်နေမှာမို့ မရေးတော့။ မိန်းကလေးများအားလုံး အညာ၊ အညစ် မခံကြရအောင် စားသောက်စရာမှန်သမျှ ပူတာ၊ အေးတာ ဘာမှစိတ်မချရတာကို သိကြပါ။

• SPANISCHE FLIEGE D6, SPANISC FLIEGE D9
• Insect Powder
• Flower yilly medicine for woman
• Ant King - sex medicine for woman
• Gold flysex medicine for woman စတာတွေက ဆေးမှုံ့၊ ဆေးတောင့်၊ ဆေးအဆီတွေဆိုပြီး လာတယ်။ အရောင်မပါ၊ အနံ့အထွက်ဘူး။ တချို့က အရေပြားကို သုတ်လိမ်းပေးတာနဲ့ ကိုယ်ထဲဝင်စေတယ်။ ဒီလိုဆေးအားလုံးဟာ မတော်မတရားပြုဘို့အတွက်သာ သုံးကြတယ်။ ဒါကြောင့် အေးအေးပူပူ သူများကတိုက်တဲ့ အစား၊ အသောက်တွေကို လက်မခံသင့်ဘူး။၊ လူချင်းထိပြီး ပွတ်သပ်ပေးတာကအစ ရှောင်ရှားနိုင်ဘို့ လိုပါလိမ့်မယ်။ သင်္ကြန်ကာလတခုတည်းလည်း မဟုတ်ပါ။ အန္တရာယ်ဆိုတာ ကာလမရွေး၊ နေရာမရွေးပါခင်ဗျား။

http://www.facebook.com/pages/Slimming-Products-Man-and-woman-Sex-products/163476080361622
http://www.joyous-care.com/VIM-25-male-enhancement-168.html
http://www.joyous-care.com/Woman-sex-products-c12.html
http://www.joyous-care.com/Lady-Coffee-232.html
Love Coffee ညစ်ညမ်းကော်ဖီ http://dts-medicaleducation-adult.blogspot.in/2013/03/love-coffee.html

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၃

RPR test ဆစ်ဖလစ် စမ်းသပ်နည်းတခု

$
0
0
Sat, Feb 9, 2013 at 4:30 PM

လွန်ခဲ့တဲ့ ၃ လ လောက်စပြီး တံဆာထိပ်မှာ စိုရွှဲမှု စဖြစ်ခဲ့ပါတယ်။ ထိုင်းကဆေးရုံတခုမှာ ဆီးစစ်ပြီး ဆရာဝန်က Ciprofloxacin Extended Release Tablets 1000 Mg ငါးလုံး သောက်ခိုင်းခဲ့ပါတယ်။ ဒီအကြောင်း ကျွန်တော် ပထမတုန်းက ဆရာဆီ မေးလ်ပို့ပြီးအကြံယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းလည်း ဆီးသွားရင် တခုခု ကျန်နေသလို ဖြစ်လိုက်၊ အရည်ကြည်စိမ့်လာလိုက်ပဲ ဖြစ်နေပါတယ်။ အခုဆိုရင် ၃ လနီးပါးကြာပါတယ်။ ဒီကြားထဲမှာလဲ ကျွန်တော့ ဂဲလ်ဖရန်းနဲ့ အတူတူ ပြန်နေဖြစ်ပြီး သူ့မှာ ရောဂါလက္ခဏာမပြပဲ ကျွန်တော်မှာပဲ ထိပ်စိုစွတ်မှု ပြန်ဖြစ်လာပါတယ်။ ပုံမှန်ဆက်ဆံမှု မရှိရင် ဖြစ်လာတာပါ။ ပုံမှန်ဆက်ဆံမှုရှိနေရင်တော့ မဖြစ်ပါဘူး။ မာစတာဗေးရှင်း လုပ်ဖြစ်ပြီးရင်လည်း အချိန်အတော်အကြာအထိ အရည်ကြည် စွတ်စိုမှု ဖြစ်နေပါတယ်။ နောက် တံဆာအောက်ပိုင်း အကြောတွေကလည်း အရင်ကနဲ့မတူပဲ တင်းနေတာကို ခံစားနေရပါတယ်။ ဒါ ပိုးမသေလို့ ဖြစ်တာလားဆိုတာ သိလိုပါတယ်။ နှစ်စလုံးအတူတူ ဆေးသောက်ဖို့ လိုအပ်ရင်လည်း ညွှန်ပြပေးစေလိုပါတယ်ဆရာ။ ဆေးစစ်ဖို့ ဆီးစစ်ဖို့ လိုအပ်ရင်လည်း အကြံပြုပေးပါ။
• STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/sexually-transmitted-diseases-stds.html
• STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂) http://dts-medicaleducation-adult.blogspot.in/2012/06/stds-2.html
• STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) http://dts-medicaleducation-adult.blogspot.in/2012/06/stds-3.html
• STDs (4) လိင်ကတဆင့် ကူးစက်ရောဂါများ ဆေးညွှန်း http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html
• STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adult.blogspot.in/2012/03/1_30.html

Sun, Mar 24, 2013 at 8:46 PM
ကျွန်တော် အခြေအနေကိုသိရဖို့ ထိုင်းက ဆေးရုံတစ်ခုမှာ ဆီးကို ထပ်ပြီးစစ်ခဲ့ပါတယ်။ သူတို့က ဆစ်ဖလစ်တော့ မရှိဘူးပဲ ပြောပါတယ်။ ဆေးစစ်ချက် အောင်တယ်ဆိုပေမယ့် ထပ်စစ်ရင် ကောင်းမယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း ဘာကို ထပ်စစ်ရမှန်း မသိဖြစ်နေပါတယ်။ ဒီဆေးစစ်ချက်တွေကိုလည်း ဆရာဆီကို ထပ်ပို့ပေးလိုက်ပါတယ်။ နောက် အခုအချိန်အထိ ဖြစ်နေတာက မာစတာဗေးရှင်းလုပ်လို့ ပြီးတဲ့ အချိန်မျိုးမှာ အင်္ဂါအောက်ပိုင်း အကြောတွေက သိသိသာ မာပြီး ထိတွေခံစားမှု တခု ရှိနေပါတယ်။ ပြီးတာ အတော်ကြာတဲ့ အချိန်အထိ အရည်ကြည်က ထွက်နေတာမျိုးလည်း ဖြစ်နေတက်ပါတယ်။ လိင်စိတ်လည်း အရင်ကလို ပုံမှန်မဟုတ်တော့သလို ခံစားနေရပါတယ်။ အရင်မေးလ်တွေတုန်းက ပြောခဲ့သလို ကျွန်တော် ဆက်ဆံဖော်နဲ့လည်း အမြဲတမ်းအတူမနေဖြစ်တော့ သူ့ကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြထားပြီး စောင့်ကြည့်ဖို့ ပြောထားပါတယ်။ တကယ်လို့ ဆေးနဲ့ ဆီးကို ဘယ်လိုတွေ ထပ်စစ်ရမယ်ဆိုတာ လိုအပ်ရင်လည်း ထပ်ပြီးတော့ အကြံပြုစေချင်ပါတယ်။ ကျွန်တော် စိတ်ထင် ဆရာတင်ထားတဲ့ http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html ထဲက အောက်ကဟာများ ဖြစ်နေသလားလို့ ခံစားနေရပါတယ်။ ဆီးစစ်ချက်တွေကိုလည်း ကျွန်တော် ဆရာဖတ်လို့ရအောင် တခါတည်းတွဲပို့လိုက်ပါတယ်။ ဆီးနဲ့ဆေး တကယ်လို့ ထပ်စစ်ဖို့ လိုရင် ဘယ်အမျိုးအစားနဲ့ စစ်ရမယ်ဆိုတာ သိလိုပါတယ်ခင်ဗျ။

Mon, Mar 25, 2013 at 10:04 AM
ဆစ်ဖလစ်ကို သွေးစစ်မှသိပါမယ်။ VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း ကိုပို့လိုက်ပါတယ်။

Sat, Mar 30, 2013 at 9:43 AM
ဆစ်ဖလစ်ကို RPR နဲ့ စစ်ထားတဲ့။ စစ်ချက်က အောက်ကအတိုင်း ထွက်ပါတယ်။ Syphilis By RPR နဲ့စစ်တာ Non reactive ဒါကြောင့် VDRL နဲ့ TPHA တို့နဲ့ ထပ်ပြီးစစ်ဖို့လိုမလား သိချင်ပါတယ်။

၃ဝ-၃-၂ဝ၁၃
• Rapid Plasma Reagin (RPR) လို့ခေါ်ပါတယ်။ Antibodies (အင်တီဘော်ဒီ) ခေါ်တဲ့ ပိုးတမျိုးမျိုးဝင်လာရင် ကိုယ်ကနေ အလိုလိုထွက်လာတဲ့ ပိုးကိုဆန့်ကျင်တဲ့ဓါတ် ရှိ-မရှိကိုစမ်းတဲ့နည်းတခုဖြစ်ပါတယ်။ ဒါပေမဲ့ သွေးထဲမှာ Non-specific antibodies တိတိကျကျကြီးမဟုတ်တဲ့ (အင်တီဘော်ဒီ) ကိုသာ သိနိုင်တယ်။ ဒီစမ်းသပ်နည်းမှာ အပေါင်းထွက်ရင် ဆစ်ဖလစ်ရောဂါကိုဖြစ်စေတဲ့ Treponema pallidum ပိုကူးစက်ထားနိုင်လောက်တယ်လို့ကောက်ယူရပါတယ်။
• ဘယ်လောက်တိကျသလဲ -
• လူအများစုကို ဆစ်ဖလစ်ရှိနေ-မနေစမ်းနည်းအဖြစ်နဲ့ရော ဆေးကုသမှုခံယူနေသူရဲ့ ကျန်းမာရေးတိုးတက်မှုကို သိဘို့ရာအတွက်ပါ သုံးပါတယ်။
• ရောဂါရှာရာမှာတော့ False positives မမှန်တဲ့ အပေါင်းပြစေနိုင်တာသတိထားရပါမယ်။
• (Epstein-Barr, hepatitis, varicella, measles) ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတွေရှိနေသူတွေ၊ lymphoma, tuberculosis, malaria, endocarditis, connective tissue disease, autoimmune diseases, intravenous drug abuse, or contamination ရောဂါတခုခုရှိနေသူတွေနဲ့ ကိုယ်ဝန်ဆောင်စေရင်လည်း မမှန်တဲ့အပေါင်းအဖြေထွက်စေနိုင်ပါတယ်။
• Treponema pallidum hemagglutination assay (TPHA) နည်းနဲ့ Fluorescent Treponemal Antibody Absorption (FTA-ABS) နည်းတွေကိုဆက်စမ်းမှ သေချားပါမယ်။
• RPR test ဟာ သွေးကိုသာစမ်းရတာဖြစ်ပါတယ်။
• Negative test result အဖြေကအနုတ်ထွက်ရင် ပုံမှန်လို့ပြောနိုင်ပါတယ်။ ရောဂါမရှိဘူး။
• False-negatives မမှန်တဲ့အနုတ်ဆိုတာလည်းဖြစ်နိုင်သေးပါတယ်။ ပိုးဝင်ထားတာ သိပ်စေနတုံးစမ်းရင်နဲ့ ရောဂါဖြစ်နေတာ သိပ်နောက်ကျရင် မမှန်တဲ့အနုတ်ပြနိုင်ပါတယ်။ ရောဂါဖြစ်နေတဲ့ ကာလအလယ်ပိုင်းအချိန်မှာစမ်းရင် ၁ဝဝ% တိကျပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၃

Q and A Over 18 Readings (133)

$
0
0
1. သမီးက အသက်က ၃၁၊ ကိုယ်အလေးချိန် ၁၁ဝ ခန့်၊ အရပ် ၅ပေ ၃လက်မပါ။
2. ညအိပ်လို့ အတွင်းခံဘောင်းဘီဝတ်အိပ်ရင် ပန်းသေတက်ပါသလား။
3. ကျွန်တော် မိန်းမယူတာ မကြာသေးပါဘူး။
4. ကျွန်တော် ကောင်မလေးနဲ့ ချစ်တာတော့ကြာပါပြီ။
5. ရာသီလာတာက သုံးရက်တည်းလို့ ပြောတယ်ဆရာ။
6. အသက်က 29 နှစ်ပါ။ အခန်မသင့်တာကြောင့် ကိုယ်ဝန် 3 လကိုဆေးသုံးပြီး
7. သမီးက အသက်က ၂၁ ပါဆရာ။
8. ဆရာရှင့် သမီးမှာအရင်ရည်းစားရှိပါတယ်။ ခုတော့ပြတ်သွားပါပြီ။
9. ကျနော်တို့ ကိုယ်ဝန်ဖျက်ချဖူးပါတယ်။
10. ကန်တော့ပါရဲ့နော်ဆရာ ကျွန်မ menstruation မလာခင်
11. ရာသီလာနေတဲ့ မိန်းလေးတစ်ယောက်နဲ့
12. သမီးရာသီလာတာက ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကစပြီးလာပါတယ်။
13. ကျွန်တော် မိန်းမက အသက် 27 နှစ် ပါ ဆရာ
14. cytopan 50 တလုံးသောက်တလုံးကို သားအိမ်ထဲထည့်ရင်
15. ကျွန်တော့် အသက် ၂၆ နှစ်ပါ။

Sat, Mar 30, 2013 at 4:25 PM
သမီးက အသက်က ၃၁၊ ကိုယ်အလေးချိန် ၁၁ဝ ခန့်၊ အရပ် ၅ပေ ၃လက်မပါ။ ယခု သားဦးကိုယ်ဝန် ၃လရှိပါပြီဆရာ။
၁။ သမီးမှာ အပျိုဘဝတည်းက စအိုကွဲနာဖြစ်ဖူးပြီး ပုံပါပုံစံနီးပါး ဖြစ်နေပါတယ်ဆရာ။ (ဆရာ့ဆောင်းပါးအားလုံးနီးပါးတော့ ဖတ်ပြီးပါပြီဆရာ) ဝမ်းအရမ်းချုပ်တဲ့အခါမှာ နာတတ်ပြီး သွေးလည်းတစ်ခါတစ်ရံပါတတ်ပါတယ်။ သမီးအခြေအနေ အတော်ဆိုးနေပါပြီလားရှင့်။ သမီးကလေးကို ရိုးရိုးပဲမွေးချင်ပါတယ်။ မွေးလို့ အဆင်ပြေနိုင်ပါ့မလားရှင့်။
၂။ သမီးက အစပ်အရမ်းကြိုက်ပါတယ်။ လိပ်ခေါင်းအတွက်မကောင်းတာမှန်ပါသလားရှင့်။ ကလေးအတွက်ရော ထိခိုက်နိုင်ပါသလားရှင့်။ ရှောင်ရမယ်ဆို ဘယ်အချိန်စရှောင်ရပါမလဲရှင့်။
၃။ ရေကိုလည်း ရေခဲသေတ္တာမှရေကိုပဲ သောက်ဖြစ်ပါတယ်။ အဲ့ဒါရော ကလေးအတွက် ကောင်းပါသလား။
၎။ နားနှင့်မနာ ဖဝါးနှင့်နာ ကန်တော့ပါဆရာ သမီးမေးရမယ့်သူလည်းမရှိလို့ပါ။ သမီးက အမျိုးသားနှင့် အချိန်အတော်ကြာ ခွဲနေရပါတယ်။ ယခုလည်းကလေးယူပြီး ခွဲနေရပါတယ်။ သမီးယခုကလေးရှိမှ လိင်စိတ်အရမ်းဖြစ်ပေါ်နေမိပါတယ်။ တစ်ခါတစ်ရံ ညစ်ညမ်းဝက်ဆိုဒ်တွေရောက်ပြီး ကိုယ့်ဖာကိုယ် ပွတ်သပ်ပြီး အာသာဖြေမိပါတယ်ရှင့်။ အာသာဖြေမိတဲ့အချိန်မှာ အကြောအချင်တွေတောင့်တင်းထားမိပြီး နောက်နေ့မှာ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲပါတယ်။ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံနိုင်ကြောင်း စာတွေတော့ဖတ်ဖူးပါတယ်ဆရာ။ သမီးက အာသာဖြေတာဖြစ်ပြီးတော့ ညောင်းညာတဲ့အတွက် ကလေးအတွက်ထိခိုက်နိုင်ပါသလားရှင့်။ ပြီးတော့ မိခင်က အဲ့လိုစိတ်ဖြစ်တာ ကလေးဆီမှာရော အဲ့လိုစိတ်များလာတာမျိုးဖြစ်နိုင်ပါသလားရှင့်။
၅။ မွေးဖွားရလွယ်ကူအောင် ကိုယ်ဝန်ဆောင်စဉ် လမ်းလျောက်ရမယ်ဆိုတာ ကိုယ်ဝန် ဘယ်နှလမှာ စလျောက်သင့်ပါသလဲ။ ကိုယ်ဝန်ဆောင်ချိန်လုပ်သင့်တဲ့ လေ့ကျင့်ခန်းများကို သိလိုပါတယ်ဆရာ။ မွေးဖွားစဉ် အသက်ဘယ်လိုရှူရမယ်။ ဘယ်လိုပြုမူရမယ်ဆိုတဲ့အကြောင်းကို စာအုပ်တွေထဲမှာပါပေမဲ့။ အသေးစိတ် မရေးထားပါဘူးဆရာ။ သမီးတို့ဆီက နယ်မြို့ဖြစ်တဲ့အတွက် သင်တန်းတွေလည်း မရှိပါဘူး။ သမီးအဲ့ဒီအကြောင်းကို တိတိကျကျလေ့လာချင်ပါတယ်ဆရာ။ သမီး ကီးဂဲလ်ကိုတော့ လုပ်ဖြစ်ပါတယ်ရှင့်။

၁။ ကလေးမီးဖွါးတာမှာ လိပ်ခေါင်းဖြစ်ဖြစ်၊ စအိုကွဲနာဖြစ်ဖြစ် ရှိပေမဲ့ မွေးလမ်းကနေ မွေးနိုင်ပါတယ်။
၂။ ကိုယ်ဝန်ကြောင့် လိပ်ခေါင်းပိုထွက်စေနိုင်တယ်။ မွေးဖွါးခြင်း ဒုတိယအဆင့်မှာ လိပ်ခေါင်းဖြစ်ရာနေရာကို ဖိအားသက်ရောက်လို့ ဖြစ်ရတာပါ။ ဒီအဆင့်မှာ မြန်ရင် သက်သာတယ်။ မွေးပြီးရင်တော့ သက်သာမယ်။
၃။ ရေအပူချိန်ကနေ ကလေးကို မသက်ရောက်ပါ။
၎။ အာသာဖြေတာကြောင့် ကလေး-ကိုယ်ဝန်ကို မထိခိုက်စေပါ။ ကိရိယာထည့်သွင်းတာတော့ မလုပ်သင့်ပါ။
၅။ လမ်းလျှောက်ကို ဘယ်နှစ်လမှာဖြစ်ဖြစ် လုပ်နိုင်တာကောင်းပါတယ်။ မွေးဖွါးနေချိန်မှာ အသက်ရှူတာ ဗိုက်နာတာက နာလိုက် သက်သာလိုက်ဖြစ်တယ်။ မနာတဲ့အချိန်မှာ အသက်ကောင်းကောင်းရှူပါ။ ရေ-အရည်လည်းသောက်ပါ။ နာနေချိန်မှာ ဘာမှ သတိမထားနိုင်ဖြစ်တတ်တယ်။ စိုးရိမ်စရာမရှိပါ။

ဆရာ့ပြန်စာရှိပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ဆရာ။ အစပ်အကြောင်းနဲ့ ပါတ်သက်ပြီးမေးထားတာလေးကိုလည်း အချိန်ရင်ပြန်ကြားပေးစေလိုပါတယ်ရှင့်။

Chilli ငရုတ်သီး အရသာ ပို့လိုက်ပါတယ်။

Sun, Mar 31, 2013 at 6:37 AM
ညအိပ်လို့အတွင်းခံဘောင်းဘီဝတ်အိပ်ရင်ပန်းသေတက်ပါသလား။ ကြီးထွားမှုကိုနှေးကွေးစေပါသလား။

မဖြစ်စေပါ။ မစိုးရိမ်ပါနဲ့။ သုက်ပိုးဖြစ်ထွန်းမှုကတော့ အပူချိန်နည်းတာကိုပိုသဘောကျပါတယ်။

Sat, Mar 30, 2013 at 8:22 PM
ကျွန်တော် မိန်းမယူတာ မကြာသေးပါဘူး။ ကျွန်တော့်မိန်းမမှာ အဖြူဆင်းတာ ချွဲနေတယ်လို့ပြောပါတယ်။ ၁ လပိုင်းနဲ့ ၂ လပိုင်းတုန်းကတော့ ရာသီသွေး ပုံမှန်လာပါတယ်၊ ခု ၃ လပိုင်းမှာ မလာလို့ ဘာကြောင့်ပါလဲဆရာ။ ဘယ်မှာ သွားဖတ်ရမလဲ။ အန္တရာယ်ရောရှိပါသလား။

• Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
• Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html
• Vaginal itching မိန်းမကိုယ် ယားခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-itching.html
• Vaginal odor (ဗဂျိုင်းနား) အနံ့ဆိုးနေခြင်း http://dts-medicaleducation-adult.blogspot.in/2012/12/vaginal-odor_15.html
• Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html

Sat, Mar 30, 2013 at 7:46 PM
ကျွန်တော် ကောင်မလေးနဲ့ ချစ်တာတော့ကြာပါပြီ။ အရင်တလကျော်လောက်က ၂ ခါလောက် ဆက်ဆံမိပါတယ်။ ကောင်မလေးမှာ အခုသွေမဆင်းဘူး ဖြစ်နေတယ်။ ဆီးစစ်တဲ့ အချောင်းနဲ့ တိုင်းကြည်တော့ အောက်ကအမှတ်မှာ နဲနဲပေါ် နေတယ် ပြောတယ်။ ကျွန်တော်တို့နှစ်ယောက် အခုချိန်မှာ လက်ထပ်လို့မဖြင်သေးပါဘူးဆရာ။ သူလည်းသိပါတယ်၊ သူနဲ့လည်း တိုင်ပင်ပြီးပြီ။ တကယ်လို့ ကိုယ်ဝန်ရှိနေရင် ဖျက်ချချင်ပါတယ်။ စားဆေး၊ သောက်ဆေးတွေနဲ့ ဖျက်ချလို့ ရပါသလား၊ ဖျက်ချလို့ရရင် ဘယ်ဆေးတွေလည်းဆိုတာ သိချင်ပါတယ်။ စားဆေးတွေနဲ မရလို့ ဆေးခန်းမှာ ဖျက်ချရမယ်ဆိုလည်း ဘယ်နေရာတွေမှာ ရနိုင်မလဲဆရာ။ ကျွန်တော်က ရန်ကုန်ကပါ။ နေ့ချင်းပြီးလောက်ပါလား။

• Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/04/abortion.html
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adult.blogspot.in/2012/04/abortion-complications.html
• Abortion Pills ဖျက်ဆေးတွေအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/abortion-pills.html
• Abortion Q and A (1) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-1.html
• Abortion Q and A (2) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-2.html

Sat, Mar 30, 2013 at 6:15 PM
ရာသီလာတာက သုံးရက်တည်းလို့ ပြောတယ်ဆရာ။ ပုံမှန်မဟုတ်ဘူးလို့ ထင်နေလို့ပါ ဆေးတွေကြောာင့်လားဆရာ။ ပြီးတော့ လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကိုလဲ သိချင်ပါတယ်။ ဖြစ်နိုင်ရင် အသေးစိတ်လေးပေါ့။

• STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/sexually-transmitted-diseases-stds.html
• STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂) http://dts-medicaleducation-adult.blogspot.in/2012/06/stds-2.html
• STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) http://dts-medicaleducation-adult.blogspot.in/2012/06/stds-3.html
• STDs (4) လိင်ကတဆင့် ကူးစက်ရောဂါများ ဆေးညွှန်း http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html
• STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adult.blogspot.in/2012/03/1_30.html

Sat, Mar 30, 2013 at 5:54 AM
အသက်က 29 နှစ်ပါ။ အခန်မသင့်တာကြောင့် ကိုယ်ဝန် 3 လကိုဆေးသုံးပြီး 16-3-13 မှာပျက်ရပါတယ်။ သက်ဆိုင်သူက အဝေးရောက်နေလို့ပါ။ 45 ရက် အတူမနေရဘူးလို့ ပြောပါတယ်။ ကလေးလည်း ပြန်ရချင်ပါတယ်။ သူကခွင့်မရပဲပြန်ရမယ် အတူနေလို့၍ တောင်းဆိုလာသောကြောင့် နေလို့ရပါသလား။ သားအိမ်ကိုထိခိုက်နိုင်ပါသလား။ abortion ဖြစ်တာ ရာသီလာတာဆိုရင် မျိုးဥကလည်း ပုံမှန်ရှိနေသလား။

ကိုယ်ဝန်ပျက်စဉ်က သားအိမ်ခြစ်သလား မသိပါ။ ခြစ်ရအုံးတော့ ၄၅ ရက်အထိစောင်ဘို့ မလိုပါ။ လူက ကျန်းမာနေရင် စိတ်လည်းဖြစ်ရင် တောင်းတိုမှုလည်းရှိရင် အတူနေနိုင်ကြပါတယ်။ ပိုကောင်းတာကတော့ (လုပ်ကိုလုပ်ပါလို့ မဆိုလိုပါ) ရာသီ ၂ လလောက်မှန်ပြီးမှ နောက်ကိုယ်ဝန်ယူသင့်ပါတယ်။ ကိုယ်ဝန်တည်ဘူးပြီဆိုရင် ဇနီးမှာလည်း မျိုးဥထွက်တာ ပုံမှန်ဖြစ်တယ်။ သားအိမ်ပြွန်လည်း ကျဉ်တးတာမရှိပါ။ ခင်ပွန်းမှာလည်း သုက်ပိုး အရေအတွက်နဲ့ အရည်အသွေး ပုံမှန်ဖြစ်နေလို့ပါ။

Fri, Mar 29, 2013 at 11:34 PM
သမီးက အသက်က ၂၁ ပါဆရာ။ သမီး အစပ်အစားများပြီး လိပ်ခေါင်းထွက်လာတယ်။ အဲဒါသမီး လိပ်ခေါင်းပျောက်ဆေး သောက်တယ်။ ဆေးသောက်တော့ သက်တော့ သတ်သာတယ်။ အဲဒါနဲ့ အိမ်သာတတ်ချင်လို အိမ်သာသွားတာ။ သမီးရဲ့ အင်္ဂါထဲက သွေးပုတ်တွေထွက်လာတယ်ဆရာ။ အဲဒါစိုးရိမ်ရလားဆရာ။ သောက်ရမဲ့ဆေး လေးပြောပြပေးပါဆရာ။

ကနေ့ပဲ တယောက်က ဒီလိုမေးခွန်းမျိုးမေးပါသေးတယ်။ အီးမေးလ်လိပ်စာ မတူဘူးထင်လို့ ထပ်ဖြေပါမယ်။ မေးချင်တာက မ-အင်္ဂါကနေသွေးဆင်းတာဖြစ်မယ်ထင်ပါတယ်။ အဲဒါဆိုရင် လိပ်ခေါင်းနဲ့ မဆိုင်ပါ။ ရာသီအခြေအနေ မသိပါ။ အိမ်ထောင်၊ အတူနေတာ မသိပါ။ (စိတ်မရှိပါနဲ့) လိုသေးရင် တိတိကျကျရေးမေးနိုင်ပါတယ်။
• Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://dts-medicaleducation.blogspot.com/2010/07/q-and-on-piles.html
• Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducation.blogspot.com/2012/01/hemorrhoids-treatment.html
• Bleeding PV သွေးသွန်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/bleeding-pv.html

Wed, Mar 27, 2013 at 1:17 AM
ဆရာရှင့် သမီးမှာ အရင်ရည်းစားရှိပါတယ်။ ခုတော့ပြတ်သွားပါပြီ။ ခုတော့ နောက်တယောက်နဲ့ သမီးတွဲနေပါတယ်။ နောက်နှစ်လောက်ကျရင် လက်ထပ်ဖို့စဉ်းစားထားပါတယ်။ ခက်တာက အရင်ရည်းစားနဲ့ ဆက်ဆံဖူးခဲ့ပါတယ်။ ဒါပေမယ့် သမီးသွေးမထွက်ခဲ့ဖူးပါဘူး။ သမီးသိချင်တာက သူ့လိင်တံအထဲထိမရောက်လို့လားဆိုတာကို သိချင်လို့ပါဆရာရယ်။ ခုတွဲနေတဲ့ချစ်သူကိုတော့ သမီးလက်မလွတ်နိုင်ပါဘူး။ သူ့ကိုလည်း မထိခိုက်စေချင်လို့ပါဆရာရယ်။ သမီး အပျိုစစ်သေးလားဆိုတာ သိချင်ပါတယ်။ အရင်ရည်းစားနဲ့ ဆက်ဆံတုန်းက တက်နိုင်သလောက် မိန်းမကိုယ်ထဲထိ မဝင်အောင်ထိန်းခဲ့ပါတယ်။ အမှားပါသွားရင်ခွင့်လွှတ်ပါဆရာ။ သမီးဘဝအတွက်အရေးကြီးလို့ပါ။

အရင်အတူနေခဲ့တာ ဘယ်နှစ်ကြိမ်လဲ၊ အချိန်ဘယ်လောက်ကြာခဲ့သလဲ။ နာကျင်တာကို ခံစားခဲ့ရသလား။ သုက်ရည် ထွက်သွားခဲ့သလား။ မစိုးရိမ်ပါနဲ့။ ကိုယ်ကိုယ်တိုင်က အသိဆုံးပါ။ အပျိုစစ်၊ မစစ်ဆိုတဲ အဆုံးအဖြတ်ကို ဘာအတွက် သုံးမှာလဲ။ ဆရာဝန်ကနေသက်သေခံဘို့ဆိုတာက တမျိုးပါ။ ကိုယ်ယူမဲ့ ယောက်ျားလေးက သူကိုယ်တိုင် ဆုံးဖြတ်မှာပါ။ သူကကော လိင်ပညာသုတကို ဘယ်အထိ သိသလဲ မပြောနိုင်ပါ။ လိုသေးရင် မေးပါ။

အကြိမ်အရေတွက်တော့ သေချာမမှတ်မိပါဘူးဆရာ။ ဒါပေမယ်နာကျင်တဲ့ခံစားချက်မျိုးတော့ တခါမှမခံစားခဲ့ဘူးပါ။ သုက်ရည်ကတော့ အနည်းအကျင်းတော့ထွက်ဖူးပါတယ်။ သမီးစိုးရိမ်တာက ခုလက်ရှိတွဲနေတဲ့ချစ်သူကို ယူပြီမှ သူစိတ်မှာလည်း ဒဏ်ရာမဖြစ်စေချင်လို့ပါ။ သမီးကြားဖူးတာက ယောက်ျားလေး တော်တော်များများက တခြားတယောက်နဲ့ အတူနေပြီးတဲ့မိန်းမကို လက်ထပ်ဖို့ငြင်းဆန်ကြတယ်ဆိုတာ လူတိုင်းလားဆရာရယ်။ ငယ်ငယ်တုန်းက မဖြစ်သင့်တာတွေ ဖြစ်ခဲ့လို့လည်း ကိုယ့်ကိုယ်ကို စိတ်နာတယ်။ ပြီးတော့ အရမ်းလည်းကြောက်နေမိတယ် ဆရာရယ်။ အပျိုရည်ပျက်တဲ့ ပဌမအကြိမ်တွေ ၂-၃ ကြိမ်မှာ နာကြတာက အများစုဖြစ်တယ်။ ယောက်ျားလေးတွေ သဘာဝကလည်း မိန်းကလေးတွေလိုပါပဲ၊ တယောက်နဲ့တယောက် မတူတတ်ပါ။ တချို့က သိပ်သတိထားတယ်။ အပျိုစစ်-မစစ်အသေအချာ သိချင်တယ်။ တခါကလည်း မိန်းကလေးက ဆရာ့ကိုတော့ သူတကယ်စစ်ပါတယ်လို့ပြောတယ်။ ဒါပေမဲ့ သူယူတဲ့ ယောက်ျားက သူသိထားတဲ့ အချက်အလက်တွေနဲ့ မညီလို့ဆိုပြီး သံသယဝင်တယ်။ ဒီအရေးမှာ ဆရာဖြေခဲ့ရဘူးတယ်။ အခုမေးတဲ့သူအတွက်တော့ ဆရာဝန်ရှုဒေါင့်ကနေ ဒိထက်ပိုပြောလို့မရတော့ ဘူးထင်ပါတယ်။

Sat, Mar 23, 2013 at 12:47 AM
ကျနော်တို့ ကိုယ်ဝန်ဖျက်ချဖူးပါတယ်။ ဆရာဝန်က လိင်ကိစ္စကို ၄၅ ရက်ရှောင်ရမယ်လို့ မှာပါတယ်။ တကယ်လို့ ၄၅ ရက်အတွင်း မရှောင်ခဲ့ရင် ဘာအကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲ ဆရာ။

တကယ်တော့ ၄၅ ရက်အထိ မလိုအပ်လှပါ။ မိန်ကလေး ကျန်းမာရေးကောင်းနေရင် တပါတ် ၁ဝ ရက်ဆိုရင် ဖြစ်ပါတယ်။ သတိထားဘို့က နောက်တခါအတွက် ကိုယ်ဝန်မလိုချင်သေးရင် တားဆေး-တားနည်း စနစ်တကျသုံးပါ။ ခဏခဏ ဖျက်ရတာ မကောင်းပါ။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။ ကျနော်က ကိုယ်ဝန်ဖျက်ချတာကြောင့် နောင်တစ်ချိန် ကိုယ်ဝန်ပြန်မရမှာကို စိုးရိမ်တယ်ဆရာ။ လိုက်နာသင့်တဲ့နည်းလမ်းလေးတွေ ပြောပြပေးပါဆရာ။

ပျက်ခဲ့တဲ့ကိုယ်ဝန်က ဘာလို့ပျက်လဲ မသိပါ။ မသိာကလည်းများပါတယ်။ တခါပျက်သူ နောက်ထပ်ပျက်တာ ရှိပေမဲ့ မများလှပါ။
• Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/04/abortion.html
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adult.blogspot.in/2012/04/abortion-complications.html
• Abortion Pills ဖျက်ဆေးတွေအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/abortion-pills.html
• Abortion Q and A (1) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-1.html
• Abortion Q and A (2) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-2.html

Fri, Mar 29, 2013 at 8:11 PM
ကန်တော့ပါရဲ့နော်ဆရာ ကျွန်မ menstruation မလာခင် သုံးလေးရက်လောက်အလိုမှာ ညိုညိုလေးတွေ လာတယ်ဆရာ။ underwear ပေရုံလောက်နည်းနည်းဘဲလာတာပါ။ ဒါပေမယ့် သုံးရက်လောက်လာတယ်။ အနံ့ကတော့ ချွေးတွေ လှောင်ထားတဲ့ အနံ့လိုမျိုးလေးတော့ ရတယ်။ အနံ့ပြင်းပြင်းကြီးတော့မဟုတ်ပါဘူး။ ပြီးရင်တော့အရင်လိုဘဲ အနီရောင် သုံးရက်ခပ်များများလာပါတယ်။ (ငယ်ငယ်တုန်းကလိုပါဘဲ) အဲ့ထဲမှာလဲ တစ်ခါတစ်လေ ခပ်ညိုညိုအဖတ်ကလေးတွေ နည်းနည်းပါတတ်တယ်။ အဲလိုဖြစ်တာ လေးငါးလလောက်တော့ ရှိနေပါပြီ ကိုက်တာလဲမရှိပါဘူး။ ဘယ်လိုမှတော့ မနေပါဘူး။ သွားသွားလာလာနေလို့ရပါတယ်။ ကျွန်မ အသက် ၃၁ နှစ်ရှိပါပြီဆရာ။ တစ်ခါမျှ အိမ်ထောင်မပြုဖူးတဲ့ အပျိုကြီးတစ်ယောက်ပါ။ ငယ်ငယ်ကတည်းက ဘာရောဂါမှလဲမရှိပါဘူး။ ကျန်းမာရေးလဲအမြဲဂရုစိုက်ပါတယ်ကျွန်မက ကုန်းသတ္တဝါတော့ မစားဘူးဆရာရေသတ္တဝါနဲ့ ဟင်းသီးဟင်းရွက်စားပါတယ်။ (ဆယ်နှစ်ကျော်လောက်တော့ရှိပါပြီ) exercise လဲလုပ်ပါတယ်။ အားဆေးအနေနဲ့ zincovit သောက်ပါတယ်။ ရှားစောင်းလက်ပတ်လဲ စားပါတယ်။ လူပျံတော်ပတ္တမြားသွေးဆေးလဲ ကောင်းတယ်ဆိုလို့ သောက်ပါတယ်။ ပျားရည်လဲ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုလို့ သောက်ပါတယ် (နည်းနည်းပါ) Menstruation လတိုင်းပုံမှန်လာပေမယ့် ရက်ကတော့ သုံးလေးရက်လောက် အမြဲနောက်ကျတတ်ပါတယ်။ ရက်တိတိကျကျတော့ မလာတတ်ဘူး။ အဲဒါကတော့ငယ်ငယ်ကတည်းကပါဘဲ အပျိုစဖြစ်ကတည်းက ခုချိန်အထိတစ်ခါမှ menstruation နဲ့ပတ်သက်ပြီး ဘာမှထူးထူးခြားခြားမဖြစ်ဖူးတော့ စိုးရိမ်မိလို့ပါဆရာ။ ဘာဆေးသောက်ရမလဲဆရာ။ ဘာလို့အဲလို ဖြစ်တာလဲဆရာ။

ပြောတဲ့အတိုင်းဆိုရင် ရောဂါရယ်လို့ မဟုတ်လောာက်ပါ။ ရာသီဆိုတာ လမှန်ဘို့က နံပါတ် တစ်ဖြစ်ပါတယ်။ အနည်းအများ၊ အရောင်၊ တရက်နှစ်ရက်လွဲတာတွေအတွက် ဆေးသောက်စရာ မလိုပါ။ နေရာက လှောင်နေရတဲ့ သဘာဝမို့ အဲလိုဖြစ်တတ်ပါတယ်။ မှို (ဖန်းဂတ်စ်) မဝင်ရင် ဆေးမလိုပါ။ မှိုပိုးဆိုတာ အိမ်ထောင်မပြုသူ ဆက်ဆံမှု မရှိသူတွေမှာလဲ ဖြစ်တတ်တယ်။ ဖြစ်ရင် အဖြူဆင်းမယ်။ တခါတလေ ယားမယ်။ အဲဒါဆိုရင် ဆေးလိုပြီ။ အစားအသောက်က ကိုယ့်သဘောပါ။ သံဓါတ်မနည်းအောင် ဂရုစိုက်ပေးပါ ကယ်လ်စီယမ်လည်း အမျိုးသမီးတွေက ပိုလိုတယ်။ ၃၅ ကျော်ရင် ပိုလိုတယ်။ Zincovit ထဲမှာ ကယ်လ်စီယမ် နည်းနည်းပါတယ်။ သံဓါတ်မပါဘူး။

Fri, Mar 29, 2013 at 7:11 PM
ရာသီလာနေတဲ့ မိန်းလေးတစ်ယောက်နဲ့ လိင်ဆက်ဆံမိရင် ကိုယ်ဝန်ရနိုင်တယ်လို့ သိရပါတယ်။ ရာသီလာနေတာ ဒီနေ့နဲ့ဆို ၂ ရက်မြောက်ရှိပါပြီ။ ၃ ရက်နေ့မြောက်ထိ ရာသီဆက်လာနေရင် တားဆေးကိုနာရီပိုင်း၊ မိနစ်ပိုင်းအတွင် ၁၅ မိနစ် ၁ဝ မိနစ် အတွင်းမှာသောက်ပြီး လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ပါသလားခင်ဗျာ။ ရာသီလာတာ ဘယ်နှစ်ရက်လောက် ကြာတတ်ပါသလဲ။ စိတ်မချလို့ တားဆေးအပြင် အဖော်နဲ့ပါဆက်ဆံရင် ကိုယ်ဝန်ရနိုင်ပါသလား။ နောက်ပြီး တားဆေး သောက်ထားလို့ အခုလာနေတဲ့ရာသီကချက်ချင်း ရပ်သွားတာလား ပြီးတော့ နောက်လမှာ လာမည့်ရာသီက နဲနဲနောက်ကျမှလာမည်လား။ ဒါမှမဟုတ် ဘယ်တော့လောက်ပြန်လာနိုင်ပါသလဲ။ ဘယ်လိုမျိုးလဲဆိုတာ သိချင်လို့ပါ။

ရာသီစလာချိန်ကစပြီး နောက်ထပ် ၃-၄-၅ ရက်အတွင်း အတူနေပေမဲ့ ကိုယ်ဝန်မရစေနိုင်ပါ။ တားဆေးဆိုတာ အမျိုးမျိုးရှိတာမို့ သိချင်တာကို ဆေးအမျိုးအစား၊ ဆေးနာမည်နဲ့မေးပါ။ ကွန်ဒွမ်ကို စနစ်တကျသုံးရင် ဘယ်ရက်မှာမဆို ကိုယ်ဝန်မရစေနိုင်ပါ။ ဒါပေမဲ့ ရာခိုင်နှုန်းမတူပါ။
Most Effective Methods ထိရောက်မှု အများဆုံးနည်းတွေ
• Implant အရေပြားအောက် ဆေးချောင်း၊ IUD သားအိမ်ထဲထည့် ပစ္စည်း၊ Vasectomy, Tubal methods သားကြောဖြတ်ခြင်းများ၊ = 99%
• Birth Control shot ထိုးဆေး၊ = 97%
• Birth Comtrol Pill စားဆေး၊ Vaginal Ring (ဗဂျိုင်းနား) ကွင်း၊ = 92-95%
• Condom (ကွန်ဒွမ်)၊ Diaphragm, Cervical Cap သားအိမ်ဝအဖုံး-အပိတ်၊ Sponge ဆေးမြှုပ်၊ = 84-89%
• Abstinence ဝေရာမဏိ = ၁ဝဝ%

Least Effective Methods ထိရောက်မှု အနည်းဆုံးနည်းတွေ
• No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = 85%
• Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = 25%
• Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%

တားဆေးက အခုမြန်မာပြည်မှာ အသုံးများတဲ့ "စိတ်ချ" ဆိုတဲ့ဆေးနာမည်ပါ။ တခါမှလဲမသုံးဖူးတော့ သူငယ်ချင်းတွေသုံးတာ ကြားဖူးနားဝလောက်ပဲရှိတာပါ။ ရာသီလာတာက ၅ရက်လောက်ကြာတယ်လို့ လဲကြားဖူးတယ်။ လာနေချိန်မှာလဲ လိင်ဆက်ဆံရင်ကိုယ်ဝန်ရနိုင်တယ်လို့လဲ ကြားဖူးတယ်။ လာပြီးသွားလို့ ပြီးသွားတဲ့ ၁ ပတ်အတွင်း ဆက်ဆံရင်တော့ မရနိုင်ဘူးလို့လဲကြားဖူးတယ်။ တားဆေးကိုလဲ ချက်ချင်းသောက်ပြီး ဆက်ဆံရင် အကျိုးအာနိသင် ရှိပါ့မလားလို့။ တခြားအကျိုးအာနိသင်ရှိမည့် ဘာတားဆေးတွေရှိပါသလဲ ခင်ဗျာ။

http://dts-medicaleducation-adult.blogspot.in/ အောက်ဆုံးမှာ မာတိကာရှိပါတယ်။ ကြိုက်တာရှာဖတ်ပါ။

Fri, Mar 29, 2013 at 5:24 PM
သမီးရာသီလာတာက ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကစပြီးလာပါတယ်။ ဆရာဝန်နဲ့တော့ တခါမှမပြဖူးပါဘူး။ အခုအဖြူလည်း ဆင်းပါတယ် ဆရာ။ ဆီးသွားရင်တော့ နည်းနည်းကျင်နေတုန်းပဲ။ သမီးမေမေကတော့ မိန်းမကိုယ်ကို ပိုးဝင်တာလား မသိဘူးလို့ပြောနေပါတယ်ဆရာ။ အဲ့လိုရောဖြစ်နိုင်လားဆရာ။

ဘာမှ မစိုးရိမ်နဲ့။ မိန်းကလေး မပျိုတွေ၊ အိမ်ထောင်မရှိသူတွေ၊ သမီးရည်းစားနဲ့ မတွဲသူတွေလည်း အဖြူဆင်းတတ်ပါတယ်။ ဆေးနည်းကလည်း မခက်ပါ။
• Metronidazole 500 mg တနေ့ ၂ ကြိမ် ၇ ရက်၊
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

Fri, Mar 29, 2013 at 4:20 PM
ကျွန်တော် မိန်းမက အသက် 27 နှစ်ပါဆရာ။ သူက HPV ကာကွယ်ဆေး ထိုးထားတာ ကြာပြီဆရာ။ အဲဒါဆိုရင် ကျွန်တော် မပျောက် ခင် ဆက်ဆံမယ် ဆိုရင် အကာအကွယ်(ကွန်ဒုံး) သုံး ရမှာပေါ့နော်ဆရာ။ နှုတ်ခမ်းခြင်းရော နမ်းလို့ မရသေးဘူးပေါ့နော် ဆရာ။

အာသီးအတွက် ပိုးသေဆေး တပါတ်လည်အောင်သောက်ရင် ပျောက်ပါတယ်။ မကူးစေပါ။ လိင်အင်္ဂါကြွက်နို့ရှိနေရေင် ကွန်ဒွမ်သုံးတာကောင်းပါတယ်။ ကာကွယ်ဆေးထိုးထားရင်တော့ အတော်စိတ်ချနိုင်ပါတယ်။ သိပ်ကြီးမစိုးရိမ်ပါနဲ့။ အလွန်ဆုံး သားအိမ်ဝကင်ဆာဖြစ်လေမလားဆိုတာသာ သတိထားရပါတယ်။ လူတိုင်းက မဖြစ်ပါ။ ဒီအတွက်လည်း Pap smear test လုပ်ရင် အစောကြီးသိပါမယ်။

Fri, Mar 29, 2013 at 1:27 PM
cytopan 50 တလုံးသောက်တလုံးကိုသားအိမ်ထဲထည့်ရင်ကိုယ်ဝန်ပျက်နိုင်ပါလားဆရာ

Cytopan ထဲမှာ Diclofenac Sodium 50mg, Misoprostol 200mcg ပါတယ်လို့ဖတ်ရပါတယ်။ Misoprostol ကို ဘယ်လိုသုံးရမယ်ဆိုတာ စာထဲမှာပါပါတယ်။
Medical abortion (4) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၄)

Wed, Mar 27, 2013 at 4:49 PM
ကျွန်တော့် အသက် ၂၆ နှစ်ပါ။ ယောက်ျားပါ။ အိမ်ထောင်ရှိပါတယ်။ ကျွန်တော့် မိန်းမနဲ့အတူ (့) မှာ နေတာပါ။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်လည်းသစ္စာ ရှိတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခု ၁ဝ လပိုင်းလောက်က စပြီး ကျွန်တော့် အင်္ဂါ မှာ HPV တစ်ခုပေါက်နေတယ်။ အဲဒါ ဘာဖြစ်လို့လဲ မသိဘူးဆရာ။ ပြီးတော့ ပါးစပ်မှာလဲ အားသီး နှစ်ခုလုံး ကွဲပြီးကြီးနေတယ်။ အဲဒါ ကျွန်တော့် မိန်းမဆီ ကူးမှာစိုးရိမ်လို့ အခုတော့ တစ်အိမ်ထဲမှာ ခွဲနေတယ်။ အဲဒါ အတူနေမယ်ဆိုရင် ဘယ်အချက်တွေ ရှောင်ရမလဲ။ ဆက်ဆံတဲ့ အချိန်မှာ အကာအကွယ် သုံးလို့ရလား။ ပါးစပ်ချင်းနမ်းလို့ကောရလား၊ ကျွန်တော့် မိန်းမကတော့ လက်မထပ်ခင်ထဲက HPV ကာကွယ်ဆေး ထိုးထားပြီးသားပါ။ ကလေးယူရင်ကော ကျန်းမာတဲ့ ကလေးရဖို့သေချာနိုင်လား။
Genital Warts (1) လိင်အင်္ဂါကြွက်နို့ (၁)
Genital Warts (2) လိင်အင်္ဂါ ကြွက်နို့ (၂)


Q and A Over 18 Readings (134)

$
0
0
1. သမီးသွေးစစ်တာ ဘီ ပိုး ရှိနေပါတယ်ဆရာ။
2. ကျနော် girl friend နှင့်အတူနေခဲ့ပါတယ်။
3. I'm 56 years old (Male) Occasionally, I have sex,
4. သမီးရဲ့ညီမလေးက အသက် 21 နှစ်ပါ ကိုယ်အလေးချိန်က 70 kg ပါ
5. I want to make my penis large.
6. ကျွန်တော် ကောင်မလေးနဲ့ အရင်လက 25.2.2013 နေ့မှာ တစ်ခါဒီလ
7. ကိုယ်ဝန် 3 လဆေးသုံးပြီး သားအိမ်ခြစ်ပြီးနောက် ဆီးစမ်းတာ
8. ကိုယ်ဝန် 3 လ abortion ဖြစ်ပြီး ဆေးခန်းသွားတာ ဆေး၃ကဒ်၊
9. ကျွန်တော်အသက်က ၂၈ နှစ်ရှိပါပြီ၊

Wed, Mar 20, 2013 at 4:40 PM
သမီးသွေးစစ်တာ ဘီ ပိုး ရှိနေပါတယ်ဆရာ။ အဲဒါနဲ့ ကိုယ်ခံအားနဲ့ အသည်းလုပ်ဆောင်မှုဆိုတာတွေ စစ်ရပါတယ်။ ကိုယ်ခံအားကတော့ မထွက်သေးဘူး အသည်း လုပ်ဆောင်ချက်ကတော့က ကောင်းတယ်လို့ပြောပါတယ်။ သမီးကို ဆေးပြင်းတွေ သောက်ဖို့မလိုသေးလို့ Fame က ထုတ်တဲ့ Hepa-B ပဲ မနက်တစ်လုံး ညတစ်လုံး သောက်ခိုင်းပါတယ်။ သမီးက ပိန်ပါတယ်။ ပိန်တာက ဘီပိုးရှိတာ မရှိတာနဲ့ဆိုင်ပါသလား။ ပြီးတော့ ဆေးက 6 လ သောက်ရမယ်ဆိုတော့ ၆ လပြည့်ရင်ရော ဝလာတတ်လားဆရာ။ TB ဆေးတွေဆို ဆေးပတ်လည်တဲ့အခါ ဝလာတတ်လို့လေ သမီးက ဝလည်း ဝချင်ပါတယ်။

ပိုးရှိတာနဲ့ ပိန်တာ တိုက်ရိုက် မဆိုင်ပါ။ အားဆေးတမျိုးတည်းကြောင့် ဝလာဘို့ဆိုတာ မရေရာပါ။ အသဲအားဆေးတွေက နည်းနည်းသာ အထောက်အကူပြုနိုင်ပါတယ်။ ပိန်တာထက် အသဲအလုပ်ကောင်းနေဘို့ကပိုအရေးကြီးပါတယ်။ စာတွေဖတ်သင့်၊ လိုက်နာသင့်ပါတယ်။
• Hepatitis B အသဲရောင် (ဘီ) ပိုး http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html

Thu, Mar 28, 2013 at 1:30 PM
ကျနော် girl friend နှင့်အတူနေခဲ့ပါတယ်။ ပြီးတော့ ၇၂ နာရီအတွင်းသောက်ရမဲ့ကိုယ်ဝန်တားဆေးကိုဖြစ်ခဲ့ပြီး ၆ နာရီအကြာမှာ သောက်စေခဲ့ပါတယ်။ ဆေးသောက်ပြီး ၄ နာရီလောက်အကြာမှာ ဆေးသောက်ထားတာပဲလေ ဆိုပြီးတစ်ခါထပ်ပြီး အကာအကွယ်မဲ့ဆက်ဆံခဲ့ပါတယ်။ ခုရာသီလာမဲ့ရက်က ၃ ရက်တောင်ကျော်သွားပါပြီ။ မလာသေးဘူး။ ကျနော်သိချင်တာက အဲဒီ ၇၂ နာရီတားဆေးတွေက ပြီးခဲ့တာကိုပဲ ကာကွယ်တာလား၊ ၇၂ နာရီအတွင်းမှာဆိုရင် ဆေးသောက်ပြီးရင်ကော မကာကွယ်ဘူးလား။ နောက်တစ်ချက်က အဲဒီဆေးကိုသောက်ရင် ရာသီလာတာ နောက်ကျ သွားတတ်ပါသလားဆရာ။ ကျေးဇူးပြုပြီးမေးပြန်ပို့ပါနှော်။

အရေးပေါ်တားဆေးကြောင့် ရာသီရက်ပြောင်းပါမယ်။ ၇၂ နာရီအတွင်း ဆေးသောက်တာဆိုရင် စိတ်ချရပါမယ်။ သေချာချင်ရင် ဆီးစစ်နိုင်ပါတယ်။ ဆေးအရှိန်သွေးထဲမှာရှိနေစဉ်ဆိုရင်လည်း ဆေးသောက်ပြီးချိန်အနီးကပ်နာရီတွေအတွက်လည်း ကာကွယ်ပါမယ်။

Thu, Mar 28, 2013 at 10:20 AM
I'm 56 years old (Male) Occasionally, I have sex, say, once in 4 to 6 month times. After, I release the Spam, I feel painful at the junction for about 5 to 10 mins. Then the pain go away. I'm concern about the Prostate Cancer. I did blood test and the results are normal. (PSA count) No blood in the urine. (Blood count is 0.5 below normal <5 data-blogger-escaped-.0="" data-blogger-escaped-br="">
Yes for men over 55 we should take care of Prostate problems. Mostly BPH (non-cancer) is common. BPH may cause dribbling after urination or a need to go often, especially at night. The doctor will do per rectal exam and or Ultrasound. Apart from BPH, Prostatitis is also not uncommon. Symptoms of prostate cancer may include: Problems passing urine, such as pain, difficulty starting or stopping the stream, or dribbling; Low back pain; Pain with ejaculation. So be advised to see a Urologist.

Thu, Mar 28, 2013 at 7:29 AM
သမီးရဲ့ညီမလေးက အသက် 21 နှစ်ပါ ကိုယ်အလေးချိန်က 70 kg ပါ နေတာက (့) နိုင်ငံမှာပါ။ အရပ်က 5 ပေ 2 လက်မပါ။ သူက ရာသီမလာတာ 2 လရှိပြီး။ အိမ်ထောင်မရှိပါဘူး။ ခါတိုင်းလ တွေဆိုရင်တော့ ရက်ကျော်တာလောက်ပဲ (ရာသီမလာတာ) အခုလို လကျော်တာမျိုး မဖြစ်ဖူးဘူး။ ဆရာဝန်နဲ့သွားပြကြည့်တော့ ဟော်မုန်းနည်းတယ်လို့ပြောတယ်။ သားအိမ်ကို ultrasound ရိုက်ကြည့်တော့လည်း အကောင်းပဲတဲ့ ဆရာဝန်က ကိုယ်ဝန်တားဆေးသောက်ခိုင်းတာကို ညီမလေးက မသောက်လို့မရဘူးလားလို့ပြောလိုက်မိတယ်။ အဲဒါ ဆရာဝန်က ဆေး 5 ရက်စာ ပေးလာတယ်။ ဆေး 5 ရက် သောက်နေတာတော့ ဘာမှ မထူးခြားလာသေးဘူး ဘာဆက်လုပ်သင့်သလဲ။ ဟော်မုန်းအားနည်းနေတာကို ဘယ်လို ဆေးမျိုးသောက်သင့်တာလဲ။ ပြီးတော့ ဘယ်လို ကုသရမလဲ ရာသီလာမှန်အောင် ဘယ်လိုဆေးတွေ သောက်သင့်တာလဲ။

Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)
Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)

Thu, Mar 28, 2013 at 12:13 AM
I want to make my penis large. How will I do to make my penis larger?

• Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) General ယေဘုယျ http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
• Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) Injection ဆေးထိုးနည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
• Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) Andropenis နည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
• Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) Analysis သုံးသပ်ချက် http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
• Penis enlargement (5) ကျားအင်္ဂါ ကြီးစေခြင်း (၅) Pump and others လေစုပ်ကရိယာ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html
• Penis enlargement (6) ကျားအင်္ဂါ ကြီးစေခြင်း (၆) Complications ဆိုးကျိုးတွေ http://dts-medicaleducation-adult.blogspot.in/2012/08/penis-enlargement-5-complications.html
• Penis Life Cycle ယောက်ျား-အင်္ဂါ အသက်ကြောင့် ဘယ်လိုပြောင်းလာသလဲ http://dts-medicaleducation-adult.blogspot.in/2012/03/life-cycle-of-penis.html

Wed, Mar 27, 2013 at 4:41 PM
ကျွန်တော် ကောင်မလေးနဲ့ အရင်လက 25.2.2013 နေ့မှာ တစ်ခါဒီလ 12.3.2013 တစ်ခါ ဆက်ဆံခဲံပါတယ်။ အခု 25.3.2013 မှာ ရာသီစဆင်းတယ်လို့ ပြောပါတယ်။ အဲဒါ ရာသီလာသွားပြီဆိုတော့ လုံးဝကိုယ်ဝန်မရှိဘူးလို့ 100% အာမခံလို့ ရသွားပြီလားဆရာ။ စ ဆက်ဆံခဲ့တဲ့ အချိန်က ရာသီလာပြီး နောက်တစ်ရက်ပါ။

ရာသီလာရင် (သွေးဆင်းရင်) အဲဒီမိန်းကလေးမှာ ဒိအရင်က ဘယ်လောက်ပဲ အတူနေခဲ့ပါစေ၊ နေခဲတာတွေကြောင့် ကိုယ်ဝန်မရတာ မှန်ပါတယ်။ ရာသီဆင်းချိန်ကနေ ဆင်းပြီး ၃-၅-၇ ရက်အထိ ကိုယ်ဝန်မရစေနိုင်ပါ။

Sun, Mar 31, 2013 at 2:58 PM
ကိုယ်ဝန် 3 လဆေးသုံးပြီး သားအိမ်ခြစ်ပြီးနောက် ဆီးစမ်းတာ လိုင်းနှစ်ကြောင်းပေါ်နေသေးတာဘာကြောင့်လဲ။ ဆောင်ရန်ရှောင်ရန်များသိလိုပါတယ်။

ကိုယ်ဝန်ရှိပြီဆိုကတည်းက အမျိုးသမီးသွေးထဲမှာ အချင်းနဲ့ဆိုင်တဲ့ Hcg ဟော်မုန်းတမျိုးထွက်လာတယ်။ စမ်းလို့ရတဲ့ရက်ကနေစပြီး သွေး-ဆီးစစ်ရင် ပေါ်ပြီ။ ကိုယ်ဝန်က ဆက်ရှိတာဖြစ်ဖြစ်၊ ပျက်သွားတာဖြစ်ဖြစ်၊ ဖျက်ပြစ်တာဖြစ်ဖြစ် သွေးထဲမှာ အဲဒီဟော်မုန်းက စမ်းတွေ့နိုင်သလောက်ရှိနေသေးသမျှ ကိုယ်ဝန်ရှိသလိုပဲ အဖြေထွက်နေပါအုံးမယ်။ ကြာရင် မတွေ့တော့ပါ။ အုတာအတွက်တော့ ဆေးမလိုပါ။

Sun, Mar 31, 2013 at 8:15 PM
ကိုယ်ဝန် 3 လ abortion ဖြစ်ပြီး ဆေးခန်းသွားတာ ဆေး၃ကဒ်၊ အယ်ထွာဆောင်းပုံစာပို့လိုက်ပါ။ ကြည့်ရှုပြီးဖြေပေးပါ။

Attachments တွေနဲ့ စာတခြားစီလာလို့ မနည်းတွဲဖတ်ရတယ်။ ဆရာ့ဝန့်ဆေးစာကလည်း တစောင်းဆိုတော့ အဖတ်ရခက်တယ်။ လူနာရာဇဝင်ကလည်း မစုံးဘူးဖြစ်နေတယ်။

Sorry ပါဆရာ။ အသက်က 29 နှစ်အိမ်ထောင်မရှိ။ 16-3-13ရက်နေ့ ကိုယ်ဝန် 3 လဆေးသုံးပြီးဖျက်။ သားအိမ်ခြစ်ထား။ တစ်ခါတစ်လေချွေးထွက်ပြီးချမ်း။ ဘယ်ဘက်ဗိုက်အခြမ်းနည်းနည်းနာ။ သွေးပေါင်ချိန် 100-70။ သားအိမ်အခြေအနေ ကောင်းမကောင်းဆေးစာမှာ ဘာညွှန်းကြားထားပါသလဲဆရာ။

ဘယ်ဘက် မျိုးဥအိမ်မှာ အကျိတ်တခုရှိနေပါတယ်။ Ovarian Cyst ခေါ်တယ်။ ဖြစ်တတ်တယ်။ ခွဲရဘို့များတယ်။ ကြီးလာနိုင်တယ်။ စိုးရိမ်စရာမဟုတ်ပါ။ ကင်ဆာ မဟုတ်ပါ။ ကျန်တာတွေအားလုံးပုံမှန်ရှိတယ်။

Sun, Mar 31, 2013 at 11:10 PM
ကျွန်တော်အသက်က ၂၈ နှစ်ရှိပါပြီ၊ ကျွန်တော်က သုက်လွတ်တာ အရမ်းမြန်နေလို့ပါဆရာ။ ဆရာရေးတဲ့စာတွေလဲ ဖတ်ပီးပါပြီ၊ ကျွန်တော်က မိန်းခလေးတွေနဲ့ အခန်းထဲမှာအတူတူနေရင် ဘာမှမဖြစ်သေးဘူးဆရာ။ သူတို့နဲ့နေဖို့ အဝတ်တွေချွတ်ပြီး ကိုင်တွယ်လိုက်တာနဲ့ အပြင်မှာပဲ ပြီးသွားပါတယ်။ နောက်တစ်ခါဆိုရင်လဲ ခဏပဲဆရာ၊ အထဲကိုရောက်တာနဲ့ ပြီးတာပဲ။ ကျွန်တော် တစ်နှစ်ကို ၁ ကြိမ်လောက်တော့ မိန်းမတွေနဲ့ အတူနေပါတယ်ဆရာ။ ကျွန်တော်ကို အဆင်ပြေစေမယ့်နည်းလမ်းလေးများရှိရင်ပြောပြပေးပါခင်ဗျာ။ နည်းနည်းကြာကြာလေးနေလို့ရမယ့် ဆေးများရှိရင် ပြောပေးပါဆရာ။

စာတွေဖတ်ထားရင် နည်းလမ်းလဲ တွေ့မှာပါ။ စာက တပုဒ်ကမဘူး။ ဆေးတွေလည်းရေးထားပါတယ်။ မာတိကာမှာရှာပါ။ နောက်ပြီး Search ထဲမှာ စာရိုက်ပြီးလည်းရှာပါ။ စိတ်ချ တိုးတက်ကောင်းမွန်းလာပါမယ်။

Benign Breast Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ

$
0
0
Wed, Apr 3, 2013 at 3:03 PM
သမီး 18 March က Breast Ultrasound ရိုက်ပြီးပါပြီဆရာ။ Attachment နဲ့ပို့ပေးလိုက်ပါတယ်။ သွားပြန်ပြတော့ အကျိတ်ကသေးတယ်၊ ခွဲစရာမလိုဘူး၊ မစိုးရိမ်ရဘူးပြောပါတယ်။ အမြဲတော့ကိုယ်ဖာသာကို သတိထားပြီးကြည့်၊ တစ်နှစ်တစ်ခါ Ultrasound ပြန်ရိုက်ကြည့်လို့ပဲ ပြောပါတယ်။ ဘာဆေးမှမပေးလိုက်ပါဘူး။ ဆေးခန်းပြပြီး တစ်ပတ်လောက်နေတော့ မာမာအမြောင်းလိုလို အလုံးလိုလိုအကျိတ်က သေးလဲမသေးသွားတော့ စိတ်ပြန်ပူလာတယ်၊ စိုးရိမ်စိတ်လဲဖြစ်လာတယ်။ မေးစရာမေးခွန်းနဲ့ သိချင်တာတွေလဲရှိလာလို့ ဆရာ့ကို Email ထပ်ပို့လိုက်ရတာပါ။ ဘာဆေးသောက်ရင် ပျောက်နိုင်လဲ။ စိုးရိမ်ရလားဆရာ။

မိန်းကလေးတိုင်း အမျိုးသမီးကြီးငယ်တိုင်း ကိုယ့်ရင်သာကိုယ် စမ်းသပ်ပြီး၊ သံသယရှိရင် ချက်ချင်း ဆရာဝန်ကို ပြသင့်တာ သိနေကြပါပြီ။ ကင်ဆာဆိုရင် ကြောက်စရာမှန်ပေမဲ့ စောစောသိလို့ စနစ်တကျကုသရင် အများကြီး ကောင်းစေတဲ့ကင်ဆာထဲမှာ ရင်သားကင်ဆာက ထိပ်ကနေတယ်။ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တွေက ၈ဝ% ရှိတယ်။ အမျိုးအစားကတော့ များပါတယ်။ ယေဘုယျပြောရရင် အကျိတ်နခမ်းသားက ချောမွေ့နေမယ်၊ ရွေ့ရှားလို့လဲ လွယ်တယ်။ နောက်ပြီး အကျိတ်ရယ်လို့ မဟုတ်ဘဲ ထိခိုက်မိလို့။ လစဉ်နဲ့ အသက်ကြောင့် ဟော်မုန်းအပြောင်းအလဲ၊ ဆေးဝါးတွေကနေလည်း ရင်သားမှာ အရင်လိုမဟုတ်တာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ကုန်ကုန်ပြောရရင် ရင်သားနှစ်ဘက်ဟာ တသက်လုံး ပြောင်းလဲနေတာပါ။

ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တွေကတော့ -
(၁) Fibrocystic changes (ဖိုက်ဘရိုဆစ်စတစ်) အပြောင်းအလဲ။ ဟော်မုန်းပြောင်းလဲနေတာကနေ ဖြစ်စေတယ်။ နှစ်ဘက်လုံးမှာ ဖြစ်တာများတယ်။ ဥပမာ ရာသီမလာခင် တင်းပြီး နာချင်တာမျိုး။ တခါတလေ နို့သီးအဖျားကိုညှစ်ကြည့်ရင် အရည်လိုပါ ထွက်နိုင်သေးတယ်။ အကျိတ်လိုဖြစ်နေတာ အချောင်းလိုက်၊ အမြှောင်းလိုက်နေမယ်။ စမ်းကြည့်ရင် ခပ်မာမာ ရာဘာနဲ့တူတယ်။ အသက် ၄ဝ အောက်မှာသာအဖြစ်များတယ်။
(၂) Simple Cysts ရိုးရိုး (ဆစ်)။ အရည်ပြည့်နေတဲ့အိတ်လေးမျိုးဖြစ်တယ်။ တခုတည်းရော တခုမကပါဖြစ်နိုင်တယ်။ အရွယ်အစားလဲ အမျိုးမျိုးရှိနိုင်တယ်။ နာနိုင်တယ်။ နာတာကလည်း ရာသီခွင်နဲ့အမျှပြောင်းတယ်။
(၃) Fibroadenomas (ဖိုက်ဘရိုအဒီနိုးမား)။ အများဆုံးတွေ့ရတဲ့ အမျိုးအစားဖြစ်တယ်။ အစိုင်အခဲဖြစ်နေမယ်။ စမ်းကြည့်ရင် ရင်သားအတွင်းထဲမှာ ရွေ့တာ သိပ်လွယ်ကူတယ်။ ဒါကြောင့် နို့ထဲကကြွက်လို့တင်စားခေါ်ကြတယ်။ ခွဲစိတ်ပေးရတာများတယ်။ အသက် ၂ဝ-၃ဝ အတွင်း အများဆုံးဖြစ်တယ်။
(၄) Intraductal papillomas နို့ပြွန်တွင်းက (ပက်ပလိုမား)။ သေးတယ်၊ အသေအချာကြည့်ရင် ကြွက်နို့လိုတူတယ်။ နို့သီးအနာတဝှိုက်မှာတွေ့ရတယ်။ အသက် ၄ဝ-၅ဝ တွေမှာပိုဖြစ်ပြီး နို့သီးအဖျားကနေ သွေးထွက်နိုင်တယ်။
(၅) Traumatic fat necrosis ထိခိုက်မိလို့ အဆီခဲတွေပျက်စီးခြင်းဖြစ်တယ်။ ခပ်ဝိုင်းဝိုင်း။ ခပ်တင်းမာမာ၊ တခုတည်းရှိပြီး၊ မနာဘူး။
(၆) Mastitis (Breast Infection) နို့နာ။ နို့ပိုးဝင်ခြင်းလည်းဖြစ်နိုင်တယ်။ အကျိတ်ဖြစ်မယ်၊ နာမယ်၊ အပေါ်ယံအရေပြား နီမြန်းနေမယ်။ အနာက အရေပြားနဲ့နီးမှသာ နီတာမြင်ရမယ်။ အပူချိန်စမ်းရင် ပိုပူနေမယ်။
(၇) Breast Pseudolumps အကျိတ်မဟုတ်တဲ့ အကျိတ်။ ရင်သားအတုထဲက (စီလီကွန်) တနေရာကထူပျစ်လာတာ၊ အဆီခဲတချို့သေတာ၊ အောက်ကနံရိုး။ Breast cancer ကင်ဆာ၊ Lipoma အဆီအကျိတ် နဲ့ Milk cyst (galactocele) နို့ရည်ခဲတွေလည်း ထည့်စဉ်းစားရမယ်။

ဘယ်လိုကုသမလဲ
(၁) Fibrocystic breast changes ဆိုတာ ကုစရာမလိုပါ။ နာတာရောင်တာအတွက် အနေရခက်ရင် အနာ-အကိုက်သက်သာဆေးသောက်နိုင်ပါတယ်။
(၂) Simple cysts ဆိုရင် ဆေးထိုးအပ်သုံးပြီး စုပ်ထုတ်နိုင်တယ်။ ကင်ဆာမဟုတ်တာသေခြာဘို့လုပ်တာလည်း ဒီလိုမျိုးလုပ်တာပါဘဲ။
(၃) Fibroadenomas နဲ့ intraductal papillomas တွေကို ခွဲစိတ်ကုသရမယ်။ Lumpectomy အကျိတ်ခွဲထုတ်နည်းက သမားရိုးကျနည်းဖြစ်တယ်။ Laser ablation, or Cryoablation တခြားနည်းတွေလဲ ခုခေတ်မှာ စမ်းသုံးပါတယ်။
(၄) Mastitis နို့နာကို အပူကပ်ရေးရမယ်။ ပိုးသေဆေး နဲ့ အနာသက်သာဆေးပေးပြီး ပြည်တည်ရင်တော့ ပြည်ကိုခွဲစိတ်နည်းနဲ့ထုတ်ရမယ်။

ဒေါက်တာတင့်ဆွေ
၎-၃-၂ဝ၁၃

Emergency Pills no age bar to buy အရေးပေါ်တားဆေး အသက်မရွေးတော့

$
0
0
အမေရိကန်မှာ အရေးပေါ်ကိုယ်ဝန်တားဆေးကို အရင်ကလို အသက်အကန့်အသတ်မထားတော့ဘဲ ဘယ်သူမဆို ဝယ်ယူနိုင်တော့မယ်။
အမေရိကန်မှာ အရေးပေါ်ကိုယ်ဝန်တားဆေးကို အရင်ကလို အသက်အကန့်အသတ်မထားတော့ဘဲ ဘယ်သူမဆို ဝယ်ယူနိုင်တော့မယ်။

သူတို့ဆီမှာ Morning after pill နဲ့ Plan B လို့ လူသိများပါတယ်။ တခြားနိုင်ငံတွေမှာတော့ နာမည်ပေါင်းများစွာနဲ့ ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။ FDA ကနေ ၁၉၉၉ ကတည်းကနေ စိတ်ချရလို့ ခွင့်ပြုချက်ပေးထားတာပါ။

ဆေး ၂ လုံးပါပြီး၊ ပဌမတလုံးသောက်ပြီးနောက် ၁၂ နာရီမှာ နောက်တလုံးသောက်ရတာ ဖြစ်ပါတယ်။ Plan B One-Step ဆေးကတော့ တပြားတည်းကို တခါတည်းသောက်ယုံသာဖြစ်ပါတယ်။

အခုဟာက (ဘရုတ်ကလင်း) ဖက်ဒရယ် ခရိုင်တရားသူကြီးတဦးကနေ ရက် ၃ဝ အတွင်းဆေးဆိုင်တွေမှာ တင်ဘို့ ၅-၄-၂ဝ၁၃ နေ့က အစိုးရကို အမိန့်ပေးတာ ဖြစ်ပါတယ်။ အရင်က အသက် ၁၇ နှစ်ရှိမှသာ ဝယ်နိုင်ပါတယ်။ အစိုးရအနေနဲ့ ဥပဒေပိုင်းတွေကို လေ့လာနေတယ်လို့ပြောပါတယ်။

ဒီအရေးကိုအောင်မြင်ဘို့လုပ်နေတဲ့ Center for Reproductive Rights ကထောက်ပြထားတာက မိန်းကလေးတွေ အသက် ၁၇ နှစ်အောက်မှာ ဒီဆေးသောက်လို့ စိတ်မချဘူးဆိုတာကို သက်သေမပြနိုင်ဘူးလို့ ဆိုပါတယ်။

အစဉ်အလာလိုက်နာတဲ့ US social conservatives အဖွဲ့ကတော့ ဒီလိုသာဖြစ်လာရင် မိန်းကလေးငယ်ငယ်လေးတွေကြား လိင်ပိုင်းဆိုင်ရာအပြုအမူတွေ ပိုတိုးလာမယ်လို့ ဆိုလိုက်ပါတယ်။

၂ဝ၁၁ တုံးက FDA ကနေပြောထားခဲ့တာက ဒီဆေးဟာ ကလေးမွေးနိုင်တဲ့အရွယ်မှာ စိတ်ချရတယ်လို့သာဖြစ်ပါတယ်။ တရာရုံးက အဲလိုဆုံးဖြတ်လိုက်ပေမဲ့ FDA တာဝန်ရှိသူတွေကတော့ ဥပဒေပိုင်းတွေလိုသေးပါတယ်တဲ့။

Emergency pills တွေဟာ လိင်ဆက်ဆံမှုပြုအပြီး ၇၂ နာရီအတွင်းသောက်လိုက်ရင် ကိုယ်ဝန်မရနိုင်ပါ။ ဒါပေမဲ့ စောလေ ကောင်းလေသာဖြစ်ပါတယ်။ ဘေးထွက်-ဆိုးကျိုးအနေနဲ့ အန်ချင်တာ၊ ဝမ်းလျှောတွေဖြစ်နိုင်ပါတယ်။

ဒါက ဆေးဝါးဗေဒအတိုင်းပြောတာပါ။ ဆေးပညာအရ အဲဒီ ဆယ့်လေးငါးခြောက်နှစ်သမီးကလေးဟာ အပျိုမဟုတ်တော့ပါ။ လူ့သဘာဝအရ တကြိမ်ဖြစ်ထားသူ အကြိမ်ကြိမ်လာနိုင်ပါတယ်။ လူမှုရေး၊ အိမ်ထောင်ရေး၊ ဘာသာရေး စတာတွေကို မတွေးကြရင်တော့ သဘောအတိုင်းသာ ယူနိုင်ကြပါတယ်။

Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Emergency pills Effectiveness အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adult.blogspot.in/2012/11/emergency-pills.html

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၃

သင်္ကြန်တွင်းမှာ သတိထားစရာ ဆေးဆိုတဲ့ဟာတွေ

$
0
0
ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ နဲ့ ညစ်ညမ်းကော်ဖီတွေကို ရေးထားပြီးပါပြီ။ ဒီကော်ဖီဆိုတာတွေက ရေနွေးမှာဖျော်ပြီး မိန်းကလေးတွေကို ရိုးရိုးကော်ဖီဆိုပြီး ဖျားယောင်းတိုက်တဲ့ ဆေးကော်ဖီတွေပါ။

သင်္ကြန်မှာ ရေအေးနဲ့ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။ ရေနွေးမလိုတဲ့ ရေအေး၊ အအေး၊ ဖျော်ရည် ဘယ်ဟာထဲမှာမဆို သူများမသိအောင် ထည့်သုံးနိုင်တဲ့ ဆေးတမျိုးကို ရေးပါမယ်။
• Spanische Fliege
• German Spanische Love 20ml drop
• Spanische Fliege extra konzentriert Liebesstropfen 15ml
• Die Spanische Fliege စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။

ဆေးအရည်ပုလင်းငယ်လေးတွေပါ။ ၁၅-၂ဝ (စီစီ = မယ်လ်) သာပါလို့ ထိုးဆေးပုလင်းအတိုင်းပါဘဲ။ မိန်းကလေး တယောက်ကို ဖျားယောင်းသွေးဆောင်ဘို့ရာ (သားကာင်းကို ကျော့ကွင်းထောင်ဘို့ရာ) ဆေး ၁ဝ-၁၅ စက်သာလိုပါတယ်။

"ညီမလေး အအေးလေးသုံးဆောင်ပါအုံး" ဆိုပြီး တစိမ်းယောက်ျားဖြစ်ဖြစ် သမီးရည်းစားကဖြစ်ဖြစ် တယောက်ယောက်ကဖြစ်ဖြစ် သဘောကောင်းချင်ယောင်နဲ့ တိုက်လာရင် သတိထားပါလေ။ ငါးမျှားချိတ်ကိုမမြင်ကြဘဲ စားစရာသာမြင်လို့သာ ငါးတွေဟာ တငါသည်ဖမ်းတာ ခံကြရတာပါ။ သင်္ကြန်တွင်းမှာသာ အဲလိုလုပ်နိုင်တာ မဟုတ်တာလည်း သတိထားပါ။ ဒီဆေးကို ယင်ကောင်တမျိုးကနေ ထုတ်တာပါ။ အညှီရှိရင် ယင်အုံတယ် မဟုတ်ပါလား။

ဆေးအစွမ်းက သောက်မိလိုက်တဲ့ မိန်းကလေးဟာ ခဏလေးနဲ့ (၁၅-၃ဝ မိနစ်) ကိုယ်နဲ့စိတ် ပြောင်းလဲမှုတွေဖြစ်လာမယ်။ လိင်စိတ်တွေ မကဲသင့်ဘဲ ကဲပိုလာမယ်။ အတူနေချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ မဖြစ်သင့်တာအတွက် အဆင်သင့် ဖြစ်လာတော့မယ်။ သတိလက်မလွတ်ပါ။ ဆေးအရှိန်ကုန်ပြီး တခုခုဆက်ဆံတာ အပြုခံရပြီးမှ နောင်တရပါလိမ့်မယ်။ နောက်ကျသွားပါပြီ။

ပိုဆိုးမှာက “မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ” အဖြစ်မျိုးဆိုတာ သင်္ကြန်ကာလမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ သင်္ကြန်ကို ပျော်စရာတခုတည်းအတွက်သာ ထင်သူတွေမှာ ဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကနေ ကြိုးစားနေပေမဲ့ ဖျက်ဆီးခံထားရတဲ့ ကာလကြီးက ကြာခဲ့တာမို့ ဆင့်ပါးစပ်နှမ်းပက်သာ စစ်ဆေးတာ၊ အရေးယူတာတွေ လုပ်နိုင်ပါသေးတယ်။ ဒီဆေးမျိုး လက်သိပ်ထိုးရောင်းတာတွေ သေချာပေါက်ရှိမှာပါ။

အမှောင်ခေတ်လူဖြစ်လာသူတွေကံဆိုးကြလိုဘဲ အလင်းရောင် ခပ်ဝါးဝါးကာလကလူတွေလဲ ကံမကောင်းကြသေးပါ။ ဝိုင်းဝန်းပြုပြင်ရေး အားပေးပါရစေ။

ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ http://dts-medicaleducation-adult.blogspot.in/2013/03/blog-post_27.html
Love Coffee ညစ်ညမ်းကော်ဖီ http://dts-medicaleducation-adult.blogspot.in/2013/03/love-coffee.html

ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၃

The Miracle Of Human Creation အံ့သြဖွယ်ရာ လူ့ကိုယ်ခန္ဓာ

$
0
0
• လူသားကိုယ်ခန္ဓာဆိုတာ ကမ္ဘာမှာအရှုတ်ထွေးဆုံးစက်တခု ဖြစ်တယ်။ မြင်နိုင်တယ်၊ ကြားနိုင်တယ်၊ အသက်ရှူနိုင်တယ်၊ လမ်းသွားနိုင်တယ်၊ သာယာမှုကိုခံစားနိုင်တယ်။ အရိုးတွေ၊ ကြွက်သားတွေ၊ သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေ၊ အာရုံကြောတွေ ရှိတယ်။
• အတွင်းမှာ အင်္ဂါအစိတ်အပိုင်းတွေလည်း များတယ်။ ဒီဇိုင်းလုပ်ထားကလည်း အံ့အခန်းဖြစ်သေးတယ်။ သေချာကြည့်လေ မယုံနိုင်စရာကောင်းလေဘဲ။ တကိုယ်လုံးမှာ ဘာကိုကြည့်ကြည့် မတူကွဲပြားနေပေမဲ့ အားလုံးရဲ့ အခြေခံဟာ (ဆဲလ်) ဆိုတာလေးသာ ဖြစ်တယ်။
• (ဆဲလ်) လေးတခုဟာ ၁ မီလီမီတာရဲ့ ၁ဝဝဝ ပုံ ၁ ပုံသာရှိတယ်။ ဒီ (ဆဲလ်) လေးတွေ စုပေါင်းရာကနေ အရိုး ဖြစ်တယ်။ တချို့အမျိုးအစားက အာရုံကြောဖြစ်တယ်။ တချို့ကအသဲ၊ အစာအိမ်၊ မျက်လုံး စသဖြင့်။ (ဆဲလ်) တခုတိုင်းမှာ ပုံစံ။ အရွယ်အစား၊ ထူးခြားမှုတွေက သတ်သတ်မှတ်မှတ်နဲ့ အံကျပန်ကျရှိနေကြတယ်။
• ဘယ်လိုကဘယ်လို ဒီလို (ဆဲလ်) လေးတွေကနေ သက်ရှိဆိုတာဖြစ်လာပါသလဲ။ ရှုတ်ထွေးဆန်းပြားလှတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။
• လူ့ကိုယ်ခန္ဓာမှာ ခန့်မှန်းခြေ (ဆဲလ်) ပေါင်း သန်း ၁ဝဝ ထွီလီယန် (သုည ၁၈ လုံး) ရှိတယ်။ ဒီအရေအတွက်ဟာ (ဆဲ့လ်) လေး ၁ လုံးကနေစခဲ့တာ ဖြစ်ပါတယ်။
• အဲဒီ တခုတည်းသော (ဆဲလ်) လေးဆိုတာ သင့်မိခင်ရဲ့ မျိုးဥလေးတခုနဲ့ သင့်ဖခင်ရဲ့ သုက်ပိုးလေးတခု ပေါင်းစပ်ရာကနေ စခဲ့တာပါ။
• ဒါကို တပ်အပ်မြင်ချင်ရင် ဟောဒီ ၁၄ မိနစ်ကြာ “ကျားသုက်ပိုး + မ-မျိုးဥ ပေါင်ဆုံးပြီး သန္ဓေသားဖြစ်လာပုံ အဆင့်ဆင့် ဗီဒီယို” ကိုကြည့်ရှုပါ။
http://www.youtube.com/watch?v=7QAgTWDppdQ&feature=share

Anti-Abortion ကိုယ်ဝန်ဖျက်ချ ဆန့်ကျင်ကြ

$
0
0
၂၄-၁-၂ဝ၁၁ နေ့မှာတော့ လူတွေ ရာနဲ့ထောင်နဲ့ချီပြီး ဝါရှင်တန်-ဒီစီက လမ်းမတွေပေါ်မှာ “မမွေးသေးတဲ့ ကလေးတွေကို သတ်ပြစ်နေကြာကနေ အကာကွယ်ပေးကြဘို့”၊ “မွေးပြီးသားတွေရော မမွေးသေးသူတွေအတွက်ပါ အသက်ရှင်ပိုင်ခွင့် အခွင့်အရေးအတွက်ပါ ရပ်တည်ပေးကြဘို့ရာ” ချီတက်ဆန္ဒပြကြပါတယ်။

၂၄-၁-၂ဝ၁၁ နေ့မှာတော့ လူတွေ ရာနဲ့ထောင်နဲ့ချီပြီး ဝါရှင်တန်-ဒီစီက လမ်းမတွေပေါ်မှာ “မမွေးသေးတဲ့ ကလေးတွေကို သတ်ပြစ်နေကြာကနေ အကာကွယ်ပေးကြဘို့”၊ “လူသားတွေရဲ့အသက်ကို မွေးပြီးသားတွေနဲ့ မမွေးသေးတာတွေရဲ့ အခွင့်အရေးအတွက်ပါ ရပ်တည်ပေးကြဘို့ရာ” ချီတက်ဆန္ဒပြကြပါတယ်။

(လီလာ-ရို့စ်) က ဒီလိုပြောပါတယ်။
• (ဖီလာဒက်ဖီးယား) မှာ (ကာမစ်-ဂို့စ်နဲလ်) ကနေ ကိုယ်ဝန်ဖျက်ချလို့ ခါးရိုးထဲက အာရုံကျော ပျက်စီးတဲ့ အမျိုးသမီးတယောက် ရှိပါတယ်။
• ကျမတို့လေ့လာမှုတွေကနေ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချလို့ သေသုံးရတာတွေ တွေ့ရပါတယ်။
• ကျမတို့တိုင်းပြည်မှာ မွေးလာရမဲ့ကလေးတွေကို ကိုယ်ဝန်ဖျက်ချပြီး သတ်ပြစ်တာကို မကာကွယ်နိုင်တဲ့အတွက် ကျမနှလုံးသားထဲအထိ ထိခိုက်ပါတယ်ရှင်။
• ကျမနေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ကိုယ်ဝန်ဖျက်ပေးတဲ့ ဆေးခန်းတွေရှိတယ်။ နေ့တိုင်း အဲတာတွေကို လှမ်းမြင်နေရတာ စိတ်မချမ်းသာစရာ အလွန်ကောင်းလှပါတယ်။ လူအတော်များများ မသိချင်ရောင် ဆောင်နေကြသေးတယ်။ ကျမကတော့ လျှောက်ကြည့်တာဘဲ။
• ကျမတို့ အဲလိုသေဆုံးနေကြရတဲ့ မမွေးလာသေးတဲ့ကလေးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ကြရအောင်ပါ။
• ၁၉၇၃ ခုနှစ်ကနေ ကိုယ်ဝန်ဖျက်ချတာကို ဥပဒေအရခွင့်ပြုခဲ့တာကို ဆန့်ကျင်ဘို့ နှစ်ပါတ်လည်နေ့မှာ ဆန္ဒပြပါမယ်။
• ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ လူတိုင်းအသက်ရှင်ရပ်တည်ခွင့်ဆိုတာ ပါရက်သားနဲ့ ဒီဥပဒေက ဆန့်ကျင်နေတာပါ။
• တနေ့တည်းသာမကာပါဘူး။ ကိုယ်ဝန်ဖျက်တာကို နေ့တိုင်း ဆန့်ကျင်ပေးကြပါရှင်။

On Abortionist Kermit Gosnell and Roe v Wade http://www.youtube.com/watch?v=ujsCAXBXkG8&feature=pyv&ad=6387916161&kw=abortion%20pregnancyPro-Life and Pro-Choice အသက် နဲ့ အဖျက် http://dts-medicaleducation-adult.blogspot.in/2013/04/pro-life-and-pro-choice.html

Pro-Life and Pro-Choice အသက် နဲ့ အဖျက်

$
0
0
ကိုယ်ဝန်ကို တရားဝင်ဖျက်သင့်-မသင့် အသံတွေကြားလာရပြီ။ လွှတ်တော်အထိရောက်ပြီး ဆရာဝန်တွေကနေ အမေလို့ခေါ်ကြတဲ့ ပါမောက္ခတဦးကလည်း သူ့အမြင်ကိုတင်လာပြီ။ အသက်ဆုံးရှုံးမှုနည်းနိုင်တယ်လို့ပြောတာဟာ ဖျက်သာဖျက်လို့ ပြောတာမဟုတ်ပါ။ ကျွန်တော့်အမြင်ကတော့ ချက်ချင်းဆုံးဖြတ်တာ မသင့်သေးလို့ထင်ပါတယ်။

ဒီ (အစ်ရှူး) ကို ပွင့်ပွင့်လင်းလင်း ငြင်းနေကြတာ အမေရိကားမှာတောင် အတောမသတ်နိုင်သေးပါ။ နှစ်ဖက်လုံးမှာ အားသာတာတွေရော အားနည်းတာတွေပါရှိတယ်။ အမေရိကားမှာလည်း (ဒီမိုကရက်) တွေက Pro-choice ကိုယ်ဝန်ဖျက်ရေး အားပေးပြီး၊ ဘာသာရေးကို ပိုလေးစားတဲ့ (ရီပတ်ဘလစ်ကန်) တွေက Pro-life အသက်ရှင် ရပ်တည်ခွင့်ဘက်က နေတယ်။

ဘာသာရေးက အများကြီး လွှမ်းမိုးတာတွေ့ရတယ်။ (ရိုမင်ကက်သလစ်) အများစုနေတဲ့ (အိုင်ယာလန် ရီပတ်ဘလစ်) မှာ ကိုယ်ဝန်ဖျက်ခြင်းဟာ တရားဝင်မဟုတ်ပါ။ မနှစ်က အိုင်ယာလန်မှာ အိန္ဒိယအမျိုးသမီး သွားဆရာဝန် (ဆာဗီတာ ဟာလက်ပါနာဗာ) ကို ဆေးရုံက ကိုယ်ဝန်ဖျက်မပေးလို့ သေဆုံးသွားတော့ ပွက်လောရိုက်သွားခဲ့တယ်။ ဆရာဝန်တွေက ဥပဒေကိုသာ လိုက်နာကြရတယ်။ အဖြစ်အပျက်တခုလောက်နဲ့တော့ ဥပဒေပြောင်းဘို့တွန်းအားက မလုံလောက်သေးပြန်ပါ။

Pro-Life (ပရို-လိုက်ဖ်) အသက်ရှင်ရေး အလေးပေးသူများ
လူ့အသက်ကို ကာကွယ်ပေးဘို့ အစိုးရကနေ တားမြစ်ပေးရမယ်။ Intent ဘယ်လိုရည်ရွယ်ချက်ရှိနေနေ၊ Viability ရှင်နိုင်သေးတယ်-မရှင်နိုင်တော့ဘူး နဲ့ Quality-of-life နေရလို့လည်း အရည်အသွေးပြည့်-မပြည့် ဆိုတာတွေကို တွက်မနေဘဲ လူ့အသက်ဆိုရင် အကာကွယ်ပေးရမယ်လို့ ဆိုလိုတယ်။ သူတို့က ဒါတွေကို တားချင်ကြတယ်။
• Abortion ကိုယ်ဝန်ဖျက်တာ၊
• Euthanasia and assisted suicide ကိုယ့်ကိုယ်ကိုသတ်သေတာနဲ့ အဲလိုမျိုးကိုအကူအညီပေးတာ၊
• The death penalty တရားခံကို သေဒဏ်ချမှတ်တာ၊
• War, with very few exceptions (ချွင်းချက်နည်းနည်းကလွဲရင်) စစ်ပွဲတွေ။

Pro-Choice (ပရို-ချွိုက်စ်) အဖျက်အားပေးသူများ
သူတို့ဘက်က လျှောက်လဲချက်ကတော့ လူတိုင်းဟာ ကိုယ့်မျိုးပွါးစနစ်ကို ကိုယ့်ဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်တယ်။ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဟာ သူများတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မထိပါးသ၍ ဒီအခွင့်အရေးရှိရမယ်လို့ ဆိုပါတယ်။ သူတို့က ဒါမျိုးတွေကို လိုချင်ကြတယ်။
• Celibacy and abstinence လက်မထပ်ဘဲ အတူနေခွင့်၊
• Contraception use ကိုယ်ဝန်တားဆေး-တားနည်းတွေ နဲ့ Emergency contraception use အရေးပေါ်တာဆေး-တားနည်းတွေ တရားဝင် ရောင်းချ၊ ဝယ်ယူခွင့်၊
• Abortion, for the first two trimesters of pregnancy (၆ လအထိ) ကိုယ်ဝန်ကို တရားဝင် ဖျက်ချခွင့်၊
• Childbirth ကိုယ့်ကိုယ်ဝန်က ဘယ်လိုကနေရလာလာ ကလေးမွေးခွင့်ဆိုတာတွေကို လိုခြင်ကြတယ်။

အယူအဆ ပဋိပက္ခ
လိုလားတာတွေတခုမကပေမဲ့ အဓိကဖြစ်တာက ကိုယ်ဝန်ဖျက်ရေးမှာဖြစ်ပါတယ်။ အသက်သမားတွေဆိုတာက မရှင်နိုင်လောက်ဘူးဆိုပေမဲ့လည်း လူအသက်ဟာ အဖိုးမဖြတ်နိုင်လောက်ဘူး၊ ဒါကြောင့် အကာကွယ်ပေးထိုက်တယ်။ သူတို့က ကိုယ်ဝန်ဖျက်တာမှာ ဥပဒေအရသာလုပ်ရမယ်။ အဖျက်သမားတွေဆိုတာက ကိုယ်ဝန်အဆင့်တွေမှာ ရှင်သန်နိုင်ပြီဆိုတဲ့အဆင့်ကို သက်သေပြလို့မရသေးရင် လူပုဂ္ဂိုလ်လို့ မခေါ်နိုင်သေးဘူး။ အစိုးရဟာ အမျိုးသမီး တဦးချင်းရဲ့ ကိုယ်ဝန်ကို ဖျက်-မဖျက်ဆိုတာပေါ်မှာ စွက်ဖက်ခွင့်မရှိရဘူး။

ဘာသာရေးနဲ့ အသက်ရဲ့ မွန်မြတ်ခြင်း
နိုင်ငံရေးသမားတွေဟာ ဘာသာရေးရဲ့ အရေးပါမှုကို သိရတယ်။ ပြဿနာအရင်းအမြစ်ကို မြင်ရမယ်။ Immortal soul မသေနိုင်တဲ့ဝိဥာဉ်ဟာ ကျား-မ မျိုးစေ့တွေ ပေါင်းစပ်လိုက်တာနဲ့ ဖြစ်ပြီလို့ယုံကြည်သူနဲ့ Personhood လူပုဂ္ဂိုလ်ရယ်လို့ ဖြစ်လာခြင်းဟာ မသေနိုင်တဲ့ဝိဥာဉ်ကနေစတယ်လို့ ယုံကြည်သူအကြား နည်းနည်းသာ ခြားနားပါတယ်။ ရက်သတ္တ ၁ ပါတ် ကိုယ်ဝန်ကိုဖျက်ပြစ်တာ (သတ်ပြစ်တာ) နဲ့ အသက်ရှူဘူးသူကို သတ်ပြစ်တာကွာသလို နေပါမယ်။ အသက်ဘက်မှာ နေသူတွေက ကိုယ်ဝန်ဖျက်ရခြင်းရဲ့ ရည်ရွယ်ချက်မတူနိုင်တာကို သတိထားပါတယ်။ ဒါပေမဲ့ တမင်တကာသတ်သတ်၊ မတတ်သာလို့သတ်သတ် ရလဒ်နဲ့ အကျိုးဆက်ဟာ အတူတူပါဘဲ။

တိုင်းသူပြည်သားများ ဘာသာရေးတမျိုးမက ယုံကြည်တာကို လက်ခံခြင်းနဲ့ ဘာသာရေးမခွဲခြားတဲ့ အစိုးရရဲ့တာဝန်
အမေရိကန်အစိုးရအနေနဲ့ ကျား-မ မျိုးစေ့နှစ်ခု ပေါင်းလိုက်တာနဲ့ မသေနိုင်တဲ့ဝိဥာဉ်ဖြစ်ပြီ ဆိုတဲ့အချက်၊ လူပုဂ္ဂိုလ်ဖြစ်ခြင်းကို ဘာသာရေးအရ အဓိပ္ပါယ်ဖွင့်ဆိုမှု ရှင်းရှင်းလင်းလင်း မပါသေးဘဲ လက်ခံလို့ မဖြစ်နိုင်ပါ။ တချို့ဘာသာရေးအစဉ်အလာကတော့ ကိုယ်ဝန် (ကလေး) လှုတ်လာပြီဆိုတာ အသက်ရှိလာပြီလို့ ယူဆကြတယ်။ တချို့ဘာသာရေးအယူအဆက မွေးလာလာခြင်းလို့ ဆိုတယ်။ တချို့ဘာသာ (ဗုဒ္ခဘာသာ) မှာ မသေနိုင်တဲ့ဝိဥာဉ်ဆိုတာ မရှိဘူး။

သိပ္ပံပညာကကော အဖြေပေးနိုင်သလား
မသေနိုင်တဲ့ဝိဥာဉ်ဆိုတာကို သိပ္ပံပညာက သက်သေမပြနိုင်ပါ။ အလားတူ မြင့်မြတ်သန့်စင်မှုဆိုတာအတွက်လည်း သက်သေမပြနိုင်ပါ။ လွန်လွန်ကြွံကြွံပြောသေးတာက “ရူပဗေဒအရ လူ့အသက်နဲ့ ကျောက်ခဲ ဘယ်ဟာကသာသလဲ ဆိုတာကို သက်သေမပြနိုင်ပါ” တဲ့။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သိပ္ပံကမပြောနိုင်ဘူးဆိုတဲ့ လူမှုရေး၊ စိတ်လှုတ်ရှားမှု အကြောင်းတရားတွေကိုလည်း အလေးထားကြ၊ တန်ဘိုးထားကြတယ် မဟုတ်ပါလား။

သိပ္ပံကမပြနိုင်တဲ့ လူပုဂ္ဂိုလ်ဖြစ်ခြင်းကို ဦးနှောက်ဘက်ကနေ စဉ်းစားနိုင်ပါတယ်။ Development of the Neocortex ဦးနှောက်-အာရုံကြော ဖြစ်ပေါ်၊ ဖွံ့ထွားလာခြင်း ဖြစ်စဉ်မှာ ဆေးပညာရှင်တွေ လက်ခံထားကြတာက ကိုယ်ဝန် (သန္ဓေသား) ဒုတိယသုံးလရဲ့နောက်ပိုင်း၊ ဒါမှမဟုတ် တတိယသုံးလအစောပိုင်းမတိုင်မီမှာ Emotion and Cognition စိတ်လှုတ်ရှားမှုနဲ့ မှတ်သားမှုအသိဥာဏ်တွေက ဖြစ်မလာနိုင်သေးဘူး။

အသက်ဘက်ရပ်တည်နေသူ တချို့တွေက ငြင်းဆိုတာတခုရှိပါသေးတယ်။ အသက်ဖြစ်တည်လာခြင်းဟာ DNA ဖြစ်လာပြီဆိုကတည်းက လူပုဂ္ဂိုလ်ဖြစ်ခြင်းဆိုတာစတယ်။ တဖက်က စဉ်းစားနိုင်တာလည်း ရှိပြန်ပါသေးတယ်။ ကိုယ်ထဲက အူအတက်နဲ့ အာသီးဆိုပါစို့ ထုတ်ပြစ်လိုက်ပေမဲ့ လူကိုသတ်ပြစ်လိုက်တာလို့ နီးနီးစပ်စပ်တောင်မှ ပြောမရပါ။ DNA ဘက်ကနေ ငြင်းဆိုချက်ရဲ့ နောက်အားနည်းချက်ကတော့ Gene therapy မျိုးဗီဇကုသနည်းကြောင့် လူသသစ်တဦး ဖြစ်လာတာ ဟုတ်-မဟုတ် ဘယ်လိုပြောမလဲ ဆိုတဲ့မေးခွန်း ရှိလာတာဖြစ်ပါတယ်။

တရားဥပဒေအရ လူသတ်မှုဆိုတာမှာ သေသူရဲ့ကိုယ်ခန္ဓာရှိရမယ်၊ တကိုယ်လုံးမဟုတ်တောင်မှ လုံလောက်တဲ့ အစိတ်အပိုင်း (တစ်ရှူး) ကို ပြနိုင်ရမယ်။ ဒဿနအမြင် နဲ့ ဘာသာရေး အကြောင်းပြချက်အတွက် လူသတ်မှုဆိုပြီး တရားစွဲလို့မရပါ။

၁၉၈ဝ တုံးက အမေရိကန်သမတ (ရော်နယ်-ရီဂင်) ပြောခဲ့တာရှိပါတယ်။ “အစိုးရက မှားတယ်ဆိုရင် အသက်ဘက်က ကာကွယ်လို့သာ ဖြစ်ပါမယ်။” လက်တွေ့ဘဝမှာ အမှားဆိုတာက သက်သေအထောက်အထား မလုံလောက်ဘဲ တရားစွဲခြင်း ဖြစ်ပြန်ပါတယ်။

ဒီလို အသက်နဲ့ အဖျက်အငြင်းပွါးမှုမှာ ကိုယ်ဝန်ဖျက်ကြသူ အမျိုးသမီးအများစုကြီးဟာ Choice ရွေးချယ်မှုဘက် (ကိုယ်ဝန်ဖျက်တဲ့ဘက်) ကနေပြီးသာ ကိုယ်ဝန်တွေကို ဖျက်နေကြတာ ဖြစ်ပါတယ်။ Guttmacher Institute ကနေ သုတေသန လုပ်တော့ -
• ၆၈% သော အမျိုးသမီးတွေက ကလေးအမေဘဝနဲ့နေရမှာ မတတ်နိုင်လို့ ဖျက်ကြတယ်၊
• ၂၇% သော အမျိုးသမီးတွေက ကိုယ်ဝန်ကို ဖျက်ချချင်တာက အဓိကဖြစ်တယ်။
• ၂ဝ% ကတော့ ကျန်းမာရေးမကောင်းလို့ ဖျက်လိုက်ရတာပါ။
• အဲလိုကိုယ်ဝန်ဖျက်ကြတဲ့ ၃၈% ဟာ ရလာတဲ့ကိုယ်ဝန်ကို သူများ (မိဘ) တွေမသိအောင် တိတ်တဆိတ်၊ ဒါမှမဟုတ် မိဘတွေက ဖျက်စေချင်လို့ လာဖျက်ကြတာဖြစ်ပါတယ်။

Roe v. Wade ဆိုတာ အမေရိကန်ပြည်ထောင်စုမှာ ၁၉၇၃ ခုနှစ်က သမိုင်းတွင်ခဲ့တဲ့ ကိုယ်ဝန်ဖျက်ခြင်းဆိုင်ရာ ဗဟိုတရားရုံး ဆုံးဖြတ်ချက်တခုကို အလွယ်ခေါ်တာဖြစ်ပါတယ်။ ဒီအငြင်းပွါးမှုဟာ ဆက်ဖြစ်နေဆဲပါ။ လူနေမှုစနစ်ကလည်း ပွင့်လင်းမှုရှိ၊ တရားစီရင်ရေးစနစ်ကလည်း လွတ်လပ်မှုရှိပြီး၊ ခေတ်မီ တိုးတက်သူတွေ နေကြတဲ့ တိုင်းပြည်ကြီးမှာတောင်မှ ကိုယ်ဝန်ဖျက်ရေးမှာ အကောင်းဆုံး အဖြေရဘို့ရာ အချိန်တွေ ယူရတဲ့သင်္ခန်းကို ထောက်ပြချင်ပါတယ်။

အနာဝတ် အလားအလာ
လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက်ကဆိုရင် ကိုယ်ဝန်တားဆေး၊ တားနည်းတွေက အခုလောက် မထိရောက်သေးပါ။ အလွန်ဆုံး စနနစ်တကျ သုံးရင်တောင်မှ ၉ဝ% သာ ကာကွယ်နိုင်တယ်။ ခုခေတ်မှာတော့ ရာနှုန်းပြည့်နီးကနေ ၁ဝဝ% အထိ တားပေးနိုင်တာသာမက အရေးပေါ်တားဆေး-တားနည်းတွေကလည်း လက်တကမ်းမှာရှိနေပြီ။ ဗမာပြည်မှာ ကွမ်းယာဆိုင်မှာတောင်မှ ရဆိုဘဲ။ နောက်ဆိုလည်း ဒိထက်ဒီ ထိရောက်လွယ်ကူတာတွေ လာမှာပါ။

ကိုယ်ဝန်ဖျက်ခြင်း (အဘောရှင်း) မလိုလောက်တဲ့ခေတ်ကို ရောက်မလာဘူးလို့ မပြောနိုင်ပါ။ အခုမဟုတ်ပါခင်ဗျား။

Anti-Abortion ကိုယ်ဝန်ဖျက်ချ ဆန့်ကျင်ကြ http://dts-medicaleducation-adult.blogspot.in/2013/04/anti-abortion.html

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၃

Home birth အိမ်မှာတင် မွေးချင်သလား

$
0
0
Home delivery လို့ရေးလိုက်ရင် အိမ်တိုင်ယာရောက် စာ၊ ပစ္စည်း၊ စားစရာ လာပို့တဲ့ စီးပွါးရေးလုပ်ငန်လို့ အဓိပ္ပါယ် သက်ရောက်သွားပါမယ်။ ဒါကြောင့် Home birth အိမ်မှာတင် ကလေးမွေးခြင်းလို့ လုပ်လိုက်ပါတယ်။

Respect women's choice to have home birth: doctors “မိမိနေအိမ်တင် ကလေးဖွါးလိုတဲ့ အမျိုးသမီးဆန္ဒကို လေးစားသင့်” ဆိုတဲ့သတင်းက ၂၉-၄-၂ဝ၁၃ နေ့မှာ (နယူးယော့ခ်) ကနေလာတာပါ။ ဆေးရုံမှာလာပြီး ကလေးမီးဖွါးတာဟာ အကောင်းဆုံးလို့ ဆရာဝန်တွေက ယူဆ-လက်ခံ-ကျင့်သုံးနေတာ ဖြစ်ပါတယ်။ အကြံပြုချက်ကိုတော့ ကလေးအထူးကု ဆရာဝန်တွေကနေ ပြောလိုက်တာပါ။

သတင်းခေါင်းစဉ်တင်ပုံက နည်းနည်း နိုင်ငံရေးဆန်တယ်ထင်ပါတယ်။ သဘောကျသူတွေက အားပေးထောက်ခံကြမယ်။ ကျွန်တော်က အလုပ်နှစ်မျိုးလုံးမှာ လုပ်နေတာမို့ နိုင်ငံရေးလုပ်ရာမှာ အထာလေးတွေ တချို့တော့ သိတာပေါ့။ အကြိုက်လိုက်ရင် သြဘာပေးမယ်။ မကြိုက်ရင် မေတ္တာပို့မယ်။
ဆေးပညာရော နိုင်ငံရေးမှာပါ ပေါ်ပြူလာလိုက်တာကို မယုံပါ။ အကျိုး-အပြစ် ချင့်ချိန်တာကိုသာ အားပေးပါတယ်။

မိခင်လောင်းက ကျန်းမာရေးကောင်း၊ အထဲကကလေးကလည်း အမွှာမဟုတ်ရပါ။ မွေးပေးမဲ့ သားဖွါး ဆရာမကလည်း လက်မှတ်ရထားသူ ဖြစ်ရပါမယ်။ လိုအပ်လာရင် ဆေးရုံကို ပို့ဘို့အတွက်ကိုပါ သဘောတူထား၊ ပြင်ဆင်ထားဘို့ လိုပါအုံးမယ်။ American Academy of Pediatrics အမေရိကန် ကလေးဆေးပညာ အကယ်ဒမီရဲ့ ပေါ်လစီ ထုတ်ပြန်ချက်မှာ အဲလိုပါရှိထားပါတယ်။

အမေရိကားမှာ ၁% ကို အိမ်မှာတင်မွေးကြပါတယ်။ ခုနောက်ပိုင်း တိုးလာနေပါသေးတယ်။ ဒီလို အိမ်မှာတင်မွေတာရဲ့ အကောင်း-အဆိုးကို ဆရာဝန်တွေအကြား ငြင်းခုံနေဆဲဖြစ်ပါတယ်။ အိမ်မှာတင်မွေးရင် ကလေးသေဆုံးနှုန်းက ၁ဝဝဝ မှာ ၁ ယောက်ပိုတာရှိတယ်။ ဘယ်လိုကြောင့်ဆိုတဲ့ အကြောင်းတရားကတော့ တိတိကျကျပြောမရပါ။ ၁ဝ% ကနေ ၄ဝ% အထိကို ဆေးရုံပို့ပေးရတယ်ဆိုတဲ့ မှတ်တမ်းလည်း ရှိထားပါတယ်။

ဆေးရုံဆိုတိုင်း အစစစိတ်ချရတယ်လို့တော့ အာမမခံနိုင်တာ သိကြပါတယ်။ ဆေးရုံတွေကနေ ကူးစက်ရောဂါတွေ မလိုဘဲ ရလာနိုင်တယ်။ အခုခေတ်မှာ နောက်ထပ်တိုးလာတဲ့ ကူးစက်ရောဂါမဟုတ်ဘဲ တိုးတက်လာနေတဲ့ အလေ့အထ တခုကတော့ ကလေးကို တကယ်တန်း မလိုအပ်ဘဲ ဗိုက်ခွဲမွေးတာဖြစ်ပါတယ်။ မြန်မာပြည်မှာသာ မဟုတ်ပါ။ အနောက်နိုင်ငံတွေမှာလဲ အဲလိုရှိနေတာဖြစ်ပါတယ်။ စာတပုဒ်ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ တောပိုင်းမှာနေကြရတဲ့ လူဦးရေက အများကြီး ပိုများတယ်။ မြို့လို့ အုပ်ချုပ်ရေးစနစ်အရ သတ်မှတ်ပေမဲ့ တောတွေမှာ နေရတာနဲ့ ကွာတာမဟုတ်တာက များပါတယ်။ သုတေသနတော့ သေသေချာချာမသိပါ၊ မြန်မာပြည်မှာ ကလေးမီးဖွါးကြတာဟာ သားဖွါးဆရာမတွေနဲ့ မွေးကြတာက ပိုများမယ်ထင်ပါတယ်။ တောတို့ တောင်ပေါ်တို့ နယ်စပ်တို့မှာ Auxiliary midwife အရံသားဖွါးဆရာမတွေနဲ့ Traditional Birth attendant အရပ်လက်သည်တွေကနေ မွေးပေးရတယ်။ အရပ်လက်သည်တွေကို TBA training မွမ်းမံသင်တန်းတွေ ပေးရတယ်။ ဒါလဲ လုံလောက်သေးတာ မဟုတ်သေးဘူး။

Home birth အိမ်မှာဘဲ မွေးမလား
ANC ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းကို ပုံမှန်လုပ်ထားသူတွေသာ အိမ်မှာမွေးဘို့ ကောင်းမယ်။ ဆီးစစ်တာ၊ ကူးစက်ရောဂါတွေ စစ်တာ လုပ်ထားရမယ်။ ဆီးချို၊ သွေးတိုး၊ ကိုယ်ရောင်တာတွေ ကင်းရှင်းရမယ်။ မေးခိုင်ကာကွယ်ဆေး ATT ၂ ခါထိုးထားပြီး ဖြစ်ရမယ်။ ကိုယ်ဝန် နောက်ပိုင်း (အာလ်ထွာဆောင်း) ရိုက်ထားပြီး ဖြစ်သင့်တယ်။ ကလေးအနေထား ဦးခေါင်းစိုက် ဖြစ်ရမယ်။ အချင်းနေရာ အထက်မှာသာ ရှိရမယ်။ ရေမြွှာရည် မနည်း-မများဖြစ်ရမယ်။

အိမ်မှာတင် ကလေးမွေးချင်ရင် အပြင်အဆင် (ဆက်တင်) တော့ လုပ်ထားဘို့ လိုပါတယ်။ ပြင်ဆင်ထားဘို့ Check list (ချက်-လစ်) ဆိုတာရှိရပါမယ်။
• နေရာတခု၊ အခန်းတခု သတ်မှတ်ထားပါ။ ဖြစ်နိုင်ရင် ကုတင်။ ကုတင်ကိုလည်း ခြေထောက်ကို လိုအပ်ရင် မြှင့်ပေးဘို့ ခုစရာ ဥပမာ အုတ်ခဲ အဆင်သင့်ထားပါ။ ကုတင်ခေါင်းရင်းဟာ ခြေရင်းထက် နည်းနည်း မြင့်နေမှ ရေမြွာရည်၊ ဆေးရည်၊ သွေးတွေ ခေါင်းရင်းဘက်ဆီ မလာစေဘူး။ မွေးပြီးလို့ မဆိုကောင်းစကား သွေးဖိအား ကျရင် ခြေရင်းဘက်က မြှင့်ပေးရမယ်။
• အခင်းစ၊ မိခင်အတွက်တခုနဲ့ ကလေးအတွက်တခုလိုမယ်။ ဖွတ်လျှော်၊ ဖြစ်နိုင်ရင် မီးပူတိုက်ထားတဲ့ (ကော်တွန်) အဝတ်စ ၄-၅ ထည်။ ကလေးအနှီး၊ ကလေး ပတ်ပေးဘို့ အနွေးစ၊ ရေနွေးကျိုစရာ မီး၊ ခွက်၊ အိုး၊ ဇလုံ။
• မီးဖွါးခြင်း ပဌမအဆင့် (ဗိုက်စနာချိန်ကနေ သားအိမ်အဝ လုံးဝပွင့်လာတဲ့အထိ) မှာ အစဦးဆုံး ဝမ်းခြူပေးရလို့ ဝမ်းခြူစရာနည်းတခုခု အဆင်သင့်လုပ်ရမယ်။ တခါသုံး Sodium phosphate, Glycerin (30-50%) ဝမ်းခြူစရာကို ဆေးဆိုင်တွေမှာ ဝယ်လို့ရတယ်။ အစဉ်အလာသုံး ရေနွေးနဲ့ ဆပ်ပြာနည်းလဲ ကောင်းတာပါဘဲ။
• မွေးပေးမဲ့ ဆရာဝန်၊ ဆရာမအတွက် နံပါတ်မှန်တဲ့ Gloves # 6', 6½, 7, 7½ ရာဘာလက်အိပ် တစုံစီ။ Apron ရင်ပတ်အကာစ၊ တခုစီ။
• Urinary catheter ဆီးခြူပိုက်၊ မွေးဖွါးခြင်း ပဌမ နဲ့ ဒုတိယအဆင့်တွေမှာ ဆီးအိမ်ပြားချပ်နေတာကောင်းတယ်။
• Kidney tray ကျောက်ကပ်ပုံခွက် ၁-၂ ခု၊
• Sponge forceps ဂွမ်းလုံးညှပ် ဖေါ့ဆက်ပ်စ် ၃ ခု၊ ၁ ခုကို သန့်ရှင်းရေး၊ ၂ ခုကို ချက်ကြိုးညှပ်။
• Scissors ကပ်ကြေး ၂ မျိုး၊ ဆခုက ချက်ကြိုးဖြတ်ဘို့၊ နောက်တခုက လိုအပ်ရင် မွေးလမ်းအဝချဲ့ဘို့။
• Kochers’ forceps (ကောကားစ် ဖေါ့ဆက်ပ်စ်) လိုအပ်ရင် ရေမြွာအိပ်ဖေါက်ဘို့၊
• မိခင်၊ ကလေး သန့်ရှင်းပေးဘို့ Cotton 2” x 2” ဖြတ်ထားပြီး ဂွမ်းစ၊
• Cotton towel 6” x 6” လက်သုတ်ပုဝါ ၆ လက္မ x ၆ လက္မ၊ ၂ ခု၊ ဖွါးကာနီး မွေးလမ်းနေရာကို ရေနွေးကပ်ဘို့၊
• Cord clamp ချက်ကြိုးညှပ်ကလစ်၊
• Suction machine ချွဲစုတ်စက် (ခြေထောက်သုံး၊ လျှပ်စစ်သုံး)၊ Suction tube ချွဲစုတ်ပိုက်ငယ်၊
• Chlorhexidine tube ချက်ကြိုးထည့်ပိုးသန့်ဆေး၊ ဆေးဆိုင်ကနေ အလွယ်ဝယ်ရတဲ့ ဒီညှစ်ဘူးဆေး သုံးလို့ ကမ္ဘာမှာ တနှစ်ကို ကလေးပေါင်း ၅ သိန်းအသက်ကို ကယ်နိုင်တယ်လို့ ဆိုပါတယ်။
• သားဦးဆိုရင်၊ ဒါမှမဟုတ် မွေးဘူးသူဖြစ်ပေမဲ့ တခါတလေလိုအပ်သူအတွက် ချုပ်ပေးဘို့ ထုံဆေး (Xylocaine/Lidocaine 2%) + ချုပ်အပ် (Triangular suturing curve needle)၊ ချုပ်ကြိုး (Thread/Silk/Nylon/Catgut 2-0, 3-0) + ပိုးသန့်၊ ပိုးသေဆေးရည် (Antiseptic) (Dettol/Methylated Spirit/ Chlorhexidine/Iodine) စတာတွေ ရှိရမယ်။
• IV set-up လိုအပ်ရင် သွင်းပေးဘို့ သွေးပြန်ကြောသွင်း ဆေးပုလင်း + သွင်းပိုက် အဆင်သင့်ထားရမယ်။
• Injection Oxytocin သားအိမ်ညှစ်ဆေး၊

ကလေးက မွေးမွေးချင်း မငိုရင်၊ အသက်မရှူသေးရင် လုပ်ပေးဘို့ Resuscitation equipment အသက်ရှူ-နှလုံးခုန် အထောက်အကူ အစီအမံတွေ ရှိသင့်တယ်။ CPR ခေါ်တဲ့ ရှေးဦးသူနာပြုသင်တန်းမှာ သင်ပေးထားတာမျိုး ဘာကိရိယာမှ မပါဘဲ လက်နဲ့ ပါးစပ်သုံးပြီး လုပ်ပေးနည်း တတ်ထားရမယ်။ မွေးကာစကလေးကို လုပ်ပေးရတာက လူကြီးနဲ့ မတူတာမို့ သင်ယူထားရမယ်။ ဒီနည်းကြောင့် ကျွန်တော့် ဒုက္ခသည် ဆေးခန်းလေးမှာ Blue baby ခေါ်တဲ့ မွေးမွေးချင်း ပြာနှမ်းနေတဲ့ ကလေးတွေတောင် လူ့လောကထဲ ဝင်လာနိုင်တာ မနည်းလှဘူး။ Oxygen (အောက်စီဂျင်) ရှိသင့်တယ်။

Forceps မီးဖွါးခြင်း ဒုတိယအဆင့် ကလေးထွက်လာခြင်းမှာ ဖြစ်သင့်တာထက် ပိုကြာနေရင် ဆွဲမွေးပေးဘို့ ကလေးမွေး ညှပ်ရှိထားရမယ်။ ဒါကိုတော့ ဆရာဝန်တွေကသာ လုပ်သင့်တယ်။

ကလေးက မိခင်ဝမ်းကနေထွက်တာနဲ့ သူ့ကို ချွဲစုတ်ပေး၊ သန့်ရှင်းပေး၊ ချက်ကြိုးဖြတ်ပေး၊ အနှီးရစ်ပတ်ပေးတာတွေ လုပ်ပေးဘို့ စားပွဲ၊ ကုတင် တခုအဆင်သင့်လုပ်ထားရမယ်။ ကလေးမီးဖွါးရတယ်ဆိုတာ အညစ်အကြေးဘဲဆိုပါစို ဆီး-ဝမ်း သာမကဘူး၊ ရေမြွာရည်နဲ့ သွေးထွက်ပါမယ်။ ထွက်တာကလည်း ထွက်စေချင်တဲ့အတိုင်း၊ မျှော်လင့်ထားတဲ့အတိုင်း မဟုတ်တာက များတယ်။ စီးထွက်၊ ပန်းထွက်၊ ဘွမ်းကနည်းထွက်နိုင်တယ်။ ဆေးရည်တွေလဲ သုံးရတာမို့ မွေးဖွါးတဲ့ အခန်းကို မမွေးခင်ရော မွေးပြီးနောက်မှာပါ သန့်ရှင်းရေးလုပ်ပေးဘို့ ကြိုတင်ပြင်ဆင်ထားဘို့ လိုတယ်။ မိခင်လောင်းဟာ ကိုယ်ဝန်စောင့်ရှောက်မှု လုပ်တုံးက စစ်ဆေးဘို့လိုမှာတွေ စုံစေ့အောင်စစ်ထားလို့ ကူးစက်ရောဂါ ဘာမှမရှိရင် တမျိုးဖြစ်မယ်။ တကယ်လို့ အသဲရောင် (ဘီ)၊ (စီ) နဲ့ HIV ရှိနေရင် တမျိုးလုပ်ရမယ်။ STD လိင်ကတဆင့် ကူးစက်ရောဂါ ရှိရင်လဲ တမျိုးစီစဉ်ထားရမယ်။

မွေးပြီးပြီးချင်း ထိုး-တိုက်ရမဲ့ ကလေးအတွက် ကာကွယ်ဆေးတွေ လက်လှမ်းမီရင် ပိုကောင်းတယ်။ BCG ဆိုတဲ့ တီဘီ ကာကွယ်ဆေးကို မြန်မြန်ထိုးပေးနိုင်လေ ကောင်းလေဖြစ်တယ်။ ကလေးကို မျက်စဉ်းချက်ချင်း ခပ်ပေးနိုင်ရင် ကောင်းတယ်။ မိခင်ဟာ ကလေးဖွါးပြီးတာနဲ့ သာအိမ်က ပြန်ငယ်လာတဲ့ဖြစ်စဉ်ကြောင့် နာတာကို ခံစားရမှာမို့ အနာသက်သာဆေး ချက်ချင်း ပေးရနိုင်တယ်။ ချုပ်ရတာရှိရင် ပဋိဇီဝပိုးသေဆေးကို ပုံမှန်တော့ လေ့လာမှုတွေအရ ပေးစရာ လို-မလို တိတိကျကျ မပြောနိုင်ပေမဲ့ အိမ်မှာမွေးသူဆိုရင် ပေးတာက ပိုကောင်းပါမယ်။ ကလေးအမေကို မွေးဖွါးခြင်း တတိယ (အချင်းချခြင်း) အဆင့်မှာ Oxytocin injection သားအိမ်ညှစ်ဆေးထိုးပေးဘို့လဲ လိုမယ်။ PPH မွေးဖွါးပြီး သွေးသွန်တာကို ကာကွယ်စေမယ်။

1. Respect women's choice to have home မိမိနေအိမ်တင် ကလေးဖွါးလိုတဲ့ အမျိုးသမီးဆန္ဒကို လေးစားသင့် birth: doctors http://news.yahoo.com/respect-womens-choice-home-birth-doctors-040913138.html
2. LSCS in UK (ယူကေ) မှာ ဗိုက်ခွဲမွေးတာ http://dts-medicaleducation-adult.blogspot.in/2012/07/lscs-in-uk.html
3. Chlorhexidine for umbilical cord care: game-changer for newborn survival? http://www.ghspjournal.org/content/1/1/5.full

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၃

အသဲရောင် (ဘီ) ချွေးကနေ ကူးနိုင်သည်

$
0
0
ချွေး နဲ့ မျက်ရည်ကနေ HIV ကိုမကူးစေပါ၊ ဒါပေမဲ့ အသဲရောင် (ဘီ) ကူးစက်နိုင်တယ် ဆိုတဲ့ ကျန်းမာရေးသတင်းတပုဒ် ၂ဝဝ၇ ခုနှစ်က ထွက်ပါတယ်။ Hepatitis B အသဲရောင် (ဘီ) ပိုးဟာ ချွေးကနေလည်း ကူးစက်နိုင်တယ်လို့ ပါတယ်။ Contact sports အာကစား လုပ်သူတွေအချင်းချင်း ချွေးကနေကူးနိုင်တယ်လို့ ဓါတ်ပုံနဲ့ ဖေါ်ပြထားပါတယ်။ သုတေသနလုပ်သူတွေက အိုလန်ပစ် နပမ်းသမား (ယောက်ျား အသက် ၁၈-၃ဝ) ၇ဝ ကို စမ်းခဲ့တာပါ။

HIV ကတော့ "မကူးစက်နိုင်တဲ့နည်းလမ်းတွေ" ထဲမှာ ချွေးကိုလည်း ထည့်ထားတာ သတိပြုသင့်ပါတယ်။
• Touching or Hugging ထိကိုင်၊ ပွေ့ဖက်ခြင်း၊
• Utensils, Towels, Bedding မီးဖိုချောင်သုံးပစ္စည်းတွေ၊ မျက်နှာသုတ်ပုဝါ၊ အိပ်ယာခင်း တွဲသုံးတာ၊
• Sweat or Tears ချွေး နဲ့ မျက်ရည်၊
• Swimming pools, Saunas, Hot tubs, Toilets ရေကူးကန်၊ ရေနွေး၊ အပူငွေ့၊ အိမ်သာ အတူသုံးတာ၊
• Coughs or Sneezes ချောင်းဆိုး၊ နှာချေ။

Hepatitis B virus အသဲရောင် (ဘီ) ဗိုင်းရပ်စ်ဟာ သွေး နဲ့ သွေးပါနေနိုင်တဲ့ ကိုယ်ခန္ဓာအရည်ကနေတဆင့် ကူးစက်နိုင်တယ်။ နည်းလမ်းတွေကတော့
(၁) Sexual contact လိင်ကတဆင့်၊
(၂) Blood transfusions and transfusion with other human blood products သွေးနဲ့ သွေးထဲကတခုခုကို လှူခြင်း နဲ့ သွင်းခြင်း၊
(၃) Re-use of contaminated needles and syringes ဆေးထိုးအပ်နဲ့ ဆေးထိုးပိုက် ပြန်အသုံးပြုခြင်း၊
(၄) Vertical transmission from mother to child ကလေးမီးဖွါးနေစဉ် မိခင်ကနေ ကလေးကိုကူးခြင်းတို့ဖြစ်တယ်။

မိခင်လောင်းဟာ HBsAg အပေါင်း ဖြစ်နေပြီး ဘာမှ မလုပ်ဘဲ (ဆေးမကုဘဲ) နေရင် သူကနေ မွေးလာမဲ့ကလေးကို မွေးနေတုံးကူးနိုင်တဲ့ အခွင့်အလမ်း ၂ဝ% ရှိတယ်။ မိခင်လောင်းဟာ HBeAg အပေါင်းပြနေသူဆိုရင် သူကနေမွေးလာမဲ့ကလေးကို မွေးနေတုံး ကူးနိုင်တဲ့ အခွင့်အလမ်း ၉ဝ% ရှိတယ်။

နောက်ပြီး အတူနေမိသားစုအတွင်းမှာ အရေပြားနဲ့ အရေပြားနုတွေမှာ မြင်ရတာ ဖြစ်ဖြစ် မမြင်ရတာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာ အနာအဆာ ရှိတာကနေတဆင့် ကူးစက်နိုင်သေးတယ်။ HBV ပိုးပါနေတဲ့ တံတွေး-သွားရည်ကနေလဲ အဲလိုရှိနေသူကို ကူးလာနိုင်တယ်။

ဒါပေမဲ့ Hepatitis B တွေနေတဲ့ လူကြီးတွေရဲ့ ၃ဝ% မှာ ဘယ်နည်းလမ်းကနေ ကူးလာခဲ့သလဲဆိုတာ မေးမြန်းစစ်ဆေးလို့ မရတာတွေ့ရတယ်။ (ဘီ) ပိုးကာကွယ်ဆေး စနစ်တကျ ထိုးတားရင် ပိုးရှိသူမိခင်ကနေ နို့တိုက်လို့ကူးတယ်ဆိုတာ မတွေ့ရသေးပါ။

Sweat Can Transmit Viral Infections http://news.softpedia.com/news/Sweat-Can-Transmit-Viral-Infections-48302.shtml?fb_action_ids=304402569689733&fb_action_types=og.likes&fb_source=aggregation&fb_aggregation_id=288381481237582

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၃

HIV/AIDS and Natural Environment ပါတ်ဝန်းကျင်ကနေ HIV ကူးသလား

$
0
0
Mon, May 6, 2013 at 2:22 PM
HIV ရှိတဲ့သူသုံးထားတဲ့ သွေးပေချင်လည်း ပေဘူးထားမဲ့ အရာတွေကို နောက်လူက ကိုင်ရင်ကူးလားဆရာ။ HIV ပိုးရှိတဲ့သူ သုံးနေကျဓါးကို သုံးမိပါတယ်၊ လက်လည်းရှသွားပြီးတော့ သွေးလည်းထွက်ပါတယ်၊ ကူးနိုင်လားဆရာ။ သူရှဘူးလားတော့ မသိပါဘူးဆရာ။ HIV ပိုးက လေထဲမှာ ကြာကြာအသက်မရှင်ဘူးဆိုဆရာ။

How Long Can HIV Live Outside the Body? ကိုယ်ခန္ဓာအပြင်ဘက်မှာ HIV ဗိုင်းရပ်စ်ဟာ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ Transmission ကူးစက်နည်းလမ်း
ပိုးရှိနေသူရဲ့ Blood သွေး၊ Semen ယောက်ျားသုက်ရည်၊ Vaginal fluid မိန်းမဗဂျိုင်းနားအရည်၊ Breast milk နို့ရည်၊ Saliva တံတွေး၊ သွားရည်၊ Tears မျက်ရည် (ရှားရှားပါးပါး) တွေထဲမှာ ပိုးပါနေနိုင်တယ်။ ဒီအရည်အမျိုးမျိုးဟာ အဖက်လူရဲ့ ကိုယ်ခန္ဓာအရည်တမျိုးမျိုး (အထူးသဖြင့် သွေး) နဲ့ ထိစပ်မှုဖြစ်မှသာ ကူးစက်တယ်။

Viral Reproduction ဗိုင်းရပ်စ် မျိုးပွါးခြင်း
HIV ပိုးဟာ သက်ရှိလူရဲ့ ကိုယ်ခန္ဓာထဲမှာသာ မျိုးပွါးခြင်းဖြစ်နိုင်တယ်။ ကိုယ်ခန္ဓာအပြင်ရောက်သွားရင် မျိုးပွါးနိုင်စွမ်း နဲ့ ကူးစက်နိုင်စွမ်းဟာ မိနစ် အနည်းငယ်သာရှိတယ်။

Survival Factors အသက်ရှင်နိုင်စွမ်းကိုသက်ရောက်စေတဲ့ အကြောင်းအချက်တွေ
အပြင်မှာ ဘယ်လောက်ကြာကြာ ရှင်မလဲဆိုတာ ပိုးရောက်နေတဲ့နေရာရဲ့ အပူချိန် နဲ့ အောက်စီဂျင် အပေါ်မှာ မူတည်တယ်။ ပိုးအရေအတွက် အနည်း-အများပေါ်လဲ မူတည်သေးတယ်။ ဓါတ်ခွဲခန်းမှာ စမ်းသပ်တဲ့အခါ ၁၅ ရက်ထက် ပိုပြီး မရှင်ကြတာတွေ့ရတယ်။ ဒီလိုစမ်းသပ်တာဟာ ပိုးတွေကို လူ့ကိုယ်ထဲကအခြေအနေမျိုးတွေနဲ့ အတိအကျရှိအောင် စီမံထာတာ ဖြစ်တယ်။ တကယ်တန်း ကိုယ်ခန္ဓာအပြင်ဘက်မှာ အဲလိုအခြေအနေမျိုးဆိုတာ ဘယ်နေရာမှာ မရှိပါ။ ဒါကြောင့် ၁၅ ရက်အထိ လုံးဝ မရှင်နိုင်ကြပါ။

Needles ဆေးထိုးအပ်
ဆေးထိုးပိုက်နဲ့ ဆေးထိုးအပ်တွေထဲမှာ ကြာကြာနေနိုင်ကြတယ်။ ရက်အနည်းငယ်လို့ ပြောနိုင်တယ်။ သွေးက ချက်ချင်း ခြောက်သွေ့သွားတာ မဟုတ်လို့ဖြစ်တယ်။

Environmental Contraction ပတ်ဝန်းကျင်အခြေအနေ
ဓါတ်ခွဲခန်းထဲမှာ ပိုးတွေချည်းသပ်သပ်ထားတယ်။ ပါတ်ဝန်းကျင်သဘာဝအခြေအနေမှာ ဒီလိုထားတာတွေက ၉ဝ-၉၉% ဟာ နာရီများစွာကြာရင် ခြောက်သွားတယ်။ ဒါကြောင့် လူ့ကိုယ်အပြင်ဘက် ပါတ်ဝန်းကျင်ကနေ ကူးစက်တယ်ဆိုတာ သုည လို့ပြောနိုင်တယ်။ ပိုးတွေဟာ ရိုးရိုး ရေနဲ့ ဆပ်ပြာသုံးဆေးကြောတာ၊ အရက်ပြန်နဲ့သုတ်တာနဲ့ သေကုန်တယ်။

Misconceptions အယူအဆမှားများ
HIV ပိုးဟာ tears မျက်ရည်၊ saliva သွားရည်-တံတွေး၊ sweat ချွေး၊ urine ဆီး၊ feces ဝမ်း နဲ့ vomit အန်ဖတ်တွေကနေ (သွေးပါမနေရင်) မကူးပါ။

Considerations သိထားပါ
HIV ပိုးဟာ အနာ-အဆာ၊ ထိခိုက်ဒဏ်ရာ၊ ကုပ်ခြစ်တာ မရှိတဲ့ အရေပြားအကောင်းထဲကို ဖေါက်ပြီးဝင်မလာနိုင်ပါ။

ဒေါက်တာတင့်ဆွေ
၆-၅-၂ဝ၁၃

Diet for breastfeeding mother နို့တိုက်မိခင် ဘာစားချင်လဲ

$
0
0
“မိခင်များနေ့” အမီ မေးခွန်းရှိလို့ ဒီစာလေးရေးပါတယ်။ မိခင်နို့တလုံးဘိုးကျေကြပြီလား ဆန်းစစ်ကြရအောင်ဗျား။

“ကြုံကြိုက်ကြိုး၍၊ ပြည့်ဖြိုးအောင့့်၊ မိခင်နို့ဘိုး၊ အဘကျိုးကို၊ ဖောင်ဖြိုးနားဝယ်ထောင်လော။ ရှို့း့”

• နို့ရည်ဟာ အရေအတွက်ရော အရည်အသွေးပါ ကောင်းဘို့ လိုတယ်။ အစားအသောက်အပေါ်မှာ မူတည်တယ်။
• ကိုယ်ဝန်ဆောင်နေတုံးမှာ စားရမှာတွေသာ ဆက်စားပါလို့ ပြောရင်မမှားပါ။
• နို့တိုက်မိခင် တယောက်ဟာ တနေ့မှာ ၅ဝဝ ကယ်လိုရီ ပိုစားဘို့လိုတယ်။ ဒါကြောင့် အစားပိုစားရမယ်ဆိုတာ အခြေခံဖြစ်တယ်။
• ကလိုရီ တနေ့မှာ ၂၅ဝဝ စားသုံးပါ။ ၃ လကျော်ရင် ၂၈ဝဝ ကလိုရီစားပါ။
• တနေ့ ၄-၅ ထပ်စားနိုင်တယ်။ “ကလိုရီတွက်မနေနဲ့ ဆာရင်စား” ဆိုတဲ့ ဥပဒေသလဲ သုံးနိုင်ပါတယ်။
• ကလေးမိခင်ကနေ တနေ့မှာ နို့ရည် ၂၃ -၂၇ အောင်စ (၆၅၂ - ၇၆၅ ဂရမ်) ထွက်ပါတယ်။
• ကလေးဟာ မိခင်နို့ကနေ တနေ့မှာ ကလိုရီ ၁ဝဝဝ လောက်ရနေသင့်တယ်။
• ချွေးပိုထွက်တာ သတိထားပါ။ ရေပိုသောက်ပါ။ တနေ့မှာ ရေ ၂့၅ လီတာကနေ ၃ လီတာ သောက်ပါ။ ဒိထက်များတာတော့ မသင့်ပါ။ နို့ရည်လိုတာထက် ပိုထွက်နိုင်တယ်။
• အစားအသောက်ထဲမှာ အမယ်စုံရမယ်။ အာဟာရဓါတ် ၇ မျိုး = Carbohydrates (ကာဗွန်ဟိုက်ဒရိတ်)၊ Proteins ပရိုတင်း၊ Fats အဆီ၊ Vitamins ဗီတာမင်များ၊ Minerals ဓါတ်ဆားများ၊ Fiber (ဖိုင်ဗာ)နှင့် ရေ။
• ပရိုတင်း (အသား၊ ဥ၊ ပဲအမျိုးမျိုး) ပိုစားပါ။ တနေ့မှာ ကိုယ်အလေးချိန် ၁ ပေါင်ရှိသူက ၁ ဂရမ် ပုံသေနည်း သုံးနိုင်ပါတယ်။
• ဒီထဲမှာ Calcium ကယ်လ်စီယမ် ၁ ကွာတ (၄ဝ အောင်စ) မှာ ၃၃ဝ မီလီဂရမ်ပါတယ်။ တနေ့မှာ Calcium 1,200 milligrams လိုတယ်။
• ကိုယ်ဝန်ဆောင်ကတည်းက သောက်ခဲ့ရတဲ့ Vitamin B 9 ခေါ်တဲ့ Folic acid ဖေါလစ်အက်စစ် လိုမယ်။
• Zinc သွပ်ဓါတ်လိုမယ်။ တနေ့မှာ 15 to 20 milligrams လိုတယ်။
• Vitamin A မလိုပါ။
• ဆီ-အဆီကိုတော့ ကောင်းတာရွေးသုံးပါ။ Saturated fats နည်းစေပါ။ Trans fats ရှောင်ပါ။
• အမွှေးနံ့သာထည့်တာ သိပ်ဂရုစိုက်စရာ မလိုပါ။ အစပ်စားတာတောင်မှ အလွန်အကျူးရှောင်စရာမလိုပါ။ အရသာတွေ့မှ များများစားနိုင်တယ် မဟုတ်ပါလား။
• Calcium ထဲမှာ Vitamin D ပါတာကပိုကောင်းတယ်။ Vitamin D 600 IU (15 micrograms) (4,000 IU ထက်မပိုစေရပါ။)
• မိခင်နို့တမျိုးထဲကနေ ကလေးအတွက် ဗီတာမင် ဒီ မလုံလောက်ပါ။ American Academy of Pediatrics ကနေ အကြံပြုထားတာကတော့ 400 IU (10 micrograms) ကလေးကို တိုက်ပါလို့ဖြစ်တယ်။
• Docosahexaenoic acid (DHA) = Omega-3 fatty acid ငါးထဲကရတယ်။ American Academy of Pediatrics ကနေ 200 to 300 mg DHA လိုတယ်လို့သတ်မှတ်ပါတယ်။
• တခြားအချိန်တွေမှာလိုဘဲ အစားအသောက်ထဲ ပိုးသတ်ဆေးတွေ၊ ဟော်မုန်းဆေးတွေပါတာကို ရှောင်ပါ။ အော်ဂဲနစ်အစားအသော်တွေ ရွေးစားပါ။
• ကေဖင်း (ကော်ဖီ) လျှော့သောက်ပါ။
• နေမကောင်းလို့ဆေးသောက်တာမှာတော့ ဆရာဝန်ကို အရင်တိုင်ပင်ပါ။ ပိုးသေဆေး၊ ဆာလ်ဖါဆေး၊ ဝမ်းနုတ်ဆေး၊ အိုင်အိုဒင်းပါတဲ့ဆေးတွေက နို့ထဲပါလာနိုင်တယ်။
• အရင်ကဆိုရင် အရက်ဆေးလိပ် မပြောစရာမလိုဘူး။ ခုခေတ်မှာ လူငယ်လူရွယ်တွေ မိန်းကလေးတွေပါ ဘီယာ၊ အရက် “မယဉ်ကျေးမှု” ကို အဟုတ်ထင်နေကြတာ စိတ်မကောင်းပါ။ ကိုယ့်ကလေးချစ်ရင် ဆင်ခြင်ကြပါ။

သိဒတ္ထမင်းသားကိုမွေးပြီး သူ့မိခင်ဟာ ၇ ရက်သာ အသက်ရှင်လို့ မိထွေးတော်ကနေ ဆက်ပြီး နို့ချို တိုက်ကြွေးခဲ့ရတယ်။ မိထွေးတော်ရဲ့ နို့ဖိုးအကြွေးကို မြတ်စွာဘုရားကနေ ဓမ္မနို့ရည်နဲ့ ပြန်ဆပ်ခဲ့လို့ ဂေါတမီ ထေရီမကြီး အကျွတ်တရား ရသွားစေခဲ့တယ်။

• Nutrition Facts အမြစ်-အသဲ ခွဲသိရအောင် http://dts-medicaleducation.blogspot.in/2011/03/nutrition-facts.html
• Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html
• Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး http://dts-medicaleducation.blogspot.com/2011/11/omega-3.html
• Organic Food (အော်ဂဲနစ်) http://dts-medicaleducation.blogspot.com/2010/09/organic-food.html
• Trans fats အညာသားများ ဆီစားကြသည် http://my-sayawun-life.blogspot.in/2010/10/trans-fats.html
• Folic acid ဖေါလစ်-အက်စစ် http://dts-medicaleducation.blogspot.com/2011/11/folic-acid.html
• Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html
• Zinc သွပ်ဓါတ် http://dts-medicaleducation.blogspot.com/2010/12/zinc.html

ဒေါက်တာတင့်ဆွေ
၁၂-၅-၂ဝ၁၃

Child sexual abuse ကလေးသူငယ် လိင်စော်ကားမှု

$
0
0
ကလေးသူငယ် လိင်စော်ကားမှု Child sexual abuse ဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ “အသက်မပြည့်သေးတဲ့ ကလေးကို လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်တာ” ကို ခေါ်ပါတယ်။ တိတိကျကျပြောရရင် “ကျူးလွန်သူကနေ ကလေးငယ်တွေကို လိင်ကျေနပ်မှု ရချင်လို့ နှိုးဆွမှုမှာအသုံးချတာ၊ လွှမ်းမိုးမှု၊ အယောင်ဆောင်မှု၊ အားသုံးမှု၊ ဆွဲဆောင်မှုတွေနဲ့ လိင်ကိစ္စအလို့ငှာ တလွဲအသုံးချတာ ဖြစ်တယ်။ ကလေးငယ်မရဲ့ အသက်ဟာ ဥပဒေအရရော ဇီဝကမ္မအရပါ သဘောတူညီချက် ပေးနိုင်ခြင်း မရှိသေးတဲ့အရွယ်ပါ။

အသက်မပြည့်ဆိုတာ ဘာလဲ
မဲပေးဘို့က ၁၈ နှစ်၊ အရက်ဝယ်ချင်ရင် ၁၈ နှစ် (မြန်မာပြည်မှာ အကန့်အသတ်မရှိ)၊ အရေးပေါ်တာဆေး ဝယ်ချင်ရင် ၁၅ နှစ် (မြန်မာပြည်မှာ အကန့်အသတ်မရှိ)။ သားအိမ်ဝကင်ဆာ ကာကွယ်ဆေးထိုးရမဲ့ အသက် ၉ နှစ်။ လိင်စော်ကားတာ ခံရနိုင်တဲ့အသက် တကမ္ဘာအလုံးမှာ အကန့်အသတ်မရှိ။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) သုတေသနတခုအဆိုအရ အဲလိုအမှုပေါင်း တနှစ် ၃့၆ သန်း တိုင်တန်းတာရှိတယ်။ အသက် ၁၈ နှစ်အောက် ယောက်ျားလေး ၆ ယောက်မှာ ၁ ယောက်နဲ့ မိန်းကလေး ၄ ယောက်မှာ ၁ ယောက် အဲလိုမျိုး တနည်းနည်းနဲ့ စော်ကားခံနေကြရတယ်။ အသက်နဲနဲပိုကြီးလာလေလေ စော်ကားခံရတာ များလေလေ ဖြစ်တယ်။ ဥပမာ ၃ နှစ်အောက်ကလေးတွေက ၁ဝ% ရှိပြီး ၁၂ နှစ်အထက်က ၃၆% ရှိတယ်။ မသန်မစွမ်းဖြစ်နေကြသူ (အမြင်အားနည်း၊ အကြားအားနည်း၊ စိတ်ရောဂါသည်) ဖြစ်ရင် ပိုပြီး ခံရတဲ့နှုန်း မြင့်တယ်။

နမ်းခြင်း၊ မဖွယ်မရာ ကိုယ်ခန္ဓာနေရာ (လိင်အင်္ဂါ၊ နို့ နဲ့ တင်ပါး) တွေမှာ ထိကိုင်ခြင်း၊ အာသာဖြေခြင်း၊ ပါးစပ်-လိင်အင်္ဂါတွေ ထိစပ်ခြင်း၊ လိင်အင်္ဂါနဲ့ လက်ချောင်းထိုးသွင်းခြင်း၊ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကြည့်စေခြင်း၊ အဝတ်အစား ဖေါ်ချွတ်စေခြင်း၊ နှုတ်အားဖြင့် လိင်စိတ်ဆိုင်ရာ စကားတွေပြောဆိုခြင်း၊ အခကြေးငွေယူတဲ့ လိင်လုပ်ငန်းမှာ အသုံးချခြင်း စတာတွေပါတယ်။ ထိတွေ့မှုမပါဘဲနဲ့လဲ ဖြစ်နိုင်တယ်။ ဥပမာ ကလေးသူငယ် ညစ်ညမ်းဗီဒီယိုလုပ်ငန်း။

အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယား၊ ကျောင်းစိတ်ပညာရှင်များအသင်းရဲ့ ၂ဝ၁၁ ထုတ် လက်စွဲစာအုပ်ထဲမှာ အမျိုးအစား ၁ဝ မျိုးပါတယ်။
၁။ Rape အဓမ္မကျင့်ခြင်း (မုဒိန်း)
၂။ Sexual assault လိင်စော်ကားခြင်း၊
၃။ Involuntary deviate sexual intercourse သဘောမတူ ပြုကျင့်ခြင်း၊
၎။ Aggravated indecent assault မဖွယ်မရာပြုခြင်း၊
၅။ Molestation စော်ကားခြင်း၊
၆။ Incest အမျိုးခြင်းပေါင်းသင်းခြင်း၊
၇။ Indecent exposure မဖေါ်အပ်သည်ကို ချွတ်ဖေါ်ခြင်း၊
၈။ Prostitution ပြည့်တန်ဆာလုပ်ခြင်း၊
၉။ Sexual abuse လိင်တလွဲသုံးခြင်း
၁ဝ။ Sexual exploitation လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း

တလွဲအသုံးချခံရသူတွေဟာ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေပါဖြစ်တယ်။ အဖြောင့်သမား (ယောက်ျား+မိန်းမ) တွေကရော ဂေး (လိင်တူ) တွေကပါလုပ်တယ်။ ၂ဝဝ၉ ခုနှစ်က နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆန်းစစ်မှုလုပ်တော့ ဒီလိုတွေ တွေ့ရှိခဲ့တယ်။
(က) ကျူးလွန်ခံရသူတွေ
• မိန်းကလေး = ၁၉့၇%
• ယောက်ျားလေး = ၇့၉% (ခ) နေရာဒေသတွေ
• အာဖရိက = ၃၄့၎%၊
• အာရှ = ၂၃့၉%၊
• အမေရိက = ၁ဝ့၁%
• ဥရောပ = ၉့၂%၊ (ဂ) ကျူးလွန်သူတွေ
• ၆ဝ% အသိမိတ်ဆွေတွေ (အိမ်နီးချင်း၊ ကလေးထိန်း၊ ဆရာသမား၊ ကိုးကွယ်ထားသူတွေ)၊
• ၃ဝ% အမျိုးတော်သူတွေ၊
• ၁ဝ% တစိမ်းတရံတွေ၊
• ၁၄-၄ဝ% အရွယ်ရောက် အမျိုးသမီးတွေ၊
• ၆% အရွယ်မရောက်သေး မိန်းကလေးတွေ။

ကျူးလွန်သူတွေရဲ့ နောက်ကြောင်းကိုလိုက်ရင် သူတို့ဟာ အရင်ကလဲ အဲလိုလုပ်ဘူးသူတွေဖြစ်တတ်တယ်။ ၁၇-၁၂-၁၂ နေ့မှာ လူ ၂ ဦးကနေ အရွယ်မရောက်မိန်းကလေးတွေကို စော်ကားတယ်ဆိုတဲ့သတင်း ဘီဘီစီမှာ ပါခဲ့တယ်။ (ပေါလ် သောမတ်စ်) အသက် ၅ဝ ကနေ အမှုပေါင်း ၂၅ ခုနဲ့ အသက် ၄ဝ ရှိ (ဂျယ်ရီ လီ) မှာ အမှုပေါင်း ၃ မှုကို ၁၄ နှစ်အတွင်းမှာ ကျူးလွန်ခဲ့ကြတာဖြစ်တယ်။ ကျူးလွန်းသူတွေဟာ အရက် ဒါမှမဟုတ် မူးယစ်ဆေး သုံးစွဲသူတွေဖြစ်တတ်တယ်။ သူတို့ဟာ အသက်ပြည့်သူတွေနဲ့ဆိုရင် လိင်ကျေနပ်မှုအရနည်းသူ၊ စိတ်လှုတ်ရှားမှုကို မထိန်းနိုင်သူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတွေ ဖြစ်တာတွေ့ရတယ်။

စော်ကားခံထားရသူတွေ ဘယ်လိုနေမလဲ
• ၄ဝ% မှာ လက္ခဏာမပြပါ။ မပြဘူးဆိုတာ အကောင်းပကတိတော့ မဟုတ်ပါ။
• ခံစားရမှာတွေက ရေတိုနဲ့ ရေရှည် ကျန်းမာရေးထိခိုက်တာတွေဖြစ်တယ်။ စိတ်ကျန်းမာရေး၊ စိတ်လှုတ်ရှားမှု ရုပ်ပိုင်းနဲ့ လူမှုရေးပိုင်းတွေမှာ အနုတ်သဘောတွေ အနည်းနဲ့ အများ သက်ရောက်တာ ခံကြရတယ်။
• စိတ်ဓါတ်ကျခြင်း၊ အပြစ်ရှိနေတယ်လို့ ခံစားနေရခြင်း၊ ကြောက်စိတ်ဝင်နေခြင်း၊ ဒဏ်ခံရပြီးနောက် စိတ်ဖိအား များနေခြင်း၊ သီးခြားနေလိုစိတ်နဲ့ စိုးရိမ်စိတ်ကဲနေခြင်း၊ အစားအသောက်မှာ ပြဿနာရှိခြင်း၊ ကိုယ့်ကိုယ်ကို အထင်သေးခြင်း၊ စတာတွေဖြစ်နေနိုင်တယ်။
• အမူအယာပြဿနာတွေလဲ ရနေနိုင်တယ်။ ကျောင်းမှာ စာသင်ရတာ စိတ်ဝင်စားမှုနည်းလာတာ၊ မူးယစ်ဆေးဝါး လိုက်စားချင်လာတာ၊ ဖျက်လိုဖျက်ဆီး လုပ်ချင်စိတ်ပေါက်တာ၊ ရာဇဝတ်မှုကျူးလွန်ချင်လာတာ၊ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဝင်လာတာတွေ။
• လိင်ကိစ္စမှာ ပေါ့ပေါ့တွက်ရာကနေ စိတ်ချရတဲ့ လိင်ဆက်ဆံရေးကို လိုက်နာတာနည်းလို့ လိင်ကတဆင့် ကူးစက်ရောဂါတွေ ပိုရကြတယ်။ မီးကောင်ပေါက်အရွယ်မှာ မလိုချင်တဲ့ ကိုယ်ဝန်ရတာ ၂၅% ရှိတယ်။
• ၂ဝ၁ဝ ခုနှစ်တုံးက ကလေးပေါင်း ၁၅၃၇ ယောက်ဟာ ဒီလိုခံရတာတွေနဲ့ ဆက်စပ်ပြီး သေဆုံးခဲ့ကြရတယ်။
• တကြိမ်တခါ မဖွယ်မရာအပြုခံရဘူးသူတွေဟာ တနည်းနည်းနဲ့ ထပ်စော်ကားခံရတာတွေလဲ တွေ့ရတယ်။

အွန်လိုင်း မယဉ်ကျေးမှု သတိပြု
အမေရိကားမှာ အသက် ၂၁ နှစ်သား (ဒီဗွန် ကင်န်) ကနေ ၁၃ နှစ်သမီးလေးကို ဖေ့စ်ဘွတ်မှာတွေ့ပြီး ဆက်ဆံတဲ့အထိ ဖြစ်ခဲ့တယ်။ အမှန်က မိန်းကလေးကိုယ်တိုင်က ၁၈ နှစ်ပြည့်ပြီလို ညာခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်မှာက ဖေ့စ်ဘွတ်ကို သုံးကြတာများတယ်။ နာမည်ရင်းမဟုတ်သူကများပြီး About မှာ လိမ်ညာထားသူတွေလဲ မနည်းဘူး။ သတိပေးချင်တာက သားကောင်လဲဖြစ်နိုင်ပြီး ရာဇဝတ်သားလဲ ဖြစ်နိုင်တယ်။

၂ဝ၁၁ မတ်လထဲမှာ ဥရောပရဲအဖွဲ့ Europol ယူရိုပိုလ် ကနေ အဖွဲ့ဝင်ပေါင်းက ၆၇ဝ ရှိတဲ့ အွန်လိုင်းရာဇဝတ်မှုဂိုဏ်း Paedophile ring ဆိုတာကိုဖြိုခွဲပြီး ကလေးပေါင်း ၂၃ဝ ကိုကယ်ခဲ့ရတယ်။ Pedophilia ဆိုတာ စိတ်ရောဂါတမျိုးသာ ဖြစ်တယ်။ ၁၆ နှစ်သားလေးတွေကနေ အသက် ၁၁ နှစ်အရွယ် အပျိုဘော်မဝင်သေးတဲ့ မိန်းကလေးတွေအပေါ်မှာ အထူးစိတ်ဝင်စားတာကိုခေါ်ပါတယ်။

ဘာသာရေး
မြန်မာပြည်မှာ ဘာသာရေးမုန်းတီးမှုတွေ ဖြစ်နေသေးချိန်မှာ ရေးတော့မရေးချင်ပါ။ ဒါပေမဲ့ သတိထားစရာ စုံစေ့ချင်လို့ ထည့်ပါရစေ။ ၆-၁၁-၂ဝ၁၂ နေ့သတင်းတခုထဲမှာ ဗြိတိန်မှာ မွတ်ဆလင်တွေကနေ စောင့်ရှောက်ရေး ဂေဟာတွေမှာ အရွယ်မရောက်သေးတဲ့၊ ခုခံမှုလည်း အားနည်းနေတဲ့ မိန်းကလေးတွေကို အုပ်စုလိုက် အဓမ္မကျင့်ကြတယ်လို့ ပါခဲ့တယ်။ သတင်းကိုတင်တဲ့အခါ ရှေးခေတ် အော်တိုမန် တာ့ခ်တွေကနေ ဆားဗီးယန်း အော်သိုဒေါက်စ် ဘရားကျောင်းထဲမယ် ခရစ်ယန်အမျိုးသမီးတွေကို အုပ်စုလိုက် အဓမ္မဆက်ဆံမှုပြုနေကြတဲ့ ပန်းချီကားနဲ့ တွဲထားပါတယ်။ လန်ကရှိုင်းယား နဲ့ လီဗာပူးမှာ ဖြစ်ခဲ့တာကတော့ ဘာသာသူတူ မွတ်ဆလင် မိန်းကလေးငယ်တွေဖြစ်ပါတယ်။

အခုရဟန်းမင်းကြီးရဲ့အရင် (ပုတ်ပ်) လက်ထက်မှာ လိင်နဲ့ဆိုင်တဲ့သတင်းတွေ အများကြီးထွက်ခဲ့ပါတယ်။ တခြား ဘာသာတွေမှ မဟုတ်ပါ။ သင်္ကန်းဝတ်နဲ့ မတော်တရော်ပုံတွေ၊ ဗီယိုတွေ တွေ့နေကြတယ်မဟုတ်ပါလား။ ဘာသာရေးသာ မဟုတ်သေးပြန်ပါ။ ပျောက်စေဆရာ၊ ဗေဒင်ဆရာတွေလဲ ပါတာဘဲ မဟုတ်ပါလား။

ဘယ်လိုတာကွယ်မလဲ
• အသိတွေ၊ မိတ်ဆွေ (ဖေ့စ်ဘွတ် ဖရင်းတွေလဲပါတယ်)၊ အိမ်နီးချင်းတွေကို ကြပ်ကြပ် သတိထားပါ။
• တစိမ်းတရံမှန်ရင် စကားတောင်သွားမပြောနဲ့ ဥပဒေသ ဒီနေရာမှာ သိပ်အသုံးမကျပါ။
• အမျိုးတော်တာဘဲ ပွေ့ဖက်နမ်းရှုံ့တာ ကိစ္စမရှိပါ မလုပ်ပါနဲ့။
• မမြင်ကွယ်ရာမှာ အမျိုးတော်တော်၊ အသိဖြစ်ဖြစ် ဘယ်သူနဲ့ထားခဲ့ရပါစေ၊ စိတ်မချပါနဲ့။
• အများကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်ဘဲဆိုပြီး ကိုယ့်ကလေးကို လွှတ်ထားမပေးပါနဲ့။
• ကိုယ့်ကလေးနဲ့ကိုယ် ဆက်သွယ်ရေး ကောင်းကောင်းထူထောင်ပါ။ မေးတာကို အားပေးပါ။ ဖြေရာမှာ အားမနည်းပါနဲ့။
• မမှန်ဘူးထင်တာကို ပြန်ပြောဘို့၊ တိုင်တန်းဘို့ အားပေးပါ။ တရားဥပဒေက ခွင့်ပြုတာလဲ သင်ပေးပါ။
• ကိုယ့်ကလေးကိုယ် လိင်ကျန်မာရေး အခြေခံလောက်သင်ထားပေးပါ။ လိုအပ်ရင် ဆရာဝန်အကူအညီယူပါ။

ကလေးတွေကို လိင်မှုဆိုင်ရာ မဖွယ်မရာသတင်းတွေ (ဂူဂယ်လ်) မှာ ရိုက်ရှာရင် တသီတတန်းကြီး တွေ့ပါလိမ့်မယ်။ ဗာတီကန်စီတီး၊ ပင်တာဂွန်၊ ဟောလိဝုဒ်၊ နာမည်ကြီး ထိပ်သီးတွေပါနေတယ်။ သူများတွေဆီမှာ အဲလောက်တောင် ဖြစ်နေသလား၊ မကဲ့ရဲ့ပါနဲ့။ ကိုယ့်ဆီမှာ ဂူဂယ် ရှာဖွေအင်ဂျင်က ဝင်မရလို့သာ လူမမယ် မြန်မာကလေးတွေ ဘယ်လောက်ထိ စော်ကားမှုခံနေရသလဲ မသိနိုင်တာသာ ဖြစ်ပါမယ်။ ပြုပြင်စရာတွေ သိန်းခြောက်သောင်းထဲမှာ ဒီအကြောင်းလဲ ထည့်ကြပါခင်ဗျား။ “အရွယ်ငယ်သေး မိန်းကလေး စော်ကားခံရမှုဘေးက ဝေးကြပါစေ။”

ဒေါက်တာတင့်ဆွေ
၁၆-၅-၂ဝ၁၃
Viewing all 323 articles
Browse latest View live